Sunday, November 17, 2019

Targeted: Chapter 3: Power in Nigeria

ကျွန်တော် Targeted စာအုပ်ကို ဘာသာပြန်လာတာ အခန်း ၃ ခု အထိ ရှိပါပြီ။ ဒီအခန်း မှာတော့ Brittney Kaiser နဲ့ Alexandra Nix တို့ ပေါင်းပြီး နိုင်ဂျီးရီးယား နိုင်ငံ ရွေးကောက်ပွဲ အတွက် ရွေးကောက်ပွဲ အတိုင်ပင်ခံ ပေရာဂျက် ဘယ်လို ရယူနိုင်ခဲ့တယ် ဆိုတာ အသေးစိတ် ရေးပြထားပါတယ်။ ဒီ စာအုပ်က ဝတ္ထု ဇတ်လမ်း မဟုတ်ဘဲ တကယ့်အဖြစ် အပျက် တွေဖြစ်လို့ ဖတ်ရှုသူများ အနေနဲ့ မိမိ ရဲ့  social media ကိုယ်ရေး ကိုယ်တာ ဆိုင်ရာ အချက်အလက် တွေရဲ့ တန်ဖိုး၊ ဘယ်လို ကာကွယ်ရမယ် ဆိုတဲ့ အသိ၊ မိမိ တို့ မြန်မာ နိုင်ငံ အနေနဲ့ လဲ တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ facebook ကို အုံးအုံးကျွကျွ အသုံးပြုကြတဲ့ အပေါ်မှာ နိုင်ငံရေး သမားတွေရဲ့ မိမိတို့ အချက်အလက် ပေါ်ကနေ အမြတ်ထုတ် တဲ့ အကြောင်း အသိ တစ်ခု ရရှိရင် ဘာသာပြန်ရကျိုး နပ်တယ် လို့ မှတ်ယူမိပါတယ်။ လာမယ့် ရွေးကောက်ပွဲ ရဲ့ မဲဆွယ် ကမ်ပိန်း ကို ဦးဆောင်မယ့် သူများ လဲ ဒီ စာအုပ်ကို ဖတ်ရှူခြင်းဖြင့် မိမိတို့ ကိုယ်စားလှယ် အောင်နိုင်ရေး အတွက် ထိရောက် မယ့် နည်းလမ်း တွေ ရှာဖွေ ကြံဆ နိုင်မယ် ယုံကြည်ပါတယ်။

Targeted: Chapter 3 : Power in Nigeria
SCL မှာ အချိန် ပြည့် ဝန်ထမ်း ၁၀ ယောက် ကနေ ၁၅ ယောက် ရှိပါတယ်။ အဲဒီထဲမှာ အဂ်လိပ်၊ ကနေဒါ၊ သြစတေးလျ၊ လစ်သူယေးနီးယား က ၃ ယောက်၊ အစ္စရေး က ၁ ယောက် တို့ ပါဝင်ပါတယ်။ အားလုံးက ကျွန်မ နဲ့ ရွယ်တူ၊ ကြီးမယ် ဆိုလဲ နည်းနည်းပဲ ကြီးတဲ့သူတွေပါ၊ သူတို့ အားလုံးလိုလို မဟာဘွဲ့နဲ့ ပါရဂူ ဘွဲ့ ရထားသူ တွေ ချည်းပါပဲ။ အားလုံး လိုလို profit- non profit အဖွဲ့အစည်း တွေ ၊ ဘဏ်လုပ်ငန်း၊ နည်းပညာ ကုမ္ပဏီ ၊ ရေနံ ကုမ္ပဏီ တွေနဲ့ အာဖရိက ရဲ့ လူသားချင်း စာနာမှုဆိုင်ရာ ပရောဂျက် တွေမှာ အလုပ်အတွေ့အကြုံ ရှိခဲ့ကြသူတွေပါ။
သူတို့ အားလုံး SCL မှာ ရောက်နေကြတာ ဆီလီကွန် တောင်ကြားရဲ့ လုပ်ငန်း အသစ် တစ်ခု မှာ လုပ်ရတဲ့ ခံစားမှု မျိုးကို ဥရောပ ရဲ့ ဘယ်မှာမှ မရနိုင်တဲ့ နေရာ မှ ရနေကြလို့ဖြစ်ပါတယ်။ သူတို့ အားလုံး အရမ်း အလုပ်လုပ် ကြပြီးသူတို့ အချိန် တွေရဲ့ ၂၀၀% လောက်ကို အလုပ်အတွက် ပေးဆပ်ထားသူတွေပါ။ သူတို့ထဲက တချို့ တွေက အမေရိကန် ရဲ့ ရွေးကောက်ပွဲ တွေ အတွက် အလုပ်လုပ်ပေးဖူးပြီး လန်ဒန် ရုံးကို ပြန်လာတဲ့ အချိန် သူရဲကောင်းတွေလို ကြိုဆို ခံရသူတွေ ပါ။
ကျွန်မ ရဲ့ လုပ်ဖော် ကိုင်ဖက် တစ်ယောက်ချင်းစီ ဟာ သူတို့ရဲ့ ဘယ်သူနဲ့မှ မတူညီ တဲ့ စွမ်းရည် တွေကို အသုံးပြုပြီး SCL အတွက် အလုပ်လုပ်ပေးနေကြပါတယ်။
ကျွန်မ အင်တာဗျူးမှာ တွေ့ဖူးတဲ့ Karen ဆိုရင် နိုင်ငံရေး ပါတီ အမှတ်တဆိပ် နဲ့ ကမ္ဘာလုံးဆိုင်ရာ သတင်းအချက်အလက် ပေးပို့ရေး ဗျူဟာ ကိုတာဝန်ယူ ထားတဲ့ communication director ဖြစ်ပါတယ်။ သူရခဲ့တဲ့ ကြော်ငြာနဲ့ ပတ်သတ် တဲ့ ဆုတွေက တကယ်ကို အထင်ကြီးစရာ ကောင်းပါတယ်။ သူ ပြုလုပ်တဲ့ ကြော်ငြာတွေကလဲ ဘာနဲ့မှ မတူဘဲ ကျွန်မ အတွက်တော့ ပထမ ဆုံးမြင်ဖူးတဲ့ အသစ် တွေပါ။ Karen က Nix ပြီးရင် ကုမ္ပဏီ မှာ သက်တမ်း အကြာဆုံး ဝန်ထမ်းပါ။ ကျွန်မ ကိုသူရေးထားတဲ့ နိုင်ငံရေး ပါတီ တွေရဲ့ ရွေးကောက်ပွဲ ကြေငြာ  စာတမ်း တွေကို ပြပါတယ်။
ကနေဒါ နိုင်ငံသား Perry ဆိုရင် SCL မှာ သိပ်မကြာသေးပေမယ့် နိုင်ငံတော်တော် များများရဲ့ ရွေးကောက်ပွဲ တွေ အတွက် data စုဆောင်းတာ၊ နိုင်ငံသားတွေကို စုစည်းတာ၊ focus group တွေကို ဖွဲ့စည်းပေးတာ အစရှိတဲ့ အတွေ့အကြုံတွေ ရှိနေပါပြီ။  မကြာသေးခင် ကပဲ သူ ဂါနာ နိုင်ငံ ရဲ့ အရမ်းကို ကြီးမားတဲ့ လူထု ကျန်းမာ ရေး ပရောဂျက် တစ်ခုကို သူဦးဆောင် ခဲ့ပါသေးတယ်။ Perry က ကျွန်မ ကို အမေရိက နဲ့ တခြားနိုင်ငံ တွေရဲ့ ကမ်ပိန်း တွေမှာ မတူညီတာကို ပြောပြပါတယ်။ ဖွံဖြိုးဆဲ နိုင်ငံ တွေမှာ ဆို အခက်ခဲဆုံးက သယ်ယူပို့ဆောင်ရေးပါ။ တချို့ နေရာ တွေဆို သွားစရာ လမ်းတောင် မရှိပါဘူး။ ဒါပေမယ့် အခက်ခဲဆုံးက တော့ လူတွေပါပဲလို့ Perry က ရီပြီး ပြောပါတယ်။ သူတို့ အလုပ် အတွက် ခန့်ထားတဲ့ နိုင်ငံသား တွေထဲက တချို့ဆို ပထမဆုံး လစာ ရပြီးတာနဲ့ ပေါ်မလာတော့ပါဘူး။
ရင်ဘတ် မှာ ဒေါင်းပုံ တက်တူးနဲ့ Jordon Keliner ကတော့ သုတေသန ဌာန နဲ့ communication ဌာန အကြား ဆက်သွယ် ပေးပြီး သုတေသန ရလဒ် တွေကို ပုံဖော် ရတဲ့ သူပါ။ သူ က ဒေတာ ဌာန က လူတွေ နဲ့  ကမ်ပိန်း အတွက် ပုံတွေ ဆွဲ တဲ့သူတွေကိုလဲ ကြားထဲက ညှိနှိုင်းပေးပါတယ်။ ဒါမှ ရရှိလာတဲ့ ဒေတာ တွေကနေ ထိရောက် တဲ့ မဲဆွယ် ပုံတွေ ၊ စာသား တွေ ထွက်လာ မှာပေါ့။
အတွင်းလူ ဖြစ်နေပြီး ဖြစ်တဲ့ ကျွန်မ မြင်တာကတော့ ကုမ္ပဏီမှာ ရှိတဲ့ အတွေးအခေါ် သမားတွေနဲ့ ပြဿနာ ဖြေရှင်း နိုင်သူ တွေ အားလုံးက လစ်ဘရယ် တွေပါ။ သူတို့ ကုမ္ပဏီ က အမေရိကားရဲ့ ကွန်ဆာဗေးတစ် အတွက် အလုပ်လုပ်ပေးမယ် ဆိုတဲ့ အကြောင်းအရာ အပေါ် ဘယ်သူ မှ သိပ် ဂရုမစိုက်ကြပါဘူး။ သူတို့ အားလုံး အတွင်းကျကျ မသိသေးတာလဲ ပါမှာပေါ့။ ကုမ္ပဏီ အနေနဲ့လဲ အခုမှ စပြီး ရီပါဘလစ်ကန် အမတိ တွေနဲ့ စာချုပ် တွေ စချုပ် နေတဲ့ အချိန်ပါ။
အဲဒီအချိန် တုန်းက ရုံးမှာ ရှိတဲ့ အားလူံးရဲ့ စိတ်ဓာတ် တွေက ချစ်စရာ ကောင်းပါတယ်။ လူလဲ နည်းနည်း ပဲ ရှိသေးပြီး တစ်ယောက် နဲ့ တစ်ယောက် အပြိုင် အဆိုင် မရှိ၊ တစ်ဦးကို တစ်ဦး ဖေးမ လို့ ပျောိစရာ ကောင်းတဲ့ အချိန် လေးပါ။
SCL ရော Cambridge Analytics ရောက လူတွေ အားလုံးက Nix ရဲ့ ရည်ရွယ်ချက် အပေါ် မှာ အားလုံး စိတ်အားထက်သန် နေကြပါတယ်။ အားလုံးရဲ့ အခွင့်အရေး က Facebook ကုမ္ပဏီ စထောင်တုန်းက အခြေ အနေလို ဖြစ်နေတာကိုး။ Facebook က နှစ် အနည်းငယ် အတွင်းမှာ ၁၈ ဘီလီယမ် လောက်တန် တဲ့ ကုမ္ပဏီ ဖြစ်သွားခဲ့တာဆိုတော့ Nix ကိုယ်တိုင် လဲ ဒီ ကုမ္ပဏီ ကို Facebook လို ဖြစိရမယ်လို့ ရည်ရွယ်ထားတာပါ။ ဝန်ထမ်း အားလုံးက Mark Zukerberg လိုပဲ ဘယ်သူ မှ မလုပ်သေးတဲ့ တီထွင် ဆန်းသစ် မှု မျိုးကို သူတို့ လုပ်နေကြတယ် ဆိုတာ သိကြပါတယ်။
Cambridge Analytica ရဲ့ ယုံကြည်ချက် အြေခခံသဘောတရား က Facebook လိုပဲ connectivity, ဆက်သွယ်မှု နဲ့ Engagement ( စေ့စပ်ညှိနှိုင်းမှု) ဖြစ်ပါတယ်။ ကုမ္ပဏီ ရဲ့ ရည်ရွယ်ချက် ကတော့ ဘယ်သူမှ မရောက်သေးတဲ့ နယ်ပယ် တစ်ခု မှာ စျေးကွက်တစ်ခု မှာ အြေခချ ပြီး နောင်တချိန် ကမ္ဘာကြီး မှာ သူမရှိ ရင် မဖြစ်ဘူးဆိုတဲ့ အခြေ အနေ တစ်ရပ်ကို ဖန်တီးဖို့ပါ။
ကုမ္ပဏီ မှာ Nix အတွက်  နဲ့ Data Scientists တွေ အတွက် သီးသန့် ရုံးခန်း တစ်ခု စီ ရှိပါတယ်။ သူတို့ အခန်းတွေ မှာ ကွန်ပြူတာ တွေ အြေမာင်အမြား ရှိပြီး data scientists တွေ အတွက် တော့ တစ်ခုထက် ပိုတဲ့ မော်နီတာ တွေ ရှိပါတယ်။
တချို့ တွေကတော့ သီးသီးသန့်သန့် အလုပ်လုပ်ကြပါတယ်။ မျက်လုံး အမည်းရောင် နဲ့ ရိုမေးနီးယန်း တစ်ယောက် ဆိုရင် သူ့ရဲ့ ကျွမ်းကျင် တဲ့ အလုပ်က သုတေသန ဒီဇိုင်းရေးဆွဲ ပေးရတာပါ။ နိုင်ငံ တစ်ခု ကို နယ်မြေ တွေ အဖြစ် ခွဲခြား ပြီး ပစ်မှတ်ထားမယ့် သူတွေ အတွက် တိကျ တဲ့ စာရင်း တွေကို စရင်းအင်း သချ်ာ ပညာကို အသုံးပြုပြီး လုပ်ပေးရပါတယ်။ လစ်သူရေးနီးယား က နောက်တစ်ယောက် ကတော့ data စုဆောင်း တဲ့ နည်းဗျူဟာ တွေကို ပြင်ဆင်ပြုစု ပေးရပါတယ်။
Data တွေကို Analytic လုပ်ရတဲ့ အပိုင်းမှာတော့  coordinator ၂ ယောက် ရှိပါတယ် ။သြစတေးလျ က  ဒေါက်တာ Alexandra Tylor နဲ့ England နိုင်ငံသား Dr Jack Gillett တို့ဖြစ်ပါတယ်။ ၂ ယောက်စလုံးက ဘွဲ့ရပြီးတာနဲ့ ကုမ္ပဏီ အကြီးကြီး တွေဖြစ်တဲ့ Royal Scotland Bank, Schlumberger တို့မှာ အလုပ်လုပ် ခဲ့ပြီး နောက်ဆုံး SCL မှာ နောက်ဆုံးပေါ် နည်းပညာ တွေ သုံးပြီး ပရိုဂရမ် တွေ အသုံးပြူဖို့ ရောက်လာကြတာပါ။
သူတို့ ၂ ယောက် လုပ်ပေးထားတဲ့ ဒေတာဘေ့စ် က ကုမ္ပဏီ အတွက် တော့ မဲဆွယ် ကမ်ပိန်း တစ်ခု စတိုင်းစတိုင်း မရှိမဖြစ် သုံးရပါတယ်။ ခါတိုင်းဆိုရင် ကမ်ပိန်း တစ်ခု စတာနဲ့ ဒေတာဘေ့စ် တစ်ခု ကို အစကနေ တည်ဆောက် ရပါတယ်၊ ဒါမှ မဟုတ် ဒေတာဘေ့စ် ရောင်းချ သူ တစ်ဦးဦး စီကနေ ဝယ်ယူရပါတယ်။ အခု SCL ရဲ့ ဒေတာဘေ့စ် က တော့ ကိုယ်ပိုင် ဒေတာဘေ့စ် ဖြစ်ပြီး လိုအပ် တဲ့ ဒေတာတွေကို ထပ်ခါထပ်ခါ ဖြည့်ရင်းကနေ ပရောဂျက် တွေ အတွက် ပိုတိကျ တဲ့ ရလဒ်တွေ ရလာပါတယ်။ ကျွန်မ ဒီ ဒေတာဘေ့စ် ရဲ့ တကယ်အကျိုးရှိမှုကို နောက်ပိုင်း မှာ လေ့လာ မိမှာ client ဘက်ကနေ သူတို့ရဲ့ data တွေကို SCL ကိုပေးဖို့ ဥပဒေ အရဆို ရှုပ်ထွေး တဲ့ အကြောင်းသဘောပေါက်လာပါတယ်။ ကျွန်မ အတွက် တော့ ဒါဟာ ညင်ညင်သာသာ နဲ့ အရမ်းကို အသုံးဝင် တဲ့ လက်နက် တစ်ခုပါပဲ။
Obama ရဲ့ ပထမ အကြိမ် ကမ်ပိန်း မှာတုန်းက ဆို ကျွန်မ တို့မှာ ဒေတာ ကို ခွဲခြမ်တွး စိတ်ဖြာ ပြီး ခန့်မှန်း တွက်ချက် နိုင်တာမျိုး မလုပ်နိုင်ခဲ့ပါဘူး။ ဒီ ၆ နှစ်တာ ကာလ အတွင်းမှာ အရာရာ က ပြောင်းလဲ ခဲ့ပါပြီ။ Nix ပြောသလို ဆို ဒေတာ ဆိုတာ အံသြစရာ ကောင်းတဲ့ သဘာဝ သယံဇာတ လိုပါပဲ။ ဒါက ၂၁ ရာစု ရဲ့ ရေနံ လိုပါပဲ။ ပမာဏ အများကြီး ရှိနေ ပြီးတော့ Cambridge Analytica က ကမ္ဘာပေါ် မှာ အင်အား အကြီးမားဆုံး Data Analytic ကုမ္ပဏီ ဖြစ်ဖို့ ဦးတည်းနေပါပြီ။ ဒါဟာ စွန့်စားလိုစိတ် ရှိသူ စွန့်ဦးတီထွင် သမားတွေ အဖို့တော့ တခါမှ မရဖူးသေး၊ မဖြစ်ဘူးသေးတဲ့ အခွင့်အရေး ဖြစ်ပါတယ်။  ဒေတာ ကို တူးဆွ နိုင်လေလေ ငွေတွင်းကြီး နဲ့ နီးလေလေ ပါ။
Nix ကတော့ ကုမ္ပဏီ မှာ အမြဲ ရှိမနေပါဘူး။ ကုမ္ပဏီ အနေနဲ့ အမေရိကား ရဲ့ mid term election မှာ တစ်ခါ မှ မကြားဖူးတဲ့ 44 နေရာ မှာ 33 နေရာ နိုင်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အမေရိက အပြင်ဘက် က ကုမ္ပဏီ တစ်ခု အနေနဲ့ အောင်မြင် မှု ၇၅% လောက်ရအောင် လုပ်နိုင်တာ အံ့သြ သင့်စရာပါ။ Nix ကတော့ ဒီ အောင်မြင်မှုကို အသုံးချ ပြီး နောက်ထပ် ပရောဂျက် အသစ်တွေ ရှာနေပါပြီ။ သူအမေရကား ကို မကြာခဏ သွားပြီး Bill Gates လိုလူမျိုး တွေနဲ့ တွေ့တာ၊ လန်ဒန် မှာ ဘီလီယံနာ သူဌေး Sir Martin Sorrell ကို ဧည့်ခံတာ တွေကို ကျွန်မ ကြားနေရပါတယ်။
SCL ရုံးခန်း က နိုင်ငံ့ခေါင်းဆောင် တွေ ၊ စီးပွားရေး သမားတွေကို လက်ခံ တွေ့ဖို့ သင့်တော် တဲ့ နေရာ မဟုတ်ပါဘူး။ ခင်းထားတဲ့ ကော်ဇော် တွေက တစ်ချို့နေရာ တွေ စုတ်ပြဲနေပြီးတော့ မျက်နှာကြက် မှာလဲ ပေ ကြံ နေတဲ့ နေရာ  တွေ ရှိပါတယ်။ သီးသန့် အစည်းအဝေး ခန်းလေးက လဲ ၈ ပေ ၁၀ ပေ အကျယ် ရှိပြီး စားပွဲ တစ်လုံး၊ ကုလားထိုင် အနည်းငယ်နဲ့  လေဝင်လေထွက် မကောင်းပါဘူး။ ကျွန်မ တို့ကတော့ အဲဒီ အခန်း ကို ချွေးထုတ် ခန်းလို့ ခေါ်ကြပါတယ်။ ္Nix ကတော့ ဧည့်သည် တွေ့စရာ ရှိရင် ရုံးနား က ဘား တစ်ခုခု သို့မဟုတ် စားသောက်ဆိုင် မှာ တွေ့လိုက်တာပါပဲ။
December ဒုတိယ ပတ်လောက် မှာ ကျွန် မ Nix နဲ့ အေးအေးဆေးဆေး စကားပြောခွင့်ရခဲ့ပါတယ်။ ကျွန်မ အနေနဲ့ လူမှုရေး နဲ့ လူသားချင်း စာနာ တဲ့ ပရောဂျက် တွေ လုပ်ချင်ရင်တော့ ဒါတွေ လုပ်ပေးနိုင်မယ့် အလှုရှင် ရှာရမယ်လို့ ပြောပါတယ်။ Nix က ကျွန်မ ကို လာမယ့် ရွေးကောက်ပွဲ တွေကိုလဲ အာရုံစိုက် ဖို့ အကြံပေးပါတယ်။ Chester ရဲ့ ဝန်ကြီးချုပ် ကို ထပ်ပြီး ဆက်သွယ်ကြည့်ပါလားလို့ လဲ ပြောပါတယ်။ ကျွန်မ တို့ တခြား ဖြစ်နိုင်ချေ ရှိတဲ့ ပရောဂျက် တွေကို လဲ  အတူတူ စဥ်းစား ကြည့်ကြပါတယ်။ တချို့ ဟာတွေကတော့ ကျွန်မ အဆက်အသွယ် နဲ့ပါ။ တချို့ကတော့ Chester နဲ့ တခြား မိတ်ဆွေ တွေရဲ့ နှုတ်ရဲ့စောင်မ ခြင်းတဲ့ ရလာတဲ့ အဆက်အသွယ်တွေ ဖြစ်ပါတယ်။
ကိုယ့်ရဲ့ အလားအလာကောင်းတဲ့ client ကို ဆက်သွယ်တဲ့အခါ အရေးအကြီးဆုံး အချက် ၃ ချက်ကို မှတ်သားထားဖို့ Nix က ပြောပြပါတယ်။ ပထမ တစ်ချက် က ၊ သူတို့ မှာ တကယ်လိုအပ်ချက် ရှိနေတာလား၊ ဒုတိယ တချက် ကတော့ သူတို့ မှာ လုံလောက်တဲ့ ဘတ်ဂျက် ရှိလား နဲ့ တတိယ တချက် ကတော့ သူတို့အတွက် အချိန် ရှိသေးလား တနည်းအားဖြင့် သူတို့ အလျင်လို နေသလားဆိုတာ ကို ကြည့်ရပါမယ်။  ကျွန်တော် တို့ အလုပ်သဘာဝ က client က ပိုက်ဆံ ဘယ်လောက် ရှိရှိ အလျင်မလိုဘူးဆိုရင် ပရောဂျက် က ရမှာမဟုတ်ဘူးလို့လဲ Nixက ပြောပြပါတယ်။
ကျွန်မ အတွက် အထင်ကြီးစရာ ကောင်းပြီး အရမ်းကြီး ကြွားဝ်ရမကျ တဲ့အလုပ်ရာထူး တစ်ခု လဲ လိုပါတယ်။ ဒါမှ ကျွန်မ ရဲ့ client တွေနဲ့ မိတ်ဆက် တဲ့အခါ ကျွန်မ ကတော့ ဘယ်သူ ပါလို့ ပြောလို့ရမှာပေါ့။
ကျွန်မ ကို Special Advisor , အထူးအကြံပေး ဆိုတဲ့ ရာထူး နာမည်ကို  ပေးဖို့  Nix ကို  ပြောပြလိုက်ပါတယ်။ ဒီ ခေါင်းစဥ် က ကျွန်မ ရဲ့ အခု အချိန်ပိုင်း အလုပ် နဲ့လဲ ကိုက်ညီ တဲ့ အပြင် အဓိပ္ပာယ် လဲ ရှိပါတယ်။ ဒီ ခေါင်းစဥ်ကို ကျွန်မ ကိုယ်တိုင်လဲ ကြိုက်ပါတယ်၊ ကျွန်မ လုပ်ချင် ခဲ့တဲ့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ဆိုင်ရာ အထူးအကြံပေး ဆိုတဲ့ ရာထူးမျိုးပေါ့။
အခု ကျွန်မ လုပ်ရမှာကတော့ ဒီရာထူး နဲ့ ထိုက်တန်တယ် ဆိုတာ သက်သေ ပြဖို့ပါပဲ။  ကျွန်မ ချီကာဂို ရဲ့ လမ်းတွေ ပေါ် မှာ အလှုခံတုန်းက လူတွေကို သူတို့ တခါမှာ မကြားဖူးတဲ့ အလှူတခု မှာ လစဥ် လှူဖို့ သူတို့ရဲ့ ခရက်ဒစ် ကတ် နံပတ် ရယူဖို့ ကို စက္ကန့် ၆၀ အတွင်း ပြောခဲ့ရတာပါ။ ကျွန်မ အတွက် တော့ သူစိမ်း တွေကို စကားပြောရတာ၊ သူတို့ ရဲ့ ြငြင်းပယ်မှု ကိုခံရတာ တွေအတွက် ကြောက်ရွံ မှု မရှိတော့ပါဘူး။  ကျွန်မ အရင် တုန်းကလဲ သံအမတ် တွေ၊ နိုင်ငံခြား က စီးပွားရေး သမား တွေကို စကားပြောရတာ တွေ လုပ်ခဲ့ဖူးပါတယ်။ ကျွန်မ အတွက် တော့  နိုင်ငံရဲ့ ဝန်ကြီးချုပ် ဖြစ်ဖြစ်၊ တောကြို အုံကျားက လူကို ပဲ ဖြစ်ဖြစ် ၊ သေးသေး ကြီးကြီး စကားပြော ဆက်ဆံ ဖူးတဲ့ အတွေ့အကြုံတွေ ရှိနေပါတယ်။
2014 December မှာပဲ ကျွန်မ လစ်ဗျားရဲ့ တော်ဝင် မင်းသား Idris bin Alnususessi ကို  သူငယ်ချင်း တစ်ယောက် ရဲ့ မိတ်ဆက်ပေးမှု နဲ့ ဆက်သွယ်ခဲ့ပါတယ်။  မင်းသား နဲ့ သူ့လူ တွေက ကျွန်မ တို့ဆီ က အကူအညီ လိုအပ်နေပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံရဲ့ လက်ရှိ ရွေးကောက်ပွဲ က လအနည်းငယ် ပဲ လိုပါတော့တယ်။ လက်ရှိ အာဏာရ သမ္မတ ရဲ့ မဟာမိတ် တွေ ဖြစ်တဲ့ နိုင်ဂျီးရီးယား ရေနံ သူဌေး တွေက သူတို့လူ လာမယ့် ရွေးကောက်ပွဲ မှာ ရှူံးနိမ့် မှာကို စိုးရိမ် နေကြတယ် လို့ မင်းသား က ကျွန်မ ကို ပြောပြပါတယ်။ ဒီလူတွေက အရမ်း ဘာသာရေး ကိုင်းရှိုင်းတယ်၊ သူတို့ လူသာ အာဏာ မရခဲ့ရင် သူတို့ရော၊ သူတို့  မိသားစု တွေ မှာပါ အသက် အန္တရာယ် ရှိ နေတယ်လို့လဲ ပြောပါတယ်။
SCL က ၂၀၀၇ တုန်းက နိုင်ဂျီးရီးယား ရဲ့ ရွေးကောက်ပွဲ အတွက် အလုပ်လုပ်ပေးဖူးကြောင်း မင်းသားကို ပြောပြလိုက်တော့ သူ က အခုချက်ချင်း ပဲ  သက်ဆိုင်သူတွေ နဲ့ တွေ့ပေးဖို့ ကျွန်မ နဲ့ Nix  ကို မက်ဒရစ် မြို့ကို လာနိုင်မလား မေးပါတယ်။  .
Nix အနေ နဲ့ ကျွန်မ ရဲ့ စစချင်း လုပ်ရမယ့် အလုပ် အပေါ် သံသယ နည်းနည်း ရှိပုံရပါတယ်။ ဒါပေမယ့် သူ့မှာ တခြား အလုပ် တွေ ရှိတာနဲ့ ကျွန်မ နဲ့ အတူတူ မက်ဒရစ်ကို မသွားနိုင်ပါဘူး။ ဒါနဲ့ ကျွန်မ လဲ ရနိုင်သမျှ နိုင်ဂျီးရီးယား ရဲ့ အကြောင်း တွေ ကို ရှာဖတ်၊ client အတွက် ပရောဂျက် အဆိုပြူလွှာ ပြင်ဆင်ပြီးတော့ မက်ဒရစ်ကို တစ်ယောက် တည်း အရင် သွားဖို့ ဖြစ်လာပါတယ်။ Nix က နောက်တစ်ရက် နေမှ လိုက်လာနိုင်မှာပါ။ Nix. ရောက်မလာခင် ကျွန်မ တစ်ယောက် တည်း ကြုံတွေ့ရမယ့်စိန် ခေါ်မှု တွေ အတွက် ကျွန်မ အဆင်သင့်ဖြစ်ရဲ့လားဆိုတာ ကိုယ့်ကိုကို ပြန် မေးမိပါတော့တယ်။
ကျွန်မ အနေနဲ့ စိတ်လှုပ်ရှားမိသလို အနည်းငယ် လဲ ကြောက်ရွံစိတ် ဝင်မိပါတယ်။ ကျွန်မ အလုပ်ဝင်တာ ၂ ပတ် ကျော်ကျော် ပဲ ရှိသေးပြီး ပထမ ဆုံးအကြိမ် အနေနဲ့ ကုမ္ပဏီ ကို ကိုယ်စားပြု ရမှာပါ။ ကုမ္ပဏီ အကြောင်း ကျွန်မ သိတာ လဲ အများကြီး မရှိသေးပါဘူး။ ဒါ့အပြင် နိုင်ဂျီးရီးယား အကြောငိးကိုလဲ အာဖရိက ရဲ့ ဘီလီယံ ၄ ပုံ တစ်ပုံလောက် လူဦးရေ ရှိတဲ့ နိုင်ငံ၊ လူနေ ထူထပ် တဲ့ နိုင်ငံ တစ်ခု ထက်ပိုပြီး အများကြီး မသိပါဘူး။ နိုင်ငံရဲ့ သမိုင်းကြောင်း ကိုရော၊ နိုင်ငံရေး အခြေ အနေ ရော၊ လာမယ့် ရွေးကောက်ပွဲ ရဲ့ ပြိုင်ဘက် တွေ အကြောင်းပါ ကျွန်မ သိတဲ့ အသိ က အရမ်းကို နည်းပါသေးတယ်။ ဒါပေမယ့် ဒီ ပေရာဂျက် က Nix ပြောတဲ့ အချက် ၃ ချက် လုံးနဲ့ ကိုက်ညီနေပါတယ်။ client မှာ ပိုက်ဆံ ရှိတယ်၊ သူတို့ အလျင်လိုနေပြီ။ ပြီးတော့ အလုပ်စာချုပ် က မီလီယမ် များစွာ တန်ဖိုး ရှိနိုင်တယ်လို့ Nix က ပြောပါတယ်။ ဒါနဲ့ပဲ ကျွန်မ မက်ဒရစ်ကို တစ်ယောက်တည်း အရင်သွားနှင့်မယ် လို Nix ကို ပြောလိုက်ပါတော့တယ်။
မက်ဒရစ် အစည်းအဝေး မတိုင်ခင် SCL ့ရုံးမှာ ရှိနေတဲ့ 2007 နိုင်ဂျီးရီးယား ရွေးကောက်ပွဲ နဲ့ ပတ်သတ် နဲ့ အချက်အလက် တွေ ၊ စာတမ်း တွေ ရနိုင်သမျှ ရှာပါတော့တယ်။ ဒါပေမယ့် များများ စားစား မရှိပါဘူး။ကျွန်မ နဲ့ လက်အောက် က ဝန်ထမ်းငယ် အချို့ တခြားနိုင်ငံ က ရွေးကောက်ပွဲ ဆိုင်ရာ အချက်အလက် တွေ စုဆောင်းပြီးတော့ပဲ ပရောဂျက် အဆိုပြူလွှာကို ညလုံးပေါက် အလုပ်လုပ် ပြီး ရေးဆွဲ ရပါတယ်။ ရွေးကောက်ပွဲ က ၂၀၁၅ ဖေဖော်ဝါရီ ဆိုတော့ အချိန် က အရမ်းကပ်နေပါပြီ။ ကျွန်မ လဲ ဒီ ပရောဂျက် ရလိမ့်မယ် လို့ သိပ် မမျှော်လင့်ရဲ တော့ပါဘူး။
နိုင်ဂျီးရီးယား နိုင်ငံ ရဲ့ အခြေအနေ က ရှုပ်ထွေးနေပါတယ်။ ကျွန်မတို့ကို ဆက်သွယ်တဲ့ Client က လက်ရှိ သမ္မတ Jonathan ကို ထောက်ခံသူပါ။ ကျွန်မ မိတ်ဆွေ လူ့အခွင့်အရေး ဆိုင်ရာ ရှေ့နေ John က လှမ်းပြောပြပါတယ်။ လက်ရှိ သမ္မတ က ၂၀၁၀ အာဏာရကတည်းက ပြုပြင် ပြောင်းလဲရေး တော်တော် များများ လုပ်နိုင်ခဲ့တယ်။ သူ့ကို လူငယ် နဲ့ အောင်ခြေ လူတန်းစား တွေ အရေး လုပ်ပေးနိုင်သူ အဖြစ် ရှုမြင်ကြတယ်။  ခဲဆိပ်သင့် နေတဲ့ ကလေး ၄၀၀ ကျော် အတွက် သဘာဝ ဝန်းကျင် ပျက်စီးတာကို ထိန်းသိမ်းပေးနိုင်တာ၊   နိုင်ငံရဲ့ လျှပ်စစ် ဓာတ်အားပေးရေး ကို ပုဂ္ဂလိက ပိုင် အဖြစ် ပြောင်းလဲ ပေးပြီး တည်ငြိမ် အောင် လုပ်ပေးတာတွေ ကြောင့် လူထု ထောက်ခံ မှု ရခဲ့တဲ့ သမ္မတ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့အစိုးရ အဖွဲ့ဝင် တွေရဲ့ အကျင့်ပျက် ခြစား တာတွေ နဲ့ မကြာသေးခင် က ဘိုကိုဟာရမ် တွေ ပြန်ပေးဆွဲ သွားတဲ့ ကျောင်းသူ ၂ ရာကျော် ကို ကယ်တင် မှု မလုပ်နိုင်တာတွေ ကြောင့် လူထု ထောက်ခံ မှု ပြန်ပြီး ကျဆင်းနေပါတယ်။ မကြာသေးခင် ကပဲ အကြမ်းဖက် သမားတွေရဲ့ ဗုံးခွဲ မှု တစ်ခု မှာ သူက နောက်က နေ ကြိုးကိုင် ပါဝင်တယ် လို့လဲ စွပ်စွဲ ခံခဲ့ရပါတယ်။ ဒါပေမယ့် John ပြောစကားအရ တော့ ပြိုင်ဘက် ၂ ယောက် ယှဥ်ရင် သူက တော်သေးတယ်လို့ ပြောရမှာပါ။
သူ့ အဓိက ပြိုင်ဘက် က မိုဟာမက် ဘူဒါရီ ဆိုသူ ပါ။ မိုဟာမက် က လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်း  စစ်တပ်က အာဏာသိမ်း တဲ့ အဖြစ်အပျက် ၂ ခု မှာ ပါဝင်ဖူးပါတယ်။  အစ ပထမ မှာတော့ သူ့ရာထူးက ခရိုင် အုပ်ချုပ်ရေးမှုး ဖြစ်ပြီး နောက်ပိုင်း မှာ သမ္မတ ရွေးကောက်ပွဲ ပါဝင်ယှဥ်ပြိုင်ဖို့အထိ အင်အားကြီးထွားလာခဲ့သူပါ။ သူ့ရဲ့ ဖိနှိပ် အုပ်ချုပ်ရေး အောက်မှာ ရှာရီးယား ဥပဒေ ကို ကျင့်သုံးပြီး ပညာတတ် တွေ၊ ဂျာနယ်လစ် တွေကို ဖိနှိပ်မယ် လို့ ကြွေးကြော် နေသူ တစ်ဦးပါ။ အဖွဲ့ အစည်း တော်တော် များများ က သူ့ကို လူ့အခွင့်အရေး ဖောက်ဖျက် ကြူးလွန် မှု တွေအတွက် နိုင်ငံတကာ တရားရုံးမှာ တရားစွဲဆိို ဖို့လဲ ဖိအားပေးနေ ကြပါတယ်။ နောက်ပိုင်းမှာတော့ သူ့အပေါ် စွပ်စွဲထားတာ တွေကို သူကိုယ်တိုင် ငြင်းဆိုပြီး ICC ကလဲ တရားမစွဲ နိုင်ခဲ့ပါဘူး။တကယ်တော့ နိုင်ငံ တကာ ဥပဒေ အရ ICC တရားစွဲဆိုထားရင် သူ့အနေနဲ့ ရွေးကောက်ပွဲ ဝင်လို့မရပါဘူး။ ကျွန်မ မိတ်ဆွေ John, လစ်ဗျား မင်းသား နဲ့ သူ့မိတ်ဆွေ ရေနံ သူဌေး တွေ အကုန် လုံးက သူသာ အာဏာရသွားမယ် ဆိုရင် တိုင်းပြည် တစ်ခု လုံးသွေးထွက် သံယို မှု တွေနဲ့ ကသောင်းကနင်းဖြစ်မယ် ဆိုတဲ့ အချက်ကို တညီတညွတ် တည်း သဘောတူကြပါတယ်။
Nix  က ကျွန်မ နဲ့ တွေ့ရမယ့် နိုင်ဂျီးရီးယား ကိုယ်စားလှယ် တွေကို ဟော်တယ် တစ်ခု မှာ နေ့လည် စာ ကျွေးပြီး ဧည့်ခံစကားပြောဖို့ ညွှန်ကြားပါတယ်။
ကျွန်မ မက်ဒရစ် ကိုရောက်တဲ့ အခါ မင်းသား Idris ို နိုင်ဂျီးရီးယား လူမျိုး တစ်ယောက် နဲ့ အတူတူ စောင့်နေတာ တွေ့ရပါတယ်။ ကျွန်မ တို့ရဲ့ client  က သူတို့ ကိုယ်စား အစည်းအဝေး တက်ဖို့ လွှတ်လိုက်တဲ့ သူပါ။ သူ့အရွယ်က ၃၀ ပတ်လည်ဖြစ်ပြီး တောင့်တင်း တဲ့ ခန္ဓာကိုယ် နဲ့ သူ့ကြည့်ရတာ အရမ်းကို စိတ်လှုပ်ရှားနေပုံရပါတယ်။
သူတို့နဲ့ တွေ့တဲ့ ကျွန်မ ရဲ့ ပထမ နေ့မှာတော့ ပြင်ဆင်လာတဲ့ အဆိုပြူလွှာ ပြရင်း SCL  သူတို့ သူဌေး အတွက် လုပ်ပေးနိုင်တာ တွေ ရှင်းပြပါတယ်။ ကျွန်မ တို့အနေနဲ့ လူထု သဘောထား ကောက်ခံတာ၊ လူထု ကျေနပ်မှုစစ်တမ်း၊ လူမျိုးစု တခုချင်းစီ အတွက် သုတေသန ၊ ပြိုင်ဘက် အပေါ် သုတေသန လုပ်ပြီး အားနည်းချက် ရှာတာ၊ အဆင့်မြင့်နည်းပညာ သုံးပြီး  ပြိုင်ဆိုင်မှု အတွက် မဟာဗျူစာ ချမှတ်တာ၊ ပြိုင်ဘက်ရဲ့ နောက်ခံ စီးပွားရေး အခြေအနေ ကိုလေ့လာဆန်းစစ်ပြီး မမြင်နိုင်တဲ့ လှုပ်ရှားမှု တွေ ဖော်ထုတ် တာ အစရှိတဲ့ အလုပ်တွေကို SCL  လုပ်ပေးနိုင်ကြောင်း ရှင်းပြလိုက်ပါတယ်။ ကျွန်မ အနေနဲ့ ဒါဟာ ပြိုင်ဘက် ကို ထိုးနှက် အပုပ်ချတဲ့ Negative campaign များ ဖြစ်နေမလားဆိုတာ အဲဒီအချိန် က မတွေးနိုင်ခဲ့ပေမယ့် နောက်ပိုင်း မှာ တော့ ပြိုင်ပွဲ တစ်ခု မှာ ရလဒ် ကို မြန်မြန် ထုတ်ပြဖို့ အရေးကြီးတယ် ဆိုတာ သဘောပေါက်လာပါတယ်။
ဒီ အချိန် တို အတွင်းမှာ SCLအနေနဲ့ ပါတီ စာရင်းစစ် party audit လို့ ခေါ်တဲ့ ပါတီဝင် တစ်ယောက်ချင်း ရဲ့ အကြောင်းကို လေ့လာတာ၊ မဲဆန္ဒနယ် တွေ တခုချင်းစီ နဲ့ သူတို့ရဲ့ ထောက်ခံတဲ့ ပါတီ ကိုလေ့လာဆန်းစစ်တာ တွေ မလုပ်နိုင်ပါဘူး။ Swing voter လို့ ခေါ်တဲ့ ဘယ်ဘက် မှ မပါတဲ့ မဲပေးသူတွေ က ဘယ်သူ တွေလဲ ဆိုတာ လဲ မရှာဖွေ နိုင်ပါဘူး။ လုပ်နိုင်တာက ကျွန်မ တို့လူ Johnathan ကို ထောက်ခံ သူမှန် သမျှ မဲထွက် ပေးလာအောင် ပဲ လုပ်နိုင်ပါလိမ့်မယ်။  ကျွန်မ တို့ အပြတ်အသတ် နိုင်အောင် လုပ်နိုင်ရင် ရွေးကောင်ပွဲ ရလဒ် အပေါ် မယုံကြည် မှုကြောင့် ဖြစ်လာတဲ့ အကြမ်းဖက် မှု တွေကိုလဲ တားဆီးနိုင်ပါလိမ့်မယ်။
ဒုတိယ နေ့မှာ nix ရောက်လာတော့ ကျွန်မ စိတ်သက်သာရာရပါတယ်။ သူ့ရဲ့ အားအင် အပြည့်နဲ့ စကားပြောဟန်၊ ကိုယ့်ကိုကို ယုံကြည်မှု၊ ဘာသာရက်အပေါ် ကျွမ်းကျင်မှုတွေကတော့ လက်ဖျားခါလောက် အောင်ကို တော်ပါတယ်။ ကျွနိမ သူ စကားပြောနေတာကိုကြည့်ရင်း သု့အပေါိ ဘယ်တုန်းကမှ မဖြစ်ဖူးတဲ့ လေးစား တဲ့ စိတ် ဝင်လာမိပါတယ်။
သူ မင်းသား နဲ့ နိုင်ဂျီရီးယား ကိုယ်စားလှယ်ကို ပြောပြ နေတာ ကျွန်မ နဲ့ Chester သူ့ရုံးခန်း ကို ပထမ ဆုံးအကြိမ် ရောက်တုန်းက ပြတဲ့ စလိုက်ပါပဲ။ ဒါပေမယ့် အခုတခါ မှာ သူပြောတာတွေ က ပို ပြည့်စုံပြီး အချက်အလက် တွေ ၊ ဥပမာ တွေကလဲ Ted talk မှာ ပြောနေသလို ပါပဲ။ ကျွန်မ အတွက် တော့ Nix မှာ ကမ္ဘာကြီး ကို ထိန်းချုပ် နိုင်မယ့် အဝေးထိန်း ခလုတ် တစ်ခု ကို ကိုင်ထားသလိုပါပဲ။
nix ပြောသမျှ ကို မင်းသားရော ၊ နိုင်ဂျီးရီးယား ကိုယ်စားလှယ် ရော ခေါင်းတ  ငြိမ့်ငြိမ့် နဲ့ သဘောကျ နေပါတယ်။ Nix  က သူ့အနေနဲ့ ကျေးရွာ တစ်ရွာ၊ တိုက်ခန်း တစ်ခန်း ၊ နောက်ဆုံး လူတစ်ယောက် ချင်းစီ အထိ ပစ်မှတ်ထား မဲဆွယ်နိုင်တယ် လို့ ပြောလိုက်တဲ့ အခါမှာ တော့ သူတို့ အားလုံး အံ့သြ လွန်းလို့ မျက်လုံးတွေ ပြူးကုန် ကြပါတယ်။
 SCL နဲ့ တခြား ကုမ္ပဏီ တွေ မတူတာက SCL က သာမာန် ကြော်ငြာ ရေးတဲ့ ကုမ္ပဏီ မဟုတ်ပါဘူး။ စိတ်ပညာ ရပ်နဲ့ သိပ္ပနည်းကျ အရ လူတစ်ယောက်ချင်းစီကို အတိအကျ ပစ်မှတ် ထားပြီး ဆက်သွယ်နိုင်တဲ့ ကုမ္ပဏီ ပါလို့ Nix က ဆက်ပြောပါတယ်။

မဲဆွယ် လုပ်ငန်း တွေရဲ့ အကြီးမားဆုံး အမှားတစ်ခု က သူတို့ သွားချင် တဲ့ နေရာ က မစဘဲ သူတို့ လက်ရှိ ရှိနေတဲ့ နေရာ က စတာပါလို့ Nix  ကဆက်ရှင်းပြ ပါတယ်။ တခါတရံ မှာ SCL ကို client က ဘာလုပ်ပါလို့ ပြောတာလဲ ကြုံဖူးပါတယ်။ သူတို့မြင်ချင် တာက မဲဆွယ် ပိုစတာ တွေ နေရာ အနှံချိတ်ထားမယ်၊ TV ကနေ မဲဆွယ် ကြော်ငြာ တွေလာမယ်  အဲလိုမျိုးတွေ မျှော်လင့်တတ်ကြပါတယ်။ ဒါပေမယ့် ဒါတွေက အလုပ်ဖြစ်မယ် လို့ ခင်များ ဘယ်လို သိမှာလဲ လို့ Nix ကမေးပါတယ်။

"ကျွန်တော်တို့ ကို သမ္မတ လောင်းဘယ်သူဆိုတာ၊ ဘယ်ပါတီ၊ ဆိုတာ စိတ်ကို မဝင်စားဘူး၊ ကျွန်တော် တို့ တကယ်စိတ်ဝင်စားတာ ပရိတ်သတ် ဗျ။" Nix  က ပြောရင်း နဲ့ စလိုက် တစ်ခု ကိုဖွင့်ပြလိုက်ပါတယ်။ စလိုက်မှာ ရုပ်ရှင်ရုံ တရုံ က ပွဲကြည့် ပရိတ်သတ် တွေ ပုံ ပေါ်လာပါတယ်။
ဆိုကြပိုစို့၊ ဒီ ပရိတ်သတ် တွေကို ကိုကာကိုလာ ရောင်းချင်တယ်၊ ခင်များတို့ ကြော်ငြာ ကုမ္ပဏီ ကို သွားအပ်လိုက်ရင် ဆိုင်တွေ မှာ လုံလောက် တဲ့ အရေအတွက် ထားရမယ်၊ ကိုကာကိုလာ အမှတ် တဆိပ် ကို လူတွေ သိအောင်လုပ်မယ်၊ ရုပ်ရှင်မစခင် မှာ ကြောငြာ ထိုးပြမယ်၊ အားလုံးက ပစ္စည်း အကြောင်း တွေချည်းပဲ။ အဲဒီလိုမျိုး မဲဆွယ် ကမ်ပိန်းတိုင်းလိုလို က ဖြစ်နေကြတာပဲ။  ဒါပေမယ့် ခင်များ သေသေချာချာ စဥ်းစား ကြည့်ပါ။ ဘယ်လို အခြေအနေ မှာ ဒီ ပရိတ်သတ် က ကိုကာကိုလာ ပိုသောက်ချင်စိတ် ဖြစ်မလဲ၊ ခင်များ သုတေသန လုပ်ကြည့်၊ သူတို့ ရေဆာ တဲ့ အချိန် မှာ သောက်ချင်စိတ် အဖြစ်ဆုံးဆိုတာ သိလာလိမ့်မယ်။  ဒီလို အခြေ အနေ မှာ ခင်များဆို ဘာလုပ်မလဲ။ လူတွေ ရေဆာလာအောင် ရုပ်ရှင်ရုံရဲ့ အပူချိန် ကို မြှင့်ပေး မှာပေါ့။ ဒီမှာ အဖြေ က ကြော်ငြာ တွေမှာ မဟုတ်ဘဲ ပရိတ်သတ် မှာ ပဲ ရှိပါတယ်။ ဒီ မဲဆွယ်စည်းရုံးရေး ရဲ့ အြေဖ ကလဲ မဲပေးမယ့် သူတွေပဲ။
Nix ပြောသလို မျိုး ကျွန်မ တခါမှ မစဥ်းစား ဖူးတာ အမှန်ပါ။ ဒီ အခိုက် အတန့်လေးဟာ ကျွန်မအတွက် မျက်စိ ပွင့်ပြီး အသိတရား တခု ရလိုက်တဲ့ အချိန် ပါပဲ။ ဒါဟာ အရမ်းကို ထူးခြား ကောင်းမွန် တဲ့ အယူအဆ တစ်ခုပါ။ လူတွေ ပါဝင်လာအောင် လို့ သူတို့ ကို ကိုယ်ဖြစ်စေချင် တဲ့ အခြေအနေ တစ်ခု ဖန်တီးပေးရမယ်။ ဒီလို ရိုးရှင်း တဲ့ အယူအဆ က ကျွန်မ အတွက်တော့ အသိညဏ် ပွင့်လင်းသွားသလိုပါပဲ။

Nix က ဆက်ပြောပါတယ်။ SCL က ဒီလိုပုံစံ မျိုး ကမ္ဘာ့ နိုင်ငံ တွေ မှာ ထပ်ခါ ထပ်ခါ လုပ်ပေးဖူးတယ်။ ၂၀၁၀ ထရီနီဒတ် နဲ့ တိုဘားကိုး နိုင်ငံ ရွေးကောက်ပွဲ တုန်းကဆို မဲပေးသူ တွေက လူမျိုးစု ၂ စုကွဲနေတယ်။ တစ်ဝက် က အိန္ဒိယ လူမျိုး တွေ နဲ့ နောက် တစ်ဝက် က ကာရေဘီယန် လူမျိုးတွေ။ တဖက် က နိုင်ငံရေး ခေါင်းဆောင် တွေ အနေနဲ့ သူတို့ရဲ့ မဲဆွယ် စကား တွေကို တခြားတဖက် က လက်ခံလာအောင် မလုပ်နိုင်ခဲ့ဘူး။ ဒီ အခြေ အနေ မှာ SCL က ပရိုဂရမ် တစ်ခု ရေးဆွဲ ပြီးတော့  မဲဆွယ်ဂရာဖတီ ပုံတွေကို လူထုကြားတဲ ပြန့်နှံအောင် ပို့ပေး နိုင်ခဲ့တယ်။  ရလဒ်က ရွေးကောက်ပွဲ မှာ လူငယ် တွေ မဲပေးဖို့ ထွက်လာကြတာပဲ။ တကယ်တော့ ရွေးကောက်ပွဲ တွေ မှာ လူငယ် တွေ မဲပေးလာအောင် လုပ်ရတာ တကယ် ပဲ ခက်ခဲပါတယ်။

၂၀၁၁ ကိုလမ်ဘီယာ မှာတုန်းကဆို SCL ကြုံခဲ့တာက နိုင်ငံ က အကျင့်ပျက် ခြစားမှု တွေ နဲ့ ပြည့်နေတယ်။ လူထု က ရွေးကောက်ခံ ကိုယ်စားလှယ် တွေ အပေါ် ယုံကြည် မှု မရှိဘူး။ ဒီလို အခြေ အနေ မှာ SCL ကအမတ်လောင်း တွေအပေါ်  အာရုံမစိုက်အောင် အခြား အကြောင်းအရာ တွေ အပေါ် လမ်းလွှဲပေးလိုက်တယ်။  အမတ်လောင်း တွေ မျက်နှာ ထွက်ပြ စရာ မလိုဘဲ လူထု ထောက်ခံ မှုရသွားတာပေါ့။

နိုင်ဂျီးရီးယား ကိုယ်စားလှယ် တွေက SCL အနေနဲ့ ရလဒ်ကို ဘယ်လောက် မြန်မြန် ရအောင် လုပ်ပေးနိုင်မလဲ မေးပါတယ်။ ကျွန်မ SCL brochure ကို ဖတ်ထားတဲ့ အတွက် nix ယ်လို ဖြေမလဲ ခန့်မှန်းမိပါတယ်။ Nix က ကုမ္ပဏီ အနေနဲ့ သူနဲ့ အလုပ်လုပ် တဲ့ client တိုင်း အတွက် တိုင်းတာလို့ရပြီး သိသာ စေတဲ့ ရလဒ်ကို ထုတ်ပေးနိုင်ပါတယ် လို့ ဖြေပါတယ်။နိုင်ဂျီးရီးယား ကိုယ်စားလှယ် တွေ အားလုံး nix ရဲ့ တင်ပြ ပုံကို ကျေနပ် သွားကြပါတယ်။ အစည်းအဝေး အပြီး မှာ nix နဲ့ ကျွန်မ ညစာ အတူတူ စားရင်း နိုင်ဂျီးရီးယး ကမ်ပိန် အကြောင်းရော ၊ တခြား ကမ်ပိန်း အကြောင်း တွေပါ ပြောဖြစ်ကြပါတယ်။ ကျွန်မ အတွက်တော့ nixဟာ ကမ္ဘာပေါ် က အတော် ဆုံး ရွေးကောက်ပွဲ အကြံပေး တစ်ယောက်ပါ။ ကျွန်မ အတွက် အရမ်းကို ထက်မြက် တဲ့ ဆရာ တစ်ယောက် ဆိုလဲ ဟုတ်ပါတယ်။ လန်ဒန်ကို ပြန်ရောက်တော့ ခရစ်စမတ် ကာလ နီးနေပါပြီ။ ရုံးပိတ်ရက် မတိုင် ခင် ရုံးက ပါတီ ပွဲကို ကျွန်မ တို့ အားလုံး ပျော်ပျော်ရွှင်ရွှင် ဆင်နွဲ ကြပါတယ်။ Nix ကိုယ်တိုင် ကတော့ ဂါနာ သမ္မတ နဲ့ အစည်းအဝေး ရှိနေလို့ဆိုပြီး ပွဲ မတက်နိုင်ပါဘူး။ သူ့အချိန် တော်တော် များများကို အလုပ် အတွက် ပဲ ပေးထား ပုံရပါတယ်။ ကျွန်မ SCL မှာ အလုပ် စဝင်ချိန် လောက်မှာပဲ စကော့တလန် သား Tim နဲ့ စတွဲခဲ့ပါတယ်။ Tim က Nix လိုပဲ အဂ်လန် က ကျောင်းပြီး ထားပြီး စီးပွားရေး အကြံပေး အလုပ်လုပ်နေပါတယ်။ သူက အမြဲလိုလို ပျော်ပျော် ရွှင်ရွှင် နေတတ်သူ တစ်ယောက်ပါ။ ကျွန်မ Tim အကြောင်းကို ကျွန်မ အမေ ဆီ လှမ်းမပြောရသေးပေမယ့် ကျွန်မ ရဲ့ အလုပ်သသစ် အကြောင်းကို တော့ ပြောပြလိုက်ပါတယ်။ အမေ ကတော့ ကျွန်မ ရဲ့ Phd မပြီးဘဲနဲ့ တိုးလို့ တန်းလန်း ဖြစ်နေမှာ ကို စိုးရိမ်နေပါတယ်။ အမေ့ကို ကျွန်မ ပြီးအောင် လုပ်မှာပါ။ စိတ်မပူပါနဲ့ လို့ ပြောလိုက်ပါတယ်။
ဒီ ခရစ်စမတ် မှာ ကျွန်မ အိမ် မပြန်ဖြစ်ပါဘူး။ နိုင်ဂျီရီးယား ပရောဂျက် ကလဲ အချိန် မရွေး ရောက်လာနိုင်တာနဲ့ ရုံးမှာပဲ အလုပ်လုပ် နေဖို့ ဆုံးဖြတ် လိုက်ပါတယ်။ ဒါပေမယ့် ကျွနိမ တို့ ရုံးက ခရစ်စမတ် မတိုင်ခင် အထိ ပဲ ဖွင့်ပြီး နှစ်သစ် ကူးအထိ ပိတ်ထားမှာပါ။

နောက်ဆုံးမှာ Tim က သူ့မိသားစု ရှိတဲ့ စကော့တလန် ကို လိုက်လည် ဖို့ ဖိတ်ခေါ်တာနဲ့ ကျွန်မ အားလပ်ရက် တွေကို စကော့တလန် မှာ နေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ Tim မိဘ တွေရဲ့ အိမ် က စကော့တလန် ရဲ့ တောပိုင်း မှာ ဆောက်ထားတဲ့ ရှေးဟောင်း ၂ ထပ်အိမ် ပါ။ သပ်ရပ် လှပတဲ့ မျက်ခင်းစိမ်း ပေါ် မှာ Tim မိသားစု ဝင်တွေနဲ့ စကားပြောရင်း၊ ဝိုင်သောက်ရင်း နဲ့ အိမ်ပြန်ရောက် နေသလို ခံစားမှုမျိုး ရနေပါတယ်။

Tim မိဘ တွေရဲ့ အိမ် က တောပိုင်း မှာ ဖြစ်လို့ ဖုန်း ကွန်ယက် သိပ်မမိပါဘူး။ ဒါနဲ့ Tim မိဘ တွေကို ခွင့်တောင်းပြီး သူတို့ရဲ့ လိုင်းဖုန်း နံပတ် ကို အရေးပေါ် အတွက် ကျွနိမ အမေ၊ Nix, မင်းသား Idris နဲ့ နိုင်ဂျီးရီးယား ကိုယ်စားလှယ် တွေကိုပို့ပေးထားလိုက်ပါတယ်။
မက်ဒရစ် မှာ တုန်း က nix က အားလုံး အဆင်ပြေရင် ဒီ ပောဂျက် အတွက် နိုင်ဂျီးရီးယား တွေ အခု ရုံးပိတ်ရက် တွေ မှာ ဆက်သွယ်လာနိုင်တယ်။ ရွေးကောက်ပွဲ ကလဲ ကပ်နေတော့ ဒီ အချိန် အတွင်း အဆက်အသွယ် မလုပ်ရင် တော့ ပရောဂျက် မရတော့ဘူးသာ မှတ်လိုက်တော့လို့ ပြောဖူးပါတယ်။

တစ်ည မှာ Tim တို့ အိမ်ရဲ့ လိုင်းဖုန်း မည်လာပါတယ်။ Tim ရဲ့ ညီလေး က သွားကိုင်ပြီး ခင်များတို့ ဘာတွေ လာရောင်းနေတာလဲ ၊ ဘာမှ မလိုချင်ဘူးလို့ အော်ဟစ် ပြောဆိုနေတာ ကို ကျွန်မ အခန်းက ကြားနေရပါတယ်။ Tim အမေ လဲ အနားမှာ ရှိနေပါတယ်။ Tim အမေ က ကျွန်မ အရေးကြီးတဲ့ ဖုန်း စောင့်နေတယ် ဆိုတာ သိပါတယ်။ ခဏနေ တော့ Tim ညီလေး ကျွန်မ အခန်းကို မျက်နှာကြီး ရဲပြီး ရောက်လာပြီးတော့ " အမ ၊ အမရဲ့ဖုန်း၊ လစ်ဗျား က မင်းသား လ်ု့ ပြောတယ်" ဆိုပြီး လာပြောပါတော့တယ်။
ကျွန်မ လဲ အပြေးလေး သွားပြီး " ဟုတ်ကဲ၊ မင်းသား အမိန့်ရှိပါ" မင်းသားက ကျွနိမ ကို သတင်းကောင်း ပြောပြပါတယ်။ သူ Nix ကိုလဲ အကြောင်းကြားပြီး ဖြစ်တဲ့ အကြောင်း၊ အခုသူတို့ ပရောဂျက် ကိစ္စ ကို အမြန် ဆုံးဆွေးနွေးချင် တဲ့ အကြောင်း၊ သူတို့ အားလုံး ဝါရှင်တန် ဒီစီ မှာ ရောက်နေကြောင်း ပြောပါတယ်။

Nix က အားလပ်ရပ် ခရီး ထွက် နေလို့ ကျွန်မ ကိုပဲ အခုချက်ချင်း ပြင်ဆင်ပါလို့ မင်းသား က ပြောပါတယ်။ ဖုန်းချ ပြီးတော့ ကျွန်မ အသက်တောင် မရှုနိုင်ပါဘူး။ SCL က ကျွန်မ ကို လွှတ်မယ် မထင်ပါဘူး။ ရုံးမှာ ကျွန်မ ထက် စီနီယာ ကျသူတွေ အများကြီး ရှိပြီး ကျွန်မ က အခုမှ အလုပ်ဝင်တာ ၃ ပတ်ခွဲ ပဲ ရှိသေးတဲ့ ဝန်ထမ်း အသစ်တစ်ယောက်ပါ။
သိပ်မကြာပါဘူး။ နောက် ဖုန်းတစ်ခု ဝင်လာပါတယ်။ ဒီတခါ Nix ဆက်တာပါ။ Nix က နိုင်ဂျီးရီးယား တွေက လူကိုယ်တိုင် တွေ့ပြီး ပရောဂျက် အပြီးသတ် သဘောတူညီ မှုလုပ်ချင်တယ်။ ရုံးက လူတွေ အားလုံး လဲ ခရီးလွန် နေကြတော့ ခင်များ တစ်ယောက်ပဲ ရှိတော့တယ်။ ခင်များ ကိုယ့်ကိုကို သက်သေ ပြဖို့ အဆင်သင့်ပဲလားလို့ မေးပါတယ်။
ကျွန်မ ဒါကို လုပ်နိုင်မယ် ဆိုတာ ကိုယ့်ကိုကို တောင် မသိတော့ပါဘူး။

Nix က ခင်များ ဒီ ပရောဂျက်ကို တကယ်လိုချင်တယ် ၊ သူတို့ ဘက် ကလဲ အာပလာလုပ်နေတာ မဟုတ်ရင် ဒါ Now or Never ပဲလို့ ပြောပါတယ်။ ဒီ ပရောဂျက် ရရင် ကျွန်တော် ခင်များ အပေါ် အကြွေး တစ်ခု တင်သွားပြီးလို့ Nix က ပြောပါတယ်။

ဆက်ရန်။
ဘာသာပြန်ဆိုသူ: ရဲမင်းဝင်း

No comments: