Saturday, November 16, 2019

Targeted Book by Translation work: Chapter 2 : ဘက်ပြောင်းခြင်း

ကမ္ဘာနိုင်ငံ အသီးသီးက ရွေးကောက်ပွဲ တွေကို Social Media ကို အသုံးချ ပြီး မဲပေးသူတွေ ရဲ့ စိတ်ကို ဘယ်လို လွှမ်းမိုး နိုင်ခဲ့သလဲ ဆိုတာကို အတွင်းကျကျဖွင့်ချ ရေးထားတဲ့ Cambridge Analytica ကုမ္ပဏီ ရဲ့ ညွှန်ကြားရေး မှုးရဲ့ ဖြစ်ရပ်မှန် ကိုယ်တွေ့ စာအုပ်ကို ဘာသာပြန် ဖော်ပြခြင်း ဖြစ်ပါတယ်။ ကိုယ့်ရဲ့ သတင်းအချက်အလက် တွေကို ဘယ်လို ရယူနေတယ်၊ ဒီ အပေါိ မှာ နိုင်ငံရေး အမြတ် ထုတ်လိုသူတွေက ဘယ်လို အသုံးချ တယ်ဆိုတာ ကို သိလို သူများ အတွက် ဘာသာပြန် ဖော်ပြနေခြင်းဖြစ်ပါတယ်။
ရဲမင်းဝင်း
Targeted Chapter 2 Crossing Over (ဖြတ်ကျော်ခြင်း)
Part 1

October - December 2014
Nix နဲ့ တွေ့ပြီး လတော်တော် ကြာတဲ့ အထိ ကျွန်မ မှာ မိသားစု ငွေကြေး အခက်အခဲ ကိုဖြေရှင်းနိုင်မယ့် အလုပ် မရှိသေးပါဘူး။ ဒါနဲ့ပဲ 2014 oအောက်တိုဘာ မှာ ကျွန်မ သူငယ်ချင်း Chest ကိုဆက်သွယ်ပြီး ကျွန်မ အတွက် အဆင်ပြေမယ့် အချိန်ပိုင်းအလုပ်ဖြစ်ဖြစ် ကူညီ ရှာပေးဖို့ ပြောဖြစ်ပါတယ်။ Chest က ဒါဆို သူ့ ဝန်ကြီးချုပ် နဲ့ တွေ့ပေးမယ်။ သူ့ ဝန်ကြီးချုပ် က မကြာခင် ရွေးကောက်ပွဲ ဝင်ပြိုင်ရတော့မှာ ဖြစ်ပြီး ဒီတစ်ခေါက် မှာတော့ သူ ရှုံးနိမ့် နိုင်တယ် ဆိုတဲ့ စိုးရိမ်စိတ် ဝင်နေတယ် လို့ ပြောပါတယ်။ သူ ကျွန်မ ကို ဘယ်လို ကူညီ နိုင်မလဲ တစ်ချက် လောက် တွေ့ပြီး စကားပြောလိုက်ပါ လို့ ပြောပါတယ်။ ဒါကပဲ ကျွန်မ နဲ့ Nix ဒုတိယ အကြိမ် တွေ့ဖို့ အကြောင်းဖန် လာတာပါပဲ။ အဲဒီ နေ့က ကျွန်မ chest ရဲ့ ဝန်ကြီးချုပ် ကို တွေ့ဖို့ Gatwick လေဆိပ်ရဲ့ သီးသန့်ဆောင် ကို မနက်စောစော ရောက်နေပါတယ်။

လေဆိပ် ခန်းမ ဖွင့်လိုက်တာနဲ့ Nix ဝင်လာတာကို တွေ့ရတော့တာပါပဲ။ ကျွန်မ က ဒီ အစည်းအဝေး အတွက် ပထမ ဆုံးရောက်နေသူ ဖြစ်လို့ Nix ကို တွေ့တော့ ဝန်ကြီးချုပ် က ကျွန်မ တစ်ယောက်တည်းကို တွေ့ဖို့ မဟုတ်ဘူးဆိုတာ သဘောပေါက်လိုက်ပါတယ်။ Nix က ကျွန်မ ကို တွေ့တွေ့ချင်း ဒီမှာ ဘာလုပ်နေတာလဲ၊ ခင်များ ကျွန်တော့်ကို နောက်ယောင် ခံလိုက်နေတာတော့ မဟုတ်ပါဘူးနော် လို့ အရွှန်းဖောက်ပါတယ်။ ကျွန်မ က ဝန်ကြီးချုပ် နဲ့ တွေ့ဖို့ စောင့်နေတဲ့ အကြောင်းပြောပြတော့ သူလဲ ဒီ ဝန်ကြီးချုပ် ရဲ့ အရင် ရွေးကောက်ပွဲ တွေ အတွက်သူ အလုပ်လုပ်ပေးဖူးကြောင်း၊ အခု တခေါက် မှာ ကျွန်မ ရော ဝန်ကြီးချုပ် အတွက် လုပ်ပေးမယ် ဆိုတာ သိရလို့ ဝမ်းသာ ကြောင်းပြောပါတယ်။

ကျွန်မ ကို SCL Officer ကို လာလည် ပြီး သူတို့ လုပ်နေတာ တွေ လာကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။ ကျွန်မ စိတ်ထဲ မှာ သူနဲ့ တွေ့ဖို့ နည်းနည်းစိုးရိမ်စိတ် ရှိပေမယ့် သူရှိရာ SCL ရုံးခန်းကို သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ရက်အနည်းငယ် မှာပဲ Chest က ဖုန်းခေါ်လာပြီး သူရယ် ကျွန်မ ရယ် Nix ရဲ့ ရုံးခန်း ကို သွားပြီး သူ့ ဝန်ကြီးချုပ် အတွက် အလုပ်ကိစ္စ တိုင်ပင် ရအောင်လို့ ပြောလာပါတယ်။ ကျွန်မ ကိုယ် ကျွန်မ တောင် Nix နဲ့ အလုပ်တူတူ တွဲလုပ်ဖို့ကို idea ကို သဘောကျ နှစ်ခြိုက်မိတဲ့ အတွက် အံအားသင့်ရပါတယ်။ သူလို လူမျိုးနဲ့ တစ်ဦးနဲ့ တစ်ဦး ဆန့်ကျင်ပြီး ပြိုင်ဘက် အနေနဲ့ မဟုတ်ဘဲ အလုပ်တူတူ တွဲလုပ်ရမှာ ကောင်းပါတယ်လို့ တွေးမိပါတယ်။ October လလည် လောက်မှာပဲ ကျွန်မ Chest နဲ့ အတူ SCL office ကို ရောက်သွားခဲ့ပါတယ်။ ရုံးခန်း မှာ Nix နဲ့အတူ Kieran Ward နဲ့တွေ့ပါတယ်။ Karen Ward က Nix ရဲ့ ဆက်သွယ်ရေး ညွှန်ကြားရေးမှုး တာဝန်ယူထားပါတယ်။ သူ့ အသက် က ၃၀ ပတ်ဝန်းကျင် ပဲ ရှိသေးပေမယ့် နိုင်ငံရပ်ခြား က ရွေးကောက်ပွဲ တော်တော် များများရဲ့ အတွေ့အကြုံ ရှိထားသူ ပါ။

Nix က Chest ရဲ့ ဝန်ကြီးချုပ် မှာ အရေးကြီးတဲ့ အချိန် ရောက်နေပြီလို့ ပြောပါတယ်။ ဝန်ကြီးချုပ် မှာ နိုင်ငံရေးမာန ရှိနေပြီး ဒါက သူ့အတွက် ၅ ကြိမ်မြောက် ရွေးကောက်ပွဲပါ။ သူ့ကို သူ့ပြည်သူ တွေက ရာထူးက ဆင်းပေးဖို့ တောင်းဆို နေကြ ပါတယ်။ nix က သူ ဝန်ကြီးချုပ် နဲ့ တွေ့တုန်းက ဒီပွဲ မှာ ခင်များ အဆိုးဆုံးကို ပြင်ဆင် မထားရင် သေချာပေါက် ရှုံးမှာပဲ လို့ သတိပေးခဲ့တဲ့ အကြောင်း ပြောပါတယ်။ ရွေးကောက်ပွဲ က လာမယ့် နှစ်သစ် အစ မှာ လုပ်မှာ ဖြစ်လို့ အချိန် အများကြီး မကျန် တော့ပါဘူး။ Nix က SCL ရဲ့ အကြောင်း ခင်များ သေချာ မသိသေးဘူး ထင်တယ် လို့ ပြောပြီး သူ့ရဲ့ လက်တော့ကို ဖွင့်ပြီး ပါဝါပွိုင့် စလိုက် တချို့ကို ပြပါတယ်။ ကျွန်တော် တို့ မျိုးဆက် က ယေဘုယျ အားလုံးကို ပစ်မှတ်ထားတဲ့ ကြောငြာ တွေနဲ့ ဆို မထိရောက်ဘူးလို့ သူ့ရဲ့ presentation file ကို ဖွင့်ရင်း ပြောပါတယ်။ သူ့ရဲ့ စလိုက် တစ်ခု မှာ သမားရိုးကျ မဲဆွယ် ကြော်ငြာတွေက လူတစ်ယောက် ၊ အဖွဲ့အစည်း တစ်ခု ရဲ့ အမှတ် တံဆိပ်ကို လူတွေ ရင်းနှီးအောင် လုပ်နိုင်တာက လွဲပြီး လူတွေရဲ့ အပြုအမူ ကို မပြောင်းလဲ နိုင်ဘူးဆိုတဲ့ စာသားကို ဖတ်ပြပါတယ်။

သူ့ရဲ့ စလိုက် ထဲက Harrod Department Store ရဲ့ 50% လျော့စျေး ဆိုတဲ့ ကြောငြာရယ်၊ Mc Donald's နဲ့ Burger King ရဲ့ ကြော်ငြာ ကို ပြပြီး ဒီလို သမားရိုးကျ ကြော်ငြာ မျိုးက လူတွေရဲ့ အမှတ် တဆိပ် တစ်ခု အပေါ် သစ္စာ ရှိမှုကို လုပ်ပေးနိုင်ရုံက လွဲပြီး ဘာမှ မထူးခြားဘူးလို့ ပြောပါတယ်။ ဒီလို ကြော်ငြာမျိုး က ခေတ်မရှိတော့ဘူး၊ အရမ်း ဒိတ်အောက် နေပြီလို့ ဆက်ပြောပါတယ်။ Nix ဆက်ပြောတာက scl group ရဲ့ သတင်းအချက်အလက် ဖြန့်ဖြူးတဲ့ ပုံစံ က 21 ရာစု ကမ္ဘာအတွက် ရည်ရွယ်တယ်၊ ဒီလို မျိုးကို ဘယ်လို သမာရိုးကျ ကြော်ငြာ နည်းလမ်းတွေက မှ မလုပ်နိုင်ဘူး။ တကယ်လို့ client က customer အသစ် တွေဆီ ချည်းကပ်ချင်ရင် ခင်များ ဘယ်လို လုပ်မလဲ။ New customer ရဖို့က သူတို့ကို ချည်းကပ်ရုံနဲ့ မလုံလောက်ဘူး၊ သူတို့ကို ပြောင်းလဲ ပစ်ရမယ်။ တကယ်လို့ mc Donald က Burger King စားနေတဲ့ သူတွေကို သူ့ ပစွည်းပြောင်းစားအောင် လုပ်ဖို့ဆိုရင် သူတို့ဆီ ကို ကြော်ငြာ တွေ ပို့နေရုံနဲ့ အလုပ်မဖြစ်ဘူး၊ သူတို့ကိုယ်တိုင် Mc Donald ရဲ့ customer ဖြစ်လာအောင် ပြောင်းလဲ ရမယ်။

Nix က နောက် စလိုက် တစ်ခု ကို ပြောင်းရင်း ထိရောက်တဲ့ communication ဆိုတာ  ရဲ့ လူတစ်ယောက်ရဲ့ အပြုအမူ ကို  စပြီး ပြောင်းလဲ ပစ်နိုင် တဲ့ အချိန် က စတယ်လို့ ပြောပါတယ်။ နောက်ထပ် စလိုက် တစ်ခု မှာတော့ Behavioural Communication , အပြုအမူ ဆိုင်ရာ ဆက်သွယ်ရေး လို့ ရေးထားပါတယ်။ အဲဒီ စလိုက် မှာ စတုရန်း ပုံစံ အကွက် ထဲ မှာ လူတွေ ရေကူးနိုင်တဲ့ ဧရိယာ ဒီအထိ ပဲလို့ သတိပေး အရောင် အဝါရောင် နဲ့ ရေးထားပါတယ်။ နောက် တစ်နော မှာတော့ တြိဂံ အကွက် ထဲမှာ " ဤနေရာ တွင် တခါတရဲ ငါးမန်း တွေ့ရှိရသည်" လို့ ရေးထားပါတယ်။ ဒီ ပုံ ၂ ပုံကို ပြပြီး ကျွန်မ ကို ဒီ ကြော်ငြာ ၂ ခု မှာ ဘယ်ဟာ က ပိုထိရောက်နိုင်မယ် ထင်လဲ လို့ မေးပါတယ်။
လူတွေရဲ့ ငါးမန်း ပေါ် ကြောက်တဲ့ စိတ်ကို သုံးပြီး ခင်များရဲ့ ပင်လယ်ပြင် မှာ လူတွေ လာမကူးအောင် ဟန့်တားနိုင်တယ်လေ။ Nix ရဲ့ ခင်များရဲ့ ပင်လယ်ပြင် ဆိုတဲ့ ဥပမာ ကြားတော့ ကျွန်မ စိတ်ထဲ nix က အားလုံးကို သူ့ကိုယ်ပိုင် လို့ ယူဆ ပြီး အလုပ်လုပ်နေတာပဲ ဆိုတဲ့ အတွေးဝင်လာပါတယ်။ Nix ဆက်ပြောတာက SCL က တကယ်တော့ ကြော်ငြာ ဝန်ဆောင်မှု ပေးတဲ့ သာမာန် ကုမ္ပဏီ မဟုတ်ဘူး။ လူတွေ ရဲ့ အပြုအမူ ကို ပြောင်းလဲ ပေးတဲ့ ကုမ္ပဏီ ဖြစ်တယ်။ ရွေးကောက်ပွဲ တွေ မှာ မဲဆွယ်သမားတွေက ခုန က ပင်လယ် ကမ်းခြေ ဒီ မှ ဆုံးပြီ ဆိုတဲ့ ကြောငြာလို မထိရောက်တဲ့ ကြော်ငြာ မျိုးအတွက် ပိုက်ဆံ တွေ ဘီလီယံနဲ့ ချီ သုံးကြတယ်။ Nix ပြတဲ့ နောက် slide တစ်ခုက Mitt Rooney ရဲ့ ပုံရယ်၊ သူ မိန့်ခွန်းကို လူတွေ အားပေးနေတဲ့ အသံ တွေကို ရောစပ်ထားတဲ့ ဗွီဒီယို ကလစ် တစ်ခု။ အားကောင်းသော ခေါင်းဆောင် မှု အသစ် ဆီသို့ ဆိုတဲ့ မဲဆွယ်စာတမ်း ရေးထားတယ်။  မြက်ခင်းပစ် ပေါ် အမှိုက်မပစ်ရဆိုတဲ့ အမှတ်အသား မျိုးပါတဲ့ ပေါ်မှာ Romney, Santorum, Gingrich ဆိုတဲ့ နာမည် တွေ ရေးထားတယ်။ ဒီလို မဲဆွယ်ကြော်ငြာမျိုးက ကြည့်လိုက်တာနဲ့ အရမ်းရိုးရှင်းတယ်၊ လူတိုင်း ဒိလို ကြောငြာ မျိုးကို သတိထားမိ ဖို့ မလွယ်ဘူး။ Nix က ရီပြီးပြောတယ်။ ဒီလို ကြောငြာ တွေက  ဘယ်သူ တစ်ယောက် ကိုမှ ပြောင်းလဲ မပစ်နိုင်ဘူး၊ ခင်များ က ဒီမိုကရက် တစ်ယောက် ဆိုပါစို့၊ ဒီ Romney ရဲ့ မျကိနှာကို ကြောငြာ မှာ မြင်လိုက်တာနဲ့ ခင်များ အားပေးတဲ့ ပါတီ ဘက်ပြောင်းသွားမှာလား၊ ဘယ်ပြောင်းလိမ့်မလဲဗျ။ သူပြောတာကို ကျွနိမ တို့ အားလုံး ရီဖြစ်ကြတယ်။

ကျွန်မ အတွက် တော့ သူပြောတာ တွေ အားလုံးက အံ့သြ စရာ တွေ ချည်းပဲ။ ကျွန်မ ကိုယ်တိုင် ရွေးကောက်ပွဲ ဆိုင်ရာ မဲဆွယ် စည်းရုံးရေး နည်းတွေ နဲ့ ရင်းနှီးပြီးသားပါ။ ဒါပေမယ့် Nix ပြောတဲ့ စည်းရုံးနည်း မျိုးကို မစဥ်းစား မိဘူး။ ကျွန်မ လုပ်ခဲ့တဲ့ Obama ရဲ့ မီဒီယာ team က လုပ်ခဲ့တာတွေကို တော်တော် အဆင့် မြင့်ပြီ၊ နည်းပညာ မြင့်ပြီလို့ပဲ ထင်နေခဲ့တာ။ အဲဒီ ကမ်းပိန်း က social media ကို အသုံးပြုပြီး မဲပေးသူ တွေကို ပထမ ဆုံးဆက်သွယ်ခဲ့တဲ့ ကမ်ပိန်းပါ။ အဲဒီတုန်းက ကျွန်မ တို့ အဖွဲ့ Obama အတွက် My space, youtube, Pin terest, Flickr တို့မှာ post တွေ အများကြီးရေးပေးခဲ့တယ်။ Obama ရဲ့ ဆီနိတ်တာ Facebook Page ကို ကျွန်မ ပထမ ဆုံး လုပ်ပေးခဲ့တာပေါ့။ Obama ချီကာဂို ရုံးကို လာတုန်းက ကျွန်မ ကွန်ပြုတာ ပေါ်က သူ့ ဓာတ်ပုံကို လက်ညို့းထိုးပြီး ဟာ ဒါငါ့ပုဲံဟ လို့ ပြောတာကို ဂုဏ်ယူ ခဲ့ဖူးတယ်။ ခု Nix ပြောတာတွေ နဲ့ ချိန်ထိုးစဥ်းစားတော့မှ တကယ်တော့ အဲဒီတုန်းက ကျွန်မ တို့ ဘယ်သူ့ကို မှ မပြောင်းလဲ နိုင်ခဲ့ဘူးပဲ။ ကျွန်မ တို့ရဲ့ ပရိသတ် က Obama ကို နဂိုကတည်း က ထောက်ခံသူတွေပဲ။ တကယ်ဆို ကျွန်မ တို့က သူတို့ဆီ သွားတာ မဟုတ်ဘဲ သူတို့က ကျွန်မ တိူ့ဆီ လာတာလို့ ပြောလို့ရတယ်။ Nix ရှင်းပြတာက မဲဆွယ် ကြောငြာ တစ်ခု က လူတွေ လက်ခံ ရုံလောက်ပဲ ဆိုရင် သူလုပ်နိုင်တာ ရှိပြီးသား အမှတ်တဆိပ် တစ်ခု အပေါ် ထပ်ပြီး သစ္စာ ရှိဖို့ ပဲ လုပ်နိုင်တယ်။ ဘယ်သူ့ အပြုအမူကိုမှ မပြောင်းနိုင်ဘူး။ ကျွန်မ တို့ Obama အတွက် လုပ်ပေးခဲ့တာတွေက nix ပြတဲ့ ရေကူးနိုင်တဲ့ ပင်လယ် ဧရိယာ ကြော်ငြာလို၊ Romney ရဲ့ Video လို ဟာတွေ များတယ်။ Obama ကို ထောက်ခံသူတွေ သူ့ကို ပို ထောက်ခံလာတာပဲ ရှိတယ်။ မထောက်ခံသူကို ထောက်ခံလာအောင် မလုပ်နိုင်ခဲ့ဘူး။

 Nix ရဲ့ အယူအဆ အရဆို ကျွနမ တို့ လုပ်ခဲ့တာက Obama ထောက်ခံသူတွေကို သတင်းအချက်အလက် တွေ စုံပြုံနေအောင် ပေးပြီး မဟုတ်လဲ မဲပေးမယ့် သူကို သေချာပေါက် မဲပေးအောင် လုပိသလိုပဲ။ တကယ်တန်းတော့ မဲပေးတဲ့သူတွေ မလိုအပ် တဲ့ အချကအလက် တွေက ပိုများနေတယ်။ Nix က နောက်ထပ် slide တစ်ခု ကိုထပ်ပြပါတယ်။ Slide မှာ charts တွေ Graph တွေပါပြီး SCL က ထိရောကိတဲ့ မဲဆွယ်စည်းရုံးရေး နည်းကို သိပ္ပံနည်းကျ နည်းလမ်းတွေ နဲ့ ဘယ်လို လုပ်သလဲ ဆိုတာ တွေပါတယ်။ SCL က ရွေးကောက်ပွဲ မတိုင်ခင် ကတည်းက သုတေသန အကြီးအကျယ် လုပ်ပါတယ်။ သုတေသန က ရတဲ့ အချက်အလက် တွေကို Data scientists ကခွဲခြမ်းစိတ်ဖျာပြီး ပစ်မှတ်ထားရမယ့် မဲပေးသူ အုပ်စု တွေကို ခွဲပါတယ်။ ခွဲခြားပုံကတော့ မဲပေးသူ တစ်ဦးချင်းစီ ရဲ့ မတူ ကွဲပြားတဲ့ အချက် တွေ ပေါ် မူတည် ပြီးတော့ပေါ့။
ကျွန်မ ကိုယ်တိုင် Obama ကမ်ပိန်း တုန်းက မဲပေးသူ အုပ်စု ခွဲတဲ့ အခြေအနေ ပေါ် ဂုဏ်ယူဖူးပါတယ်။ အဲဒီတုန်းက မဲပေးသူ တွေကို သူတို့ အာရုံစိုက်တဲ့ ပြဿနာ အမျိုးအစား၊ ဘယ်ပြည်နယ် မှာ နေတာလဲ၊ အမျိုးသား လား အမျိုးသမီးလား အစရှိသည် ဖြင့် ခွဲခြားခဲ့တာပါ။ အခု Nix ရဲ့ နည်းလမ်း တွေကတော့ သမားရိုးကျ အုပ်စုခွဲနည်း ဆျုတဲ့ နည်းလမ်း တွေထက် ပိုပြီး အဆင့်မြင့်၊ ပိုပြီး အသေးစိတ် ပါတယ်။Nix ပြောတာက ၁၉၆၀ လောက်တုန်းက ဆက်သွယ်ရေး ဆိုတာ အပေါ်အောက် ၊ ၂၀၁၄ ကျတော့ အောက်ကနေ အပေါ် ကို ပြန်တက်တယ်။ လက်ရှိ မှာတော့ data ရယ်၊ ခွဲခြမ်း စိတ်ဖြားနိုင်တဲ့ နည်းပညာရယ် တွေ ကြောင့် လူတစ်ယောက် ချင်းစီ ရဲ့ အကြောင်းကို ပိုသိလာတယ်။ လူတွေ ဘာကို လိုအပ်နေသလဲ၊ သူတို့ကို ပြောင်းလဲ ဖို့ ဘယ်လို သတင်းစကား ပေးပို့ရမလဲ ဆိုတာ တွေကို Data scientists တွေက ကောင်းကောင်းသိတယ်။
nix ရဲ့ နောက် slide တစ်ခုမှာတော့ Data Analytic, Social Science, Behavior and Psychology လို့ရေးထားပါတယ်။ Cambridge Analytical ဆိုတာ SCL ရဲ့ BDI, Behaviour Dynamic Institute ဆိုတဲ့ ယူနစ် က နေ ပေါ်ထွက်လာတာပါ။ BDI မှာ တက္ကသိုလ် ကျောင်းပေါင်း ၆၀ ကျော် နဲ့၊ စိတ်ပညာရှင် တွေ တစ်ရာ ကျော် ရှိပါတယ်။ ဒီစိတ်ပညာရှင် တွေ က ရလာတဲ့ data တွေ ပေါ်ကနေ မဲပေးသူ တွေရဲ့ ရှုပ်ထွေးတဲ့ စိတ်နေသဘောထား နဲ့  သူတို့ ရဲ့ အပြုအမူကို ပြောင်းနိုင်မယ့် သတင်းအချက်အလက် တွေ အတွက် အလုပ်လုပ်ကြပါတယ်။
Data Modeling ကနေ တဆင့် အရမ်းကို တိကျ တဲ့ alogrithm တစ်ခု ရရှိလာပါတယ်။ ဒီ alogrithm က လူတစ်ယောက်ချင်းစီ အတွက် သီးသန့် ပြုလုပ်ထားတဲ့ message တစ်ခု ရရင် သူတို့ရဲ့ အပြုအမူ ဘယ်လို ပြောင်းလဲ သွားနိုင်မလဲ ဆိုတာ အတိအကျ ခန့်မှန်း နိုင်ပါတယ်။

Nix ရဲ့ presentation အဆုံးမှာတော့ Nelson Mindela ရဲ့ ပုံပေါ်လာပါတယ်။ ကျွန်မ အရင် က Mindela နဲ့ အတူတူ Robin Island မှာ အကျဥ်းချ ခံထားရတဲ့ Robbin ဆိုသူ နဲ့ အလုပ်တူတူ လုပ်ဖူးပါတယ်။ တောင်အာဖရိက ရဲ့ အမျိုးသမီး နေ့ ပွဲ အတွက် Mindela ရဲ့ မိတ်ဆွေ Winnie နဲ့လဲ အလုပ်လုပ်ဖူးပါတယ်။ ဒါပေမယ့် ကျွန်မ ကိုယ်တိုင် Mindela ကို ကိုယ်တိုင် တွေ့ပြီး လက်ဆွဲ နှုတ်ဆက် ဖို့ အခွင့်အရေး ကို မရခဲ့ပါဘူး။
Nix က ၁၉၉၄ မှာ SCL က တောငိအာဖရိက အတွက် အလုပ်လုပ် ပေးဖူးတယ် ပြောပါတယ်။ တောင်အာဖရိက စမိုင်း မှာ ရာဇဝင်တင်မယ့် ရွေးကောက်ပွဲ မှာ အကြမ်းဖက်မှု တွေ မဖြစ်အောင် လုပ်ရတဲ့ ပရောဂျက် ပါ။ ဒီ ပရောဂျက် က တောင်အာဖရိက ရဲ့ ရွေးကောက်ပွဲ ချောချော မွေ့မွေ့ ပြီးသွားဖို့ အများကြီး အကူအညီ ပေးနိုင်ခဲ့ပါတယ်။ ဒါကို ကြားရတော့ ကျွန်မ SCL နဲ့ Nix အပေါိ အထင်မကြီးဘဲ ကို မနေနိုင်တော့ပါဘူး။
Nix အရေးကြီး အလုပ်ကိစ္စ ပေါ်လာပြီး အခန်းအပြင် ခဏ ထွက်သွားတဲ့ အခါ Karen Ward က SCL လုပ်ခဲ့ တဲ့ အလုပ်တွေ အကြောင်းဆက်ပြောပါတယ်။
SCL က တောင်အာဖရိက ရွေးကောက်ပွဲ အတွက် လုပ်ပေးပြီးနောက် မှာ ကင်ညာ၊ စိန့်ကစ်၊ ဆန်တာ လူစီကာ၊ ထရီနီ ဒတ် တိုဘားကိုး နိုင်ငံ တွေရဲ့ ရွေးကောက်ပွဲ တွေအတွက် ဆက်ပြီး အလုပ်လုပ်ပေးပါတယ်။ September 11 အဖြစ်အပျက် ပြီးမှာတော့ ကုမ္ပဏီ အနေနဲ့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး ဌာန အတွက် ပါ အလုပ်တွေ လက်ခံ လုပ်ပါတယ်။ အမေရိကန် ရဲ့ ပြည်တွင်းလုံခြုံရေးဌာန၊ CIA, NATO, FBI, နဲ့ ပြည်နယ် အစိုးရ တွေ အတွက်ပါ  ပရောဂျက် တွေ လက်ခံ လုပ်ပေးပါတယ်။ ပင်တဂွန်ကို ကုမ္ပဏီ က ဝန်ထမ်း အချို့ လွှတ်ပြီး ကာကွယ်ရေးဆိုင်ရာ အသိပညာ တွေ အတွက် သင်တန်း စေလွှတ် တာမျိုးတွေပါ ရှိခဲ့ပါတယ်။
SCL မှာ လူမှုရေး ဌာန လဲ ရှိပါတယ်။ ဒီ ဌာန က လူထုကျန်းမာရေး အြေခပြု ပရောဂျက် တွေ ဖြစ်တဲ့ အာဖရိက နိုင်ငံ က လူတွေ ကွန်ဒုန်း အသုံးပြုဖို့အိန္ဒိယမှာ သန့်ရှင်းတဲ့ ရေ သောက်သုံးဖို့ အစ ရှိတဲ့ ကမ်ပိန်း တွေကိုလဲ လုပ်ခဲ့ပါသေးတယ်။ ကုလသမဂ္ဂ  အဖွဲ့အစည်း တွေ နဲ့ လဲ အဆက်အဆံ ရှိပြီး လူမှုရေး ဆိုင်ရာ ပရောဂျက် တွေ အများအပြားကို လဲ လုပိခဲ့ပါတယ်။

ကျွန်မ အတွက် တော့ SCL အကြောင်းပိုသိလေလေ ၊ ပိုပြီး အထင်ကြီး လေလေပါပဲ။ ကျွန်မ တို့ အစည်းအဝေးပြီး တဲ့ ည မှာ Nix တို့ လူစု နဲ့ ညစာ အတူစားတော့ ကျွန်မ nix အပေါ် ပိုပြီး ရင်းနှီးလာတယ် လို့ ခံစားရပါတယ်။ သူ့မှာ ကျွန်မ ထင်ထားတာထက် ပိုတဲ့ ကမ္ဘာကြီးကို ပိုသိတဲ့ အမြင် ရှိနေပါတယ်။ Nix က မန်ချက်စတာ တက္ကသိုလ် က သမိုင်းဘာသာ ရပ် နဲ့ ဘွဲ့ရထားတာပါ။ သူ ဘွဲ့ရပြီးတော့ မက်ဆီကို၊ အာဂျင်တီးနား နိုင်ငံ တွေ မှာ အလုပ်လုပိပါသေးတယ်။ ပြီးတော့ England ကို ပြန်လာပြီး SCL မှာ အလုပ်စဝင် ခဲ့တာပါ။ သူ့အနေ နဲ့ SCL ကိုလက်ရှိ အခြေ အနေ ထက် ပိုလုပ်နိုင်စေချင် ပုံရပါတယ်။ သူကိုယ်တိုင် အင်ပါယာ အသေးလေး တစ်ခု ကို ၁၀ စုနှစ် တစ်ခု လောက် အတွင်း အစ ကနေ တည်ဆောက်မယ့် ပုံပါ။
ကျွန်မ လဲ သူ့ကို ကျွန်မ ရဲ့ ဟောင်ကောင်၊ Hague, အီးယူ ပါလီမန် တွေပါ လုပ်ခဲ့တဲ့ အတွေ့အကြုံတွေ ပြောပြပေမယ့် ကျွန်မ ရဲ့ မဲဆွယ် စည်းရုံးရေး အတွေ့အကြုံကို တမင် မပြောဘဲ ချန်ထားလိုက်ပါတယ်။ သု့ရဲ့ Cambridge Analytica က ကျွန်မ မထောက်ခံတဲ့ ပါတီ အတွက် အလုပ်လုပ်ပေးနေတာဆိုတော့။
ညစာ စားပွဲ အပြီး ပြန်ခါနီး နှုတ်ဆက်တော့ nix က ကျွန်မ ကို ပြောပါတယ်။ " ခင်များလို လူက အခွင့်အရေး ကိုထိုင်စောင့်နေမယ့် လူမဟုတ်ပါဘူး၊ ဟုတ်တယ် မဟုတ်လား"

နောက်ရက် မနက် Chester က ကျွန်မ ဆီ ဖုန်းခေါ်ပြီး nix က ကျွန်မ ကို တရားဝင် အလုပ် အင်တာဗျူး အတွက် လာပါလားလို့ ဖိတ်ခေါ်တယ် ဆိုတာ သိရတော့ ကျွန်မ အရမ်း မအံသြ တော့ပါဘူး။ Nix က ကျွန်မ လို လူတွေ ရှာဖွေနေမယ် ဆိုတာ သိပြီးသားပါ။ ကျွန်မ က ရှားပါး ပညာရှင် တစ်ယောက် ဖြစ်နေလို့တော့ မဟုတ်ပါဘူး၊ သူ့ အလုပိအတွက် တော့ ကျွန်မ လို လူက အသင့်တော် ဆုံး ဖြစ်မှာပေါ့။ ဒါပေမယ့် Cambridge Analytica မှာ အလုပ်လက်ခံ ဖို့ ဆုံးဖြတ် ရခက်နေပါတယ်။ England က ကုမ္ပဏီ အသေးလေး က ကမ္ဘာ့နိုင်ငံရေး ကို ကိုင်လှုပ်ပစ်နိုင်တဲ့ စွမ်းအား ရှိတယ်ဆိုတာ ကျွန်မ သိပါတယ်။ တဖက် မှာလဲ သူတို့ရဲ့ အတဆင့်အတန်း မြင့်တဲ့ နည်းပညာ တွေက လူတွေရဲ့ ကောင်းကျိုး အတွက် သုံးနိုင်တယ် ဆိုတာ သိနေပါတယ်။ သူတို့ရဲ့ အမေရိက က client က ကျွန်မ နဲ့ ဆန့်ကျင်ဘက် ဖြစ်နေတာ တစ်ခု ထဲပါပဲ။ ကျွန်မ က ဒီမိုကရက်ကို စိတ်ထဲ အသည်းထဲ က ထောက်ခံသူလေ။
ကျွန်မ အခုအချိန်မှာတော့ အလုပ်လိုအပိနေပါတယိ။ ကျွန်မ အတွက်  ပထမ ဦးစားပေး အလုပ်မဟုတ်တောင်မှ  ပိုက်ဆံ တွေ အများကြီး ရမယ့် အလုပ်ကို လုပ်ပေးဖို့  မစိုးရိမ်ပါဘူး။ ကျွန်မ Howard Dean နဲ့ John Kerry အတွက်ဆိုရင် စေတနာ့ ဝန်ထမ်း ၊ လစာ မရဘဲ နဲ့ လုပ်ခဲ့တာပါ။ အဲဒီတုန်းကဆို ကျွန်မ အသက် ၁၅ နှစ်ပဲ ရှိပါသေးတယ်။ ပိုက်ဆံ လိုလာပြီးဆိုရင် ဘားတွေ မှာ အရက်ဖျော်စပ်တာ၊ သန့်ရှင်းရေး လုပ်တာ တွေလဲ လုပ်ဖူးပါတယ်။ ၂၀၁၂ ကျွန်မ ရဲ့ Mphil/Phd စလုပ်တော့ ကျွန်မ ပွဲစီစဥ် တဲ့ ကုမ္ပဏီ တစ်ခုစထောင်ပါတယ်။ အဲဒီ ကုမ္ပဏီ က အစိုးရ အရာရှိ တွေ၊ စီးပွားရေး သမားတွေ အာရပ် နွေဦး အပြီး လစ်ဗျား ပြန်လည် တည်ထောင်ရေး အတွက် ဆွေးနွေး ပွဲတွေ လုပ်ဖို့ စီစဥ်ပေးရတာပါ။ UK ရဲ့ ကုန်သွယ်ရေး နဲ့ ရင်းနှီးမြှပ်နံရေး ကော်မရှင် အတွက် စီးပွားရေး လုပ်ဖို့ ခက်ခဲတဲ့ အီသီယိုးပီးယား မှာ သံတမန် ဆက်ဆံရေးနဲ့ စီးပွားရေး အခွင့်အလမ်း တွေ အတွက် လုပ်ပေးရတဲ့ Operation Director အလုပ်ကိုလဲ အချိန် ပိုင်း လုပ်ဖူးပါတယ်။ ၂၀၁၄ အစောပိုင်း မှာ ကျွန်မ အတွေ့အကြုံတွေ နဲ့ ကိုက်မယ့် RFH ready for Hillary ကမ်ပိန်း အတွက် အလုပ်လုပ်ဖို့ စိတ်ဝင်စားပေမယ့် လစာနည်းတာရယ်၊ ကမ်ပိန်းက ချက်ချင်း မစနိုင်တာရယ် ကြောင့် မလုပ်ဖြစ် ဘဲ Phd လုပ်နေစဥ် ကာလ မှာ အလုပ် မရှိ ဖြစ်နေခဲ့တာပါ။

ကျွနိမ အလုပ်ချင် ဆုံးအလုပ်ဖြစ်တဲ့ လူ့အခွင့်အရေး ရှေ့နေ ရုံး မှာ လုပ်ဖို့စီစဥ်ပါသေးတယ်။ Dough Street လမ်းမှာ ဖွင့်ထားတဲ့ John Jones ဥပဒေ အတိုငိပငိခံ ရုံးမှာပါ။ John က ကမ္ဘာ့ လူဆိုးတွေ ဖြစ်တဲ့ ကဒါဖီ၊ ကဒါဖီရဲ့သား၊ လိုင်ဘောရီးယား သမ္မတ တိုင်လာတို့ ကို တရားစွဲဆိုဖို့ ရှေ့နေ လိုက်ခဲ့သူပါ။ ဒါပေမယ့် သူကိုယ်တိုင် ကျွန်မ ကို ခန့်ထားဖို့ လိုအပ်တဲ့ အလှုငွေ ကိုမရှာ နိုင်ခဲ့တော့ ဒီအလုပ် မှာ လဲ မလုပ်ဖြစ်ခဲ့ပါဘူး။
လက်ရှိ ကျွန်မ တို့ မိသားစု ရဲ့ စီးပွားရေး အခြေအနေ က တကယ်ပဲ ကြပ်တည်းနေပါတယ်။ 2008 မှာ ဖြစ်ခဲံတဲ့ Mortgage crisis ကြောင့် ကျွန်မ အဖေ လဲ စီးပွားပျက်ပြီး စိတ်ကျ ရောဂါ ရခဲ့ပါတယ်။
ဒါကြောင့် လောလောဆယ် အြေခအနေ အတွက် SCL က ကမ်းလှမ်း တဲ့ အလုပ်ကို ကျွန်မ ဂျီးများနေလို့ မဖြစ်တဲ့ အနေအထားပါ။ ဒီ အလုပ်ကို လက်ခံလိုက်ရင် ကျွန်မ အိမ်ရဲ့ ငွေကြေး အခက်အခဲ ကို ဖြေရှင်း နိုင်မယ့် အပြင် ကျွန်မ ရဲ့ Phd ကိုလဲ ပြီးအောင် အေးအေးဆေးဆေး လုပိနိုင်မယ်လို့ ထင်ပါတယ်။
ဒါနဲ့ ကျွန်မ လဲ nix ကမ်းလှမ်းတဲ့ အင်တာဗျူးကို သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျွန်မ ရောက်သွားတဲ့ အချိန် nix က အရေးကြီး တဲ့ ဖုန်း တစ်ခု ပြောနေပြီး အလုပ်များနေပါတယ်။ ကျွန်မ ကို စာမျက် နှာ ၆၀ လောက်ရှိမယ့် ဖိုင်တွဲ တစ်ခု လှမ်းပေးပြီး စောင့်နေတုန်း မှာ ဖတ်ထားဖို့ ပြောပါတယ်။ အဲဒီ ဖိုင်တွဲ က SCL ကုမ္ပဏီ အကြောင်းရေးထားတဲ့ brochure ပါ။ အဲဒီမှာ psyops ဆိုတဲ့ စကားလုံးတစ်လုံးကို တွေ့ရပါတယ်။ ဒီ အသုံးအနှုံးကို ကျွန်မ ရင်းနှီးပါတယ်။ အရှည် က psychological operation, စိတ်ဓာတ် စစ်ဆင်ရေး ဆိုတဲ့ အသုံးအနှုန်းဖြစ်ပြီး အရင်ကတော့ စစ်ပွဲ တွေ မှာ သုံးခဲ့တဲ့ ထိရောက် တဲ့ လက်နက် တစ်ခု ဖြစ်ပါတယ်။
ဒါပေမယ့် ဒီ စိတ်ဓာတ်စစ်ဆင်ရေးကို ပဲ ငြိမ်းချမ်းရေး ကိစ္စ တွေ မှာ သုံးနိုင်ပါတယ်။ ဥပမာ အာရပ် လူငယ် တွေ အယ်ကေးဒါး အဖွဲ့ဝင်မဖြစ်အောင်၊ အာရပ် ဒေသ တွေ မှာ ငြိမ်းချမ်းရေး ရအောင် ဒီ ဗျူဟာ ကို သုံးလို့ရပါတယ်။

ကျွန်မ SCL ရဲ့ brochure ဖတ်ကြည့်နေတုန်း မှာ Nix က သူ့ ရုံးခန်းထဲကို လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။ သူ့လို လူမျိုးရဲ့ ရုံးခန်း က ဘယ်လို ပုံစံ ဖြစ်မလဲ ဆိုတာကို စိတ်ဝင်စားမိတာ အမှန်ပါ။ လက်တွေ့မှာ တွေ့လိုက်ရတာက တော့ သာမန် မှန်တွေ ကာရံ ထားတဲ့ ရိုးရိုး ရှင်းရှင်း ရုံးခန်း ပါပဲ။ဓာတ်ပုံ တွေ၊ ဆုတံဆိပ် တွေ ဘာမှ ချိတ်ဆွဲထားတာ မရှိပါဘူး။ အလုပ်စားပွဲ တစ်ခု၊ ကုလားထိုင် ၂ လုံး ၊ ကွန်ပြူတာ တစ်စုံ နဲ့ စာအုပ် စဥ် ခပ်သေးသေး ပဲ ရှိပါတယ်။ Nix က ကျွန်မ SCL မှာ အလုပ်လုပ် ဖို့ ဘာလို့ စိတ်ဝင်စား သလား လို့ စမေးပါတယ်။  ကျွန်မ ကို ဒီလာဖို့ ရှင်ပဲ ဖိတ်ခေါ်တာလေ၊ လို့ ပြန်ပြောတော့ သူ ရီပါတယ်။ သူ့မှာ ဖိအား တချို့ ရှိနေတယ် ဆိုတာ ကျွန်မ ခန့်မှန်း မိပါတယ်။ ကျွန်မ ဗြိတိန် အစိုးရ အတွက် နိုင်ငံတကာ ကျန်းမာရေး ညီလာခံ တစ်ခုကို ဦးစီးဆောင်ရွက် ပေးဖူးကြောင်း သူ့ကို ပြောပြလိုက်ပါတယ်။ ဒီလို ညီလာခံ နောက်တစ်ခု ထပ်လုပ်ဖို့ ရှိကြောင်း၊ ဒီ တစ်ခါ တော့ လုံခြုံရေး နဲ့ ပတ်သတ် တဲ့ ခေါင်းစဥ် ဖြစ်မယ့် အကြောင်း ပြောတော့ သူ ငြိမ်ငြိမ် သက်သက် ပဲ နားထောင် နေပါတယ်။ သူ သူ့ကုမ္ပဏီ အကြောင်း ပြောပြတာတွေက ကျွန်မ အတွက် ပိုပြီး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ စကားပြောနေရင်းနဲ့ ကျွန်မ သူ့စာအုပ်စဥ်ကို တချက် ကြည့်မိပါတယ်။ သူ ကျွန်မ ကြည့်နေတာလဲ တွေ့တော့ သူ က ရယ် ပြီး ဒါ ကျွန်တော့်ရဲ့ ဖက်စစ် စာပေ နေလေလို့ ပြောပါတယ်။ သူ ဘာဆိုလိုလဲ နားမလည် ပေမယ့် သူနဲ့ အတူတူ ရောယောင် ရယ်မိပါတယ်။ သေချာတာ ကတော့ သူ့စာအုပ်စဥ် ပေါ် မှာ စနိုးစနောင့် ဖြစ်စရာ တခုခု ရှိနေပုံပါပဲ။

ကျွန်မ အရှေ့အာဖရိက ရဲ့ လူထု ကျန်းမာရေး ပရောဂျက် တွေ အကြောင်း ပြောတော့ သူ ထိုင်နေရာက ထပြီး ဒါဆို ခင်များ နဲ့ တွေ့ပေးချင် တဲ့ လူတစ်ချို့ ရှိတယ်လို့ ပြောပါတယ်။ သူ ကျွန်မ ကို ရုံးခန်း အကျယ်ကြီး တစ်ခု ထဲ ခေါ်သွားပြီး အမျိုးသမီး ၃ ဦး နဲ့ မိတ်ဆက်ပေးပါတယ်။ တစ်ယောက် ချင်းစီ က စိတ်ဝင်စားစရာ ကောင်းပြီး သူတို့အားလုံးမှာ အလုပ်အပေါ် စိတ်အားထက်သန် မှု အပြည့် ရှိနေတာ ကို သတိထားမိပါတယ်။
တစ်ယောက် က ဓနသယာယ နိုင်ငံ အတွင်းရေးမှုးရုံးမှာ ကာကွယ်ရေး သံတမန် ဆက်သွယ်ရေး အလုပ်ကို လုပ်နေတာ ဆယ်စုနှစ် တစ်ခု ကျော်ပါပြီ။ အဲဒီ အလုပ်က ကင်ညာနဲ့ ဆိုမာလီယာ နိုင်ငံက လက်နက်ကိုင် တွေ ဖမ်းဆီးခံရတဲ့ ပြည်သူ တွေကို ကာကွယ်ပေးရတဲ့ အလုပ်ပါ။ သူ့နာမည် က Sabhita Raju လို့ ခေါ်ပြီး သူက ကျွန်မ ရဲ့ အလုပ်ချင် ဆုံးအိမ်မက် အလုပ်ကို လုပ်ဖူးသူဖြစ်ပါတယ်။ အခုတော့ SCL မှာ ရောက်နေပြီပေါ့။
နောက် တစ်ယောက် ကတော့ နိုင်ငံ တကာ ကယ်ဆယ်ရေး ကော်မတီ IRC ရဲ့ Operation Director ဟောင်းပါ။ သူ့နာမည် က Ceris Balies လို့ ခေါ်ပြီး ၁၅ နှစ်တာ ကာလ မှာ လူ့အသက်ပေါင်း များစွာ ကို ကယ်တင်ဖူးသူပါ။
နောက်တစ်ယောက်ကတော့ ကုလသမဂ္ဂ ကနေ သူ့ရဲ့ သဘာဝ ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်း တွေ အတွက် ဆုတံဆိပ် တွေ ရထားသူ ပါ။ သူက လစ်သူယေးနီးယား က ဖြစ်ပြီး လစ်ဘရယ် ပါတီ အတွက် အလုပ်လုပ်ပေးဖူးပါတယ်။ သူ့နာမည် ကတော့ Laura Hanning Scarborough လို့ ခေါ်ပါတယ်။
ကျွန်မ သူတို့ အားလုံးကို တွေ့ရတာ ဝမ်းသာ မိပါတယ်။ သူတို့ အားလုံး SCL ကို မရောက်ခင် လူသားချင်းစာနာတဲ့ လုပ်ငန်း တွေ မှာ တူညီတဲ့ အတွေ့အကြုံတွေ ရှိလို့ SCL ကို ရွေးချယ်ရတဲ့ အကြောင်းရင်း ကောင်းကောင်း တစ်ယောက်စီ မှာ ရှိမှာပဲလို့ တွေးမိပါတယ်။
သူတို့ အားလုံးလဲ ကျွန်မ အတွေအကြုံတွေကို စိတ်ဝင်စားကြပါတယ်။ ကျွန်မ တောင်အာဖရိက ရဲ့ အရှေ့ဘက် ခြမ်း မှာ လုပ်ခဲ့တုန်းက စေတနာ့ ဝန်ထမ်း ၆၇ ယောက်ကို Pienaar မြို့ကို ခေါ်လာပြီး ကလေးတွေ အတွက် သချ်ာ၊ သိပ္ပံ နဲ့ အဂ်လိပ် ဘာသာရပ် တွေ သင်ကြားပေးတဲ့ အလုပ် လုပ်ဖူးပါတယ်။ ကျွန်မ ရဲ့ အီယူ ပါလီမန် မှာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံခြားရေး မူဝါဒ မှာ မြောက်ကိုးရီးယား ကို ဦးစားပေး စဥ်းစား ဖို့ လော်ဘီ လုပ်ပေးရတဲ့ project ကိုလဲ သူတို့ကို ပြောပြ ပါတယ်။ ကျွန်မ အရမ်းစိတ်ဝင်စား ရတဲ့ အီဘိုလာ ရောဂါ ဖြစ်ပွားဖူးတဲ့ ဆီရာလီယွန် နဲ့ လိုင်ဘေးရီးယားတွေ က အလုပ်တွေကိုလဲ ပြောပြ ဖြစ်ခဲ့ပါတယ်။
သူတို့ အားလုံး ကျွန်မ ရဲ့ အရင် ပရောဂျက် တွေက အတွေ့အကြုံတွေကို SCL ကို ယူလာမယ့် အြေခအနေ ကိုစိတ်လှုပ်ရှားနေကြပါတယ်။
အင်တာဗျူး ပြီး မကြာပါဘူး၊ Nix ကျွန်မ ကို ဖုန်းခေါ်ပြီး အလုပ်ခန့်လိုက်ပြီး ဖြစ်ကြောင်း အကြောင်းကြားပါတယ်။ ရာထူးကတော့ ကျွန်မ လုပ်ချင်တဲ့ အကြံပေး Consultant ရာထူးပါပဲ။
ခင်များ ပရောဂျက် တွေရဲ့ ကုန်ကျစားရိတ် တွေကို SCL က အကုန်အကျ ခံပေးမှာ မကောင်းဘူးလားဗျာလို့ ကျွန်မ ကို မေးပါတယ်။ SCL က ထူးချွန် တဲ့ လူတွေကို ငှားရမ်းပြီး နောက်ဆုံးပေါ် နည်းပညာ တွေ ၊ နည်းစနစ် တွေသုံးပြီး Data အသုံးပြုရတဲ့ ဆက်သွယ်ရေး နည်းလမ်းကို ဘယ်လိုသုံးရသလဲ ဆိုတာ သင်ယူလေ့လာစေပါတယ်။ ကျွန်မ အနေနဲ့ကတော့ ဒါတွေ ဘယ်လို အလုပ်လုပ်သလဲဆိုတာ အနီးကပ် လေ့လာခွင့်ရပြီး ကျွန်မ ရဲ့ Phd စာတမ်း အတွက်လဲ အထောက်အကူ အများပြီး ဖြစ်စေမှာပါ။

အလုပ်က သက်တောင့် သက်သာ ရှိတဲ့ အလုပ်ပါ။ ဒီအလုပ်ကို အသုံးချပြီး ကျွန်မ ရဲ့ အိမ်မက် တွေကို အကောင်အထည်ဖော်နိုင်ပါလိမယ်။ ကျွန်မ ရဲ့ သံတမန် ဖြစ်ချင်တာ၊ နိုင်ငံတကာ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူ ၊ David Axelord နဲ့ Jim Messina တို့လို နိုင်ငံရေး အကြံပေး  ၊ အံဒီလို အိမ်မက်မျိုးတွေပေါ့။
ဒီအလုပ် က ကျွန်မ အတွက် တော့စိတ်ဝင်စားစရာ တွေ အပြည့်ပေမယ့် တဖက် မှာလဲ ကိုယ့်စိတ် သဘောထားနဲ့ မကိုက်ညီ တာ တစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ ကျွန်မ က ရီပါဘလစ်ကန် ကိုထောက်ခံသူ မဟုတ်လို့ပါ။ Cambridge Analytica က Ted Cruz ကမ်ပိန်း အတွက် မကြာခင်က ပဲ စာချုပ်ချုပ်လိုက်ပြီး Nix ကိုယ်တိုင် ကလဲ အမေရိကားရဲ့ ရီပါဘလစ်ကန် ပါတီ ကို သူ့ client ဖြစ်စေရမယ်လို့ ကျုံးဝါးထားပါတယ်။
ကျွန်မ အနေနဲ့ အခုအချိန် ပိုက်ဆံ ကို အသည်းအသန် လိုအပ် နေပေမယ့် ဒီအလုပ် မှာ တစ်သက်လုံးလုပ်ဖို့တော့ စိတ်မကူးပါဘူး။ လစာကောင်းတဲ့ အကြံပေး အလုပ်မှာ ခဏ လုပ်ပြီး ကျွန်မ လုပ်ချင်တဲ့ တခြားအရာ တွေ အတွက် ခဏ သည်းခံ ရမှာပဲလို့ တွေးမိပါတယ်။

Nix က ကျွန်မ စိတ်ကို ဖတ်နိုင်သလိုပါပဲ။ ကျွန်မ လုပ်ရမယ့် အလုပ်တွေ အားလုံးက SCL group အောက်မှာပဲ ရှိနေမှာဖြစ်ပြီး အမေရိကန် ဘက်ခြမ်း မှာ လုပ်စရာ မလိုပါဘူးလို့ ပြောပါတယ်။
Nix က ကျွန်မ ကို အဲဒိအချိန် က များတယ် ပြောရမယ့် လစာ နဲ့ အချိန်ပိုင်း အကြံပေး အလုပ်ကို ကမ်းလှမ်းပါတယ်။ ကျွန်မ ပိုပြီးစွမ်းဆောင် နိုင်ရင် လစာပိုပေးမယ် လို့လဲ ကတိပေးပါတယ်။
အမြဲ အတူ မလုပ်ခင် မှာခဏ တွဲလုပ်ကြည့်တဲ့ သဘောပေါ့၊ ခင်များ ဘယ်လို သဘောရလဲ လို့ မေးပါတယ်။
ကျွန်မ ရဲ့ grassroots အလုပ်တွေ အကြောင်းပြောပြချင်ပါသေးတယ်။ အဲဒီ အချိန် တုန်းကတော့ ငယ်ရွယ်နဲ့ အချိန် ဆိုတော့ ကိုယ့်ပတ်ဝန်းကျင် မှာ ကိုယ်နဲ့ စိတ်တူ ကိုယ်တူ တွေချည်းပါပဲ။  ကိုယ်နဲ့ သဘောထားချင်း မတူပေမယ့် အလုပ်တူတူ စလုပ်ရတဲ့ အချိန် က ကျွန်မ လူ့အခွင့်အရေး ဆိုင်ရာ ပရောဂျက် တွေ စလုပ်တုန်းကပေါ့။ အဲဒီတုန်းက လွှတ်တော် အမတ် တွေ၊ နိုင်ငံ့ထိပ်တန်း ခေါင်းဆောင် တွေ၊ အောင်မြင် တဲ့ စီးပွားရေး သမားတွေ အများကြီး နဲ့ တွေရပါတယ်။ တစ်ချို့ လဲ အရမ်းချမ်းသာ ကြွယ်ဝ ကျပါတယ်။ အားလုံးမှာတော့ အာဏာ ရှိကြတာ ပါ။ သူတို့နဲ့ ဆက်ဆံတိုင်း ကျွန်မ မှာ အမြဲ လိုလို ခံစားချက် ၂ မျိုး ရပါတယ်။

ကျွန်မ အဖြစ်အပျက် တစ်ခုကို ပြန်သတိရမိပါတယ်။ ္၂၀၀၉ April 20 ရက်နေ့ ပေါ့၊ ဂျနီဗာ မြို့ရဲ့ ကုလ သမဂ္ဂ အဆောက်အဦးရဲ့ အပြင် ဘက်မှာ ကျွန်မ မတ်တပ်ရပ်နေပါတယ်။ ကျွန်မ နဲ့ အတူတူ လူတော်တော် များများ က အီရန် သမ္မတ Mahmoud Ahmadinejad ကို ဆန္ဒပြဖို့ ပါ။ သူ့ကို ကမ္ဘာလုံးဆိုင်ရာ လူမျိုးရေးခွဲခြားဆက်ဆံ မှု ညီလာခံ မှာ အဖွင့် မိန့်ခွန်းပြောကြားဖို့ ဖိတ်ကြားခံထားရပါတယ်။ Ahmadinejad က အစွန်းရောက် ဘာသာရေး ခေါင်းဆောင် တစ်ယောက် ဖြစ်ပြီး အာဏာ ရတာ ၄ နှစ် ကျော်ပါပြီ။ သူ့အနေ နဲ့ အြေခခံ လူသား လွတ်လပ်ခွင့် နဲ့ အခွင့်အရေး တွေကို ချိုးဖောက် ခဲ့ပါတယ်။  အမျိုးသမီး တွေကိုလဲ ဝတ်ရုံ ကောင်းကောင်း မဝတ်လို့ဆိုပြီး လူရှေ့မှာ အပြစ်ပေးတာမျိုးတွေကို အီရန် နိုင်ငံ မှာ လုပ်ခဲ့ပါတယ်။ သူ့အမြင်အရဆိုရင် လိင်တူချင်း ချစ်မြတ် နိုးတာ ဆိုတာ မရှိရပါဘူး။ ္HIV ဆိုတာ အနောက်နိုင်ငံ တွေက သူတို့လို ဖွဲ့ဖြိုးဆဲ နိုင်ငံ တွေကို ဒုက္ခပေးဖို့ ဖန်တီးထားတာ၊ အစ္စရေး ကို ကမ္ဘာ့ မြေပုံပေါ် ကနေ အပြီးတိုင် ဖျောက်ပစ်ရမယ်၊ ဂျူးတွေ အစုံလိုက် အပြုံလိုက် သတ်ခံရတာ က ဇီယွန် ဝါဒီ တွေရဲ့ စွက်ဖက် မှုကြောင့် ဖြစ်တာ အစရှိတဲ့ အစွန်းရောက် အတွေးအခေါ် ရှိသူ တစ်ဦး ဖြစ်ပါတယ်။
အတိုပြောရ ရင် သူ့လို လူနဲ့ ကျွန်မ လို အနောက်ကမ္ဘာက ပညာတတ် တစ်ယောက် ဆိုတာ ပြဒါးတစ်လမ်း သံတစ်လမ်း ပါပဲ။
ကုလ အဆောက်အဦး အပြင်ဘက်မှာ ရပ်နေရင်းက အဆောက်အဦး ထဲ ကို သံအမတ် တွေ၊ နိုင်ငံခေါင်းဆောင် တွေ၊ စီးပွားရေး သမားတွေ တစ်ယောက်ပြီး တစ်ယောက် ဝင်သွားကြပါတယ်။ သူတိူ့အားလုံးကို ကြည့်ပြီး ကျွန်မ တွေးမိတာက သူတို့တွေရော အီရန် ခေါင်းဆောင် နဲ့ သဘောထားချင်း ကွဲလွဲကြတာပဲလား၊ သူတိူ့ အားလုံးမှာဘAhmadinejad နဲ့ဆွေးနွေးဖို့ အာဏာ ရှိနေကြပါတယ်။ ကျွန်မ ဘေးက ဆန္ဒပြသူ လူအုပ်စု ကို လှည့်ကြည့်မိပါတယ်။ တော်တော် များများ က ကျွန်မ လို ဘွဲ့ရ ကျောင်းသား တွေပါပဲ။ ဂျင်းဘောင်းဘီ နဲ့ ညှပ်ဖိနပ် စီးထားတဲ့ လူတန်းစားတွေပေါ့။ သူတို့ ကို ကျွန်မ လေးစား သလို သူတို့ လုပ်ရပ် တွေ ကိုလဲ ယုံကြည်ပါတယ်။ ကျွန်မ ကို ကျွန်မ လဲ ကိုယ့်လုပ်ရပ် အတွက် မှန်တယ်လို့ ယုံကြည်ပါတယ်။

ဒါပေမယ့် အဲဒီနေ့ မှာ ကျွန်မ ရဲ့ ဆန္ဒပြ ဆိုင်းဘုတ် ဆိုင်းဘုတ်ကို အသာချပြီး လူအုပ်ကြားထဲကနေ ဘယ်သူ မှ သတိမထားမိခင် မှာ ကျွန်မ ခန်းမ ထဲကို ဝင်သွားပါတယ်။ မှတ်ပုံတင် ကောင်တာ မှာ ဝင်ခွင့် ကဒ်ပြား ယူလိုက်ပါတယ်။ အဲဒီ က စာကြည့်တိုက် အသုံးပြူခွင့်အတွက် ကျောင်းသားတွေ ယူရတဲ့ ဝင်ခွင့်ကတ်ပေါ၊ အဖြူရောင် နောက်ခံပေါ်မှာ အပြာရောင် အစင်းတွေနဲ့၊ ဒါပေမယ့် အဲဒီကတ် က သံတမန် တွေရဲ့ ဝင်ခွင့်ကတ် နဲ့ တပုံစံတည်း တူနေတာပါပဲ။

ဒါနဲ့ပဲ အဲဒီ ဝင်ခွင့်ကတ် ကို ကျွန်မ ဆွဲထားပြီး ပွဲကျင်းပ တဲါ ခန်းမ ထဲကို အစစ်ဆေး အမေးမြန်း မရှိဘဲနဲ့ ကျွန်မ ရောက်သွားပါတယ်။
Ahmadinejad က စပြီး သူ့ရဲ့ အစ္စရေး ဆန့်ကျင်ရေး မိန့်ခွန်း စပြောတဲ့ အချိန် ဂျာမန် အဓိပတိ Angela Merle နဲ့ တခြား ခေါင်းဆောင် အချို့ ခန်းမ ထဲက နေ ထွက်သွားတာ တွေ့ရပါတယ်။ သူတို့က အာဏာ ကြီးမားသူတွေပါ။ သူတို့ရဲ့ အီရန် အပေါ် ဆန့်ကျင် တဲ့ပုံစံ က အဲဒီနေ့အတွက် ခေါငါးကြီး သတင်းတွေ ဖြစ်သလို ကုလ သမ္ဂ အတွက်လံဘကမ္ဘာ့ ဆွေးနွေးပွဲ မှာ အီရန် ရဲ့ အနေအထားကို ပြန်သုံးသပ်ဖို့ ဖြစ်လာပါတယ်။
အပြင်မှာ ရှိတဲ့ ဆန္ဒပြ တဲ့ ကျွန်မ သူငယ်ချင်း တွေ ကတော့ ဘယ်သူ မှ သတိမထားမိဘဲ ပြန်ကုန်ကျပါပြီ။ အပြောင်းအလဲ တစ်ခု ကိုဖော်ဆောင်ချင်ရင် အတွင်းစည်းထဲ မှာ ရောက်နေမှ ဖြစ်နိုင်မယ် ဆိုတာ ကျွန်မ သဘောပေါက်လိုက်ပါတယ်။

Cambridge Analytica အတွက် အလုပ်လုပ်ပေးတာ ကျွန်မ ဘဝ အတွက် ကြီးမားတဲ့ အပြောင်းအလဲ ဆိုတာ သိပါတယ်။ အဲဒီအချိန် က ကျွန်မ ယုံကြည်တာက အခု ကျွနိမ လုပ်တော့မယ့် အလုပ်တွေ က တခြားတဘက်ခြမ်း ဘယ်လို အလုပ်လုပ်သလဲ ဆိုတာ အနီးကပ်လေ့လာဖို့ အခွင့်ကောင်း ပဲ ဆိုတာ ယုံကြည်ပါတယ်။ ကျွန်မ နဲ့ သဘောထား မတိုက်ဆိုင်သူ တွေနဲ့ အတူတူ အလုပ်လုပ်နိုင်တဲ့ စွမ်းရည်၊ အမြင်မတူသူကို စိတ်ကောင်းစေတနာ တွေ ထားနိုင်မယ့် စွမ်းရည် ဒါတွေကို လေ့ကျင့်ပေးမယ့် နေရာလို့လဲ ယုံကြည်လိုက်ပါတယ်။

ဒါတွေ အားလုံးက ကျွန်မ Nix ကို Yes လို့ ပြောလိုက်တဲ့အချိန် ကျွန်မ ခေါင်းထဲ မှာ ဖြစ်ပေါ် နေတဲ့ အတွေးတွေပါ။ ဒါတွေ အားလုံးက ကျွန်မ တခြား တဖက်ကို လေ့လာဖို့ဆိုပြီး  ဘက်ပြောင်းလာတုန်း က ကျွန်မ ရဲ့ မျှော်မှန်းချက် တွေ ဖြစ်ပါတယ်။

Translated by Ye Min Win from the book Targeted by Brittany Kaiser

ဆက်ရန်။

No comments: