Wednesday, October 23, 2019

မေ့မေ့ အမှတ် တရ

ဒီနှစ် ဆရာကန်တော့ပွဲ လာလိုက်တာ ငယ်ငယ်တုန်းက memory တွေ တန်းစီပြီး ပြန်ပေါ်လာတယ်။ အထူးသဖြင့် မေ့မေ့ကိုပေါ့။ မနစ်က ခွဲခါသွားတဲ့ မေ့မေ့ကို နေ့တိုင်း သတိရနေတုန်းပဲ။ သူငယ်ချင်း တို့လဲ ကိုယ်ရဲ့ မိဘ တွေကို ရှိနေတုန်းမှာ ဂရုစိုက်ကြပါ။ မေ့မေ့ကို သတိရလို့ မေမေ ဆုံးပြီးခါစ က ရေးထားဖြစ်တာလေး တင်လိုက်တယ်။

မေမေ မရှိတာ ခုဆိုရင် ၈ လရှိပြီ။ မေ့မေ့ အကြောင်းကို တစ်ခုခုရေးပြီး မှတ်တမ်းတင်ထားချင် ပေမယ့် ဆုံးပြီးတဲ့ အချိန် ကနေ ဘာမှရေးလို့ မရခဲ့၊ မေ့မေ့ နောက်ဆုံးအချိန် တွေပြန်င်ြမြင်ပီး ဝမ်းနည်းတဲ့စိတ်၊ သတိရတဲ့ စိတ်က ခုထိ ထိနိးလို့မရသေးဘူး။ မေမေ မဆုံးခင်ထိ ဆေးရုံဆိုတာ တစ်လ တစ်ခါလောက် တက်နေရတာ၊ နောက်ဆုံး အကြိမ် ဆေးရုံကဆင်းတော့ ကားပေါ် ကနေ ကိုယ့်လက်ကို ကိုင်ပြီး သားလေးမေမေ့ဆီ လာခဲ့အုံးနော် လို့ ပြောခဲ့တာ ကိုဂအခုအချိန်ထိ မနေ့တနေ့ကလို ပဲမြင်နေတုန်းပဲ။

ကိုယ်က အိမ်မှာ အငယ်ဆုံးသားဆိုတော့ မေမေ့ကို ကြီးတဲ့ထိ ချွဲနေတုန်း။ မေမေရဲ့ ငါ့သားလေး ညီရဲလေ ဆိုတဲ့ ခေါ်တဲ့ အသံ၊ တခါတလေ ကိုယ့်ခေါင်းကို ပွတ်ပြီး အမလေးငါမွေးခဲ့တဲ့ ငါ့သားလေး က ဒီခန္ဒာကိုယ်ကြီးတောင် ဖြစ်နေပြီလို့ ပြောတဲ့ အသံတွေနားထဲမှာ ကြားနေတုန်းပဲ။

မေမေ့ကို အစောဆုံး သတိရ ပြီးငိုမိတာက်ုယ့်အသက် ၆ နှစ်လောက်ကပဲ၊ မိတ္ထီလာက နေ တနင်္သာရီတိုင်းက ရေဖြူကို ပြောင်းရမယ်ဆိုတော့ မေမေ က မိသားစုတွေ မခေါ်ခင် ရေဖြူကိုအရင် တခေါက် သွားတယ်။ ၂ ပတ်လောက်ကြာတယ်ထ င်တာပဲ၊ အဲဒီတုန်းက မေမေကို လွမ်းပြီး ငိုဖူးတာ မှတိမိသေးတယ်။ ရေဖြူကိုဂရောက်တော့ မေမေ တခါ ဖောင်ကြီး ၆လ သွားတက်ရသေးတယ် ထင်တယ်။ အဲဒီတုန်းကလဲ အရမ်းလွမ်းပြီးငိုဖူးတယ်။ မေမေ ပြောပြဖူးတာကတော့ဂကိုယ်တို့ ငယ်ငယ် က ၂ နှစ် ၃ နှစ်အ ရွယ်ထင်ပါတယ်။ ရန်ကုန်ကို. ခေါ်သွားတော့ ဖေဖေ့ အမျိုးတွေ ရှိတဲ့ရန်ကုနိ အိမ်မှာ မေမေ့ကို မျက်စိအောက်က အပျောက် မခံဘဲ. မေမေ အိမ်သာတက်လဲ တခါးကိုထုပြီးငို၊ ရေချိုးလဲငို လုပ်ဖူးတယ်တဲ့။ ကိုယ်ရော၊ ကိုယ့်အမွှာအကိုရော၊

ရေ ဖြူ၊ လောင်းလုံမှာ နေရတဲ့ အချိန် မေမေရော၊ ဖေဖေ ပါ စိတ်ချမ်းသာတယ်၊ တမိသားစုလုံး ပျော်ကြတယ်။ ကိုယ်တို့ကို ရှင်ပြုတာလဲ လောင်းလုံမှာပဲ လုပ်တယ်။ လောင်းလုံ မှာ မေမေ ရော ကိုယ်တို့ မောင်နှမ ၄ ယောက် လုံးရော ထားဝယ်လိုပဲ ပြောကြတယ်။ ဖေဖေ ကတော့ ထာဝယ်လိုပြောတာ မကြိုက်ဘူး။ မင်းတို့ ဂွိဂွိ ဂွဂွတွေ မပြောနဲ့လို့ အမြဲပြောတယ်ေ လာင်းလုံကို ရောက်ပြီး ၃ ရက် အကြာမှာ မေအေနဲ့အတူနေ အစ်မ ၊ ဒေါ်ကြီး နှလုံးဖောက်ပြီး ဆုံးတယ်။ အဲဒါ ကိုယ့်အတွက် ပထမ ဆုံး အသုဘ အတွေ့အကြုံပဲ။ အဲဒီ တုန်းက အသက် က ၈ နှစ်။ ဒေါ်ကြီး ဆုံးတာ ည သန်းခေါင် လောက်ထင်တယ်။ မေမေ က ကိုယ်တို့ ညီအစ်ကို ကို မနှိုးပါဘူး။ မနက်ရောက် တော့ အိမ်မှာ လူသံတွေဆူနေတယ်။မနက် ၆ နာရီလောက်မှ မေမေ က သားတို့ ဒေါ်ကြီးဆုံးပြီလို့ ပြောပြီးငိုတယ်။ ကြားကြားခြင်း မေမေငိုတာ တွေ့လို့ထင်တယ် ၊ ကိုယ်လဲ လိုက်ငိုမိတယ်။ ဒေါ်ကြီး ဆုံးပြီးနောက် အိမ်မှာ အသက်အကြီးဆုံး မေမေ့ အမေ ပဲ ရှိတော့တယ်။ အဲဒီအရွယ်မှာ အဖွားတို့၊ အမေ၊အဖေ ဆုံးပါးသွားရင် ဆိုတာ မတွေးဖူးဘူး။ ငယ်သေးလို့ ထင်တယ်။ မေမေလောင်းလုံမှာ အကြီးအကျယ် အစာအိမ်နာသေးတယ်။ နှာခေ့ါင်းပိုက် က အစာထည့်ရ။ အစာအိမ် ထဲက အချဉ်တွေ စုပ်ထုပ်ရ နဲ့ ဖြစ်ဖူးတယ်။ အံ့သြဖို့ ကောင်းတာ အင်္ဂလိပ် ဆေး တော်တော် များများ နဲ့ မပျောက်တာ ဘုန်းကြီး တစ်ပါးရဲ့ ရက်ဆားနဲ့ ပျောက်သွားတယ်ေ လာင်းလုံ မှာ နေတုန်း တစ်ခါ မေမေ နဲ့ တူတူ မရင်းကြီးဆိုတဲ့ ရွာကို လိုက်သွားဖူးတယ်၊ လမ်းမှာ လသာသာ နဲ့ နွားလှည်းစီးလိုက် လမ်းလျောက်လိုက် လုပ်ပြီး ည မိုးချုပ် မှ အဲဒီရွာကို ရောက်တယ်။ အဲဒီရွာက အခု ထားဝယ် ရေနက် ဆိပ်ကမ်း လုပ်ထားတဲ့ နေရာ လို့ ကြီးမှ သိတယ်။ မနက်ကြတော့ ပင်လယ် ကမ်းစပ်ကို သွားလည်တော့ လှိုင်းတော်တော် ကြီးတယ် ၊ ကျောက်ဆောင် တွေကို လှိုင်းက တစ်ဝုန်းဝုန်းရိုက်နေတော့ အေနားမကပ်ရဲဘူး၊ အဲဒီတုန်းက ကိုယ့်ဖိနပ် တစ်ဖက် ရေထဲကို ကျသွားတာကို မေမေ က အနားက တုတ်နဲ့ ဆယ်ပေးဖူးတယ်။ အဲဒီတုန်းက အရမ်းစိတ်လှုပ်ရှား ခဲ့ရလို့ထင်တယ်၊ အဲဒီ အဖြစ်အပျက် ကို ကြီးတဲ့ အထိ ပြန်မြင်ျနတယ်။ လောင်းလုံ က အဖြစ်အပျက် တွေ ကြီးတဲ့ အထိ မေမေ နဲ့ ပြန်ပြော ဖြစ်တဲ့ အထဲ မှာ ငါးမုန့်ကြော် စားတဲ့ အကြောင်းလဲပါတယ်။ အဲဒီ က ငါးမုန့်ကြော်က အရမ်းစားကောင်းတော့ ကိုယ်တို့ အရမ်းကြိုက်ကြတယ်။ ကျောင်းပိတ်ရက် ဆို မေမေ့ကို ကြော်ခိုင်းတယ်။ တခါ က မေမေ က ငါးမုန့်ကြော်စားချင်ရင် မုန့်ဖိုးထဲက နေ ဆီဝယ်ပေးရမယ် ပြောလို့ ကိုယ်တို့ မောင်နှမ တွေ ဆီစု ဝယ်ပေးဖူးတယ်။ အဲဒီ မှာ နေတုန်းက မေမေ လစာ ထုတ်ရင် ဖမ်းမိတဲ့ မှောင်ခို ပစ္စည်းတွေ ခွဲတမ်းရတယ်။ အဲဒီ ခေတ် က ပစ္စည်း က ရှားပါးတော့ အဲလို ခွဲတန်းရမှ ဘီစကွတ်၊ ချောကလက်၊ ဝေဖာ တို့ စားရတယ်။ အဲဒီတုန်းက ဝေဖာရရင် အရမ်းပျော်တယ်၊ စတစ်ကာ ပုံလေးတွေပါ ပါလို့၊ အဲဒီ စတစ်ကာ ကပ်ထားတဲ့ သေတ္တာ ခုထိ ပုသိမ်ကြီး အိမ်မှာ ရှိသေးတယ်။ ျမမေ က မြေးတွေရတော့ သူ့မြေးတွေကို အဲဒီ သေတ္တာ ပြပြီး ဒါ ရဲရဲတို့ ငယ်ငယ်တုန်းက သေတ္တာလို့ ပြောတယ်။

လောင်းလုံကနေ မှ ၁၀ နှစ်အရွယ်မှာ မန္တလေးနဲ့ ကပ်ရပ် ပုသိမ်ကြီးကို ပြန်ပြောင်းရတယ်။ မန္တလေးကို ရောက်တော့ ပုသိမ်ကြီးမှာ နေဖို့ အိမ်မရခင် ကိုယ်တို့မိသားစု ဖေဖေ့ အဖေနဲ့ အမေ အိမ် ၈၁ လမိးမှာ ခဏနေရတယ်။ ပုသိမ်ကြီး မှာ အိမ်ငှားရ တော့ တစ်ရက် ပစ္စည်းတွေ အကုန် ရွှေကြတယိ။ ပစ္စည်းတွေ ရွှေပြီး မေမေက အဲဒီ အိမ်မှာပဲစောင့်နေခဲ့မယ်၊ မေမေ နဲ့ ဘယ်သူနေခဲ့မလဲ ပြောတာကို ကိုယ်တို့ညီအစါကို တွေ အားလုံး အဲဒီတုန်းက ဘယ်သူမှ မနေခဲ့ကြဘူး။ အဲဒီအိမ် က သေးပြီး မီးမရသေးလို့လား၊ ပစ္စည်းတွေနဲ့ ရှုပ်ပွနေလို့လား၊ ၈၁ လမ်းအိမ်လောက်မကောင်းလို့လားမသိဘူး။ မေမေ ကတော့ ဘယ်သူမှ မနေလဲ သူတစ်ယောက်တည်းပဲ အဲဒီအိမ်မှာ ပစ္စည်းတွေ ရွှေ့ရင်းတစ်ယောက်တည်းနေခဲ့တယ်။ အပြန် ကားပေါ်မှာ ဘာလို့ များ မေမေနဲ့ မနေခဲ့ရပါလိမ့်၊ မေမေ တစ်ယောက်တည်းဖြစ်ျနေ မှာပဲလို့ တွေးပြီး မျက်ရည် ဝဲနေဖူးတာ မှတ်မိနေတယ်။

ပုသိမ်ကြီး မှာ ငှားနေတဲ့ အိမ်က ကျဉ်းတော့ ကိုယ်တို့ မောင်နှမ လေးယောက် က အခန်းတစ်ခု မှာ ကုတင် တွေ တန်းစီ ပြီး အိပ်ရတယ်။ ဖေဖေ နဲ့ မေမေ က အခန်းရယ်လို့ မရှိဘူး၊ ဘီရို တွေကာထားတဲ့ နေရာမှာ ကုတင် နဲ့ အိပ်တယ်။ မနက်အစောဆို ကိုယ်တို့ တွေ အိပိရာက မထခင် ဖေဖေ နဲ့မေမေဂပြောနေတဲ့ စကားသံတွေကို အိပ်ရာထဲကနေဂနားထောင်ပြီး ဇိမ်နဲ့ မှေးနေဖူးတယိ။ အဲဒီလို ဖေဖေ နဲ့မေမေ မနက် အစော ပြောတဲ့ အသံတွေက နားထောင်လို့ အရမ်းကောင်းတယ်၊ ဘာတွေ ပြောနေမှန်းတော့ မသိပေမယ့် တခါတလေ လူနာတွေ အကြောင်း၊ ဆေး တွေ အကြောင်း ပြောနေကြတာပဲ၊ အဲဒီအချိန် ဆို ဖေဖေ က မေမေ့ကို စောလို့ခေါ်တယ်။ မေမေက ဖေ့ဖေ့ကို ကိုကြီး လို့. ခေါ်တယိ။အဲဒီအချိန် ပဲ မေမေနဲ့ ဖေဖေ မှာ နှစ်ကိုယ်ကြားပြောရတဲ့ အချိန် မိုလို့ထင်တယ်၊ အသံတွေက အရမ်းနူးညံ့တာပဲ။ အဲလို ပြောနေရင်းနဲ့မေမေ့ အမေ ၊ အမေကြီးရဲ့ ဘုရားရှသ်ခိုးသံလဲ ကြားရတယ်။ ပုသိမ်ကြီး အိမ်ရဲ့ မနက်ခင်း တော်တော် များများကို အဲလို နိုးလာတာများတယ်။ မေမေ ကတစ်ခါတစ်လေ ကိုယ်တို့ ညီအစ်ကိုကို လာနိုးတယ်။ သားလေးတွေ ထကြတော့လို့ ပြောသလို ရဲညီနောင် ထကြတော့လို့လဲ ပြောတတ်တယ်။ မေမေ. က အဲလို နှိုးရင်ူနဲ့ ကိုယ်တို့ကို နမ်းတယ်။ အဲဒီ အချိန် မေမေ့ကိုယ်က မီးဖိုချောင် နဲ့၊ ကြက်သွန် ဆီသတ်ထားတဲ့ အနံ့ အမြဲရတယ်။ မေမေ က မနက် ၅ နာရီလောက်ထ၊ တစ်အိမ်လုံးအတွက်. မနက်စာ၊ နေ့လည်စာပါ ပြင်ရတာကိုးေ မမေ လုပ်ပေးတဲ့ မနက်စာ က အရမ်းစားလို့ကောင်းတယ်။ ထူးထူးခြားခြားတော့ မဟုတ်ဘူး။ ပဲပြုတ် ထမင်းဂကျော်ရင်ကျော်၊ တခါတလေ ထမင်းကြမ်းကို ခရမ်းချဉ်သီးနဲ့ ကျော်တယ်၊ အဲလို နေ့မျိုးဆို ခရမ်းချဉ်သီး အဖတ်လေးတွေကို ကိုယ် ဖယ်စားတယ်။ အဲလို ခရမ်းချဉ်သီးထမင်းကြေညက်ကို စင်ကာပူ မှာ တစ်ယောက်ထဲ နေတုန်းက တခါ ကြော်စားကြည့်သေးတယ်။ မေမေ့ လိုတော့ စားမ ကောင်းပါဘူး။ မနက်စာထဲ မှာ ကိုယ်တို့ မောင်နှမ တွေ အရမ်းကြိုက်တဲ့ ခေါက်ဆွဲ တမျိုး ရှိသေးတယိ။

ကြက်ဥ မွှေပြီး ကြော်ထားတာကို ပဲငပိနဲ့ ချက်၊ ခေါက်ဆွဲ သားပေါ်ကို အဲဒီ ဟင်းအနှစ် တွေ ဆမ်း၊ ဆီချက်၊ ပဲငံပြာရည် ထည့်၊ ငရုတ်သီးမှုန့်ထည့်ပြီးစားရတာ။ အရေ ရွှရွှဲနဲ့၊ အဲလို နေ့မျိုးဆို ကိုယ်တို့ ခေါက်ဆွဲကိုဂအများကြီးစားလို့ နင်တို့ အဖေ နဲ့တူတယိ၊ ခေါက်ဆွဲဆို အရမ်းကြိုက်တယ် လို့ မေမေ က ပြောတယ်ပု သိမ်ကြီး မှာတုန်းက ညည ဆိုရင် တစ်ရက်ခြား တစ်ခါလောက်ကို ရှိမယ်၊ ဆေးရုံက အရေးပေါ်လူနာ ရောက်ရင် မေမေ့ကို လာခေါ်တယ်။ မေမေ က ည ၁ နာရီ ၂ နာရီလဲ လာခေါ်တဲ့ ဆေးရုံ အလုပ်သမား စက်ဘီးနောက် က လိုက်သွားတာပါပဲ။ တခါတလေ လဲ ဖေ ဖေက ဆိုင်ကယ်နဲ့ လိုက်ပို့တယ်ေ မမေ ပုသိမ်ကြီး ဆေးရုံမှာ အလုပ်အရမ်းလုပ်တယ်။ မေမေ က လူနာတွေနဲ့ ပတ်သတ်ရင် စိတ်ဆတ်တယ်။ တခါက ဆေးခန်း မှာ လာပြတဲ့ လူတစ်ယောက် က သူ့ကလေး ကိုနားမလည်ဘဲ ဆီးဆေးတွေ တိုက်လာလို့ ရှင်က ဘာလို့ ကလေး ကိုဒါတွေတိုက်ရတာလဲ ဆိုပြီး ပြောပြောဆိုဆို ခေါင်းခေါက်ပစ်လိုက်ဖူးတယ်။ လူနာရှင် က မေမေ့ကို လဲ လေးစား၊ သူ့အမှားလဲ ဖြစ်နေတော့ ဘာမှ မပြောပါဘူး။

အဲလိူနဲ့ ကိုယ်တို့ ၁၀ တန်းလောက်ရောက်တော့ မေမေ နဲ့ ဖေဖေ က ပုသိမ်ကြီးမှာပဲ မြေတစ်ကွက်ဝယ်ပြီး အိမ်ဆောက်တယ်။ အဲဒီ မြေကွက်ဝယ် အိမ်ဆောက်ဖို့ မေမေ နဲ့ ဖေဖေ တော်တော်ကြီး ဆွေးနွေးလိုက်ရသေးတယ်။ ဖေဖေ က တော့ သားသမီးတွေ ကြီးရင် တစ်နေရာစီ ထွက်သွားကြမှာပဲ တွေးသလား မသိဘူး။ အိမ်မဆောက်ချင်ဘူး။ မေမေ ကတော့ဒီမှာပဲ အခြေချချင်တယ်။ နောက်ဆုံးဆောက်ဖြစ်သွားပါတယ်။ ဆောက်တော့လဲ အိမ်ပုံစံ နဲ့ ပတ်သတ်ပြီး မေမေနဲ့ ဖေဖေ စကားများကြသေးတယ်။ ဖေဖေ က ရှေ့တစ်ခန်းကို ဆေးခန်း ဒါမှမဟုတ် ဆိုင်ခန်း ငှားမယ်ဆိုပြီး အုတ် နံရံကာတယ်၊ မေမေက မလုပ်ချင်ဘူး။ ဒါပေမယ့် နောက်ဆုံးမေမေ က သဘောတူလိုက်ပါတယ်။ အဲသည်အိမ်ပြီးတော့ မေမေ မနေရပါဘူး။ ကျွန်းလှဆိုတဲ့ မြို့ကို ပြောင်းရတယ်။ မေမေ က ကျွန်းလှ မှာလဲ တစ်ယောက်တည်း နေတာပါပဲ။ မေမေ နေတဲ့ ကျွန်းလှကိုလိုက်သွားဖူးတယ်။ တစ်ခါ နေရင် တစ်လ လောက်တော့ ကြာတယ်။ အဲဒီ အချိန်က ကိုယ် ၁၀ တန်းဂအောင်ပြီး အားနေတဲ့ အချိန်။ GTI တက်နေတုန်းလဲ လိုက်သွားဖူးတယ်။ မေမေ ပြောင်းရတဲ့ ကျွန်းလှ က မြို့သစ်လို ဖြစ်နေ တော့ ပထမ ဆုံးငှားနေရတဲ့ အိမ်က ထရံကာ သွပ်မိုးအိမ် သေးသေးလေး၊ နောက်ပြောင်းနေရတဲ့ အိမ်မှ နံကပ်တိုက်အိမ်လေး ဖြစ်သွားတယ်။ မေမေ့နားကို လိုက်နေတာ အများဆုံးက မောင်မှမ တွေထဲ မှာ ကိုယ် အများဆုံးပဲ။ အဲဒီအချိန် အမွှာအကိုကလဲ စစ်တက္ကသိုလ် တက်နေပြီ။

အကိုစစ် တက္ကသိုလ်စ တက်တော့ သူက လေတပိဆိုတော့ ရန်ကုန် မှာ ဆေးစစ်သွားရတယ်။ ဆေးစစ်ပြီး ဗိုလ်လောင်းတွေကို ရန်ကုန် ကနေ မန္တလေး ကတဆငိ့ဂရထားနဲ့ ပို့တယ်။ အဲဒီကနေ မှ မေမြို့ စစ်တက္ကသိုလ်ကို ပို့တယ်။ ကိုရဲတို့ မေမြို့ မပို့ခင်ဂမန္တလေး ဘူတာကြီးရောက်တော့ မေမေနဲ့ ဖဗဖသွားတွေ့ကြတယ်။ မေမေ တို့ အိမ်ပြန်ရောက်တော့ ကိုယ်က နေ့လည်ခင်း အိပ်နေတယ်။ မေမေ့ ငိုသံ ကြားတော့ မှ နိုးလာပြီး မေမေဘာဖြသ်လို့ငိုတာလဲ ဖေဖေ နဲ့ ရန်ဖြစ်လို့လား လို့ သွားမေးတယ်။ မေမေ က နောက်ပိုင်း အဲဒီ အကြောင်းကို ရီရီ မောမော နဲ့ ကိုရဲ ပြန်လာရင် ပြန်ပြောလေ့ ရှိတယ်။ ကိုယ်ဆယ်တန်း တုန်းက စစ်အင်ဂျင်နီယာ တက်မယ်လို့ အမြဲပြောတယ်၊ ကိုရဲ ကတော့ ဘာမှ မပြောဘူး၊ သူနဲ့ တွဲတဲ့သူငယ်ချင်းတွေကလဲ တပ်ထဲ က တွေပဲဆိုတော့ သူက တော့ DSA ပဲ မှန်းတယ်တူပါတယိ။ အောင်စာရင်း ထွက်တော့ ကိုယ့်အမှတ် က စက်မှု တက္ကသိူလ် မှီတယ်၊ ကိုရဲ ကတော့ မမှီဘူး။ ကိုရဲက သူ စစ်တက္ကသိူလ် လျောက်ချင်တယ် ပြောတော့ မေမေ က ကိုယ်တို့ ၈ တန်းတုန်းက ဆရာမ တစ်ယောက် ဆီက အဆက်အသွယ်ရတော့ ရန်ကုန် မင်္ဂလာဒုံက ဗိုလ်ရွေး လေ့ကျင့်ပေးတဲ့ သင်တန်းကို သွားကြတယိ။ အစကတော့ ညီအစ်ကို ၂ ယောက်လုံး တက်မလို့ဘဲ။ အဲဒီ သင်တန်း က အပြန် မှာ ကိုယ့်ဖိနပ် တစ်ဖက် ပျောက်သွားတယ်။ အဲဒါကို စိတ်တိုပြီး မတက်တော့ဘူးလို့ ပြောလိုက်တယ်။ ဒါနဲ့ ကိုရဲ တစ်ယောက်ပဲ ရန်ကုနိ ကအမျိုး အိမ်မှာ နေပြီး သင်တန်း တက်ဖို့ ကျန်ခဲ့တယ်။ မေမေ နဲ့ကိုယ်ကတော့ မန္တလေး ကို ပြန်လာကြတယ်။ အဲဒီ တုန်းက ရထားပေါ်မှာ ကြမ်းပိုးတွေ ကိုက်တာခံရသေးတယိ။

ကိုရဲ ဒေါက်တက် ပွဲကိုဂတမိသားစုလုံးသွားကြတယ်။ ပျော်ဖို့ အရမ်းကောင်းတယ်။ ဖေဖေ့ကို ဓာတ်ပုံရိုက်တဲ့ အချိန်ဂအားလုံးဝိုင်းစကြလို့ အားလုံးရီ နေတဲ့ ဓာတ်ပုံ ရှိသေးတယ်။

မေမေ ကျွန်းလှ ကနေ ဇီးပင်ကြီးကို ပြောင်းရတယ်။ ဇီးပင်ကြီး ကိုလဲ လိုက်နေတယ်။ မေမေ ပြောင်းရတဲ့ နေရာတွေကို လိုက်နေတာ မောင်နှမ တွေထဲ ကိုယိအများဆုံးပဲ။ ဇီးပင်ကြီး မှာလဲ မေမေ တစ်ယောက်တည်းပါပဲ။ဖေဖေ့ကို လိုက်မနေလို့ ကိုယ်တို့မောင်နှမ တွေ အပြစ်မြင်ကြတယ်။ မေမေ ကတော့ ဖေဖေ့ကိုဂအတင်းကြီးလိုက်နေဖို့ တိုက်တွန်းတာ မတွေ့ရပါဘူး။ မေမေ က တကယ်တော့ ကျွန်းလှ ပြောငိးတဲ့ အချိန်ကနေ ပင်စင်ယူတဲ့ အချိန်ထိ တစ်ယောက်တည်းနေခဲ့တာပါပဲ။ကိုယ်တို့ မောင်နှမ တွေ က အားတဲ့သူ သွားနေပေး ပေါ့။ မေမေ မေမြို့မှာ ဆေးရုံအုပ်ကြီး ဖြစ်တဲ့အချိန် မေမြို့ဆေးရုံနားမှာပဲ ဆေးရုံအုပ်တွေ အစဉ်အဆက်နေခဲ့တဲ့ ကိုလိုနီခေတ် အိမ်ကြီးမှာ နေရတယ်။ ကိုယ် စင်ကာပူမထွက်ခင် ၂ နှစ်လောက် က အဲဒီအိမ် မှာမေမေ နဲ့တူတူနေခဲ့တယ်။ အဲသည် အိမ် အကြီးကြီးမှာ ဘယ်သူမှ လာမနေနိုင်တဲ့ အချိန် မေမေ တစ်ယောက်တည်း နေတာပဲ။ မေမေ က ကျန်းမာရေး အရမ်းကောင်းတယ်။ ဖျားတာနာတာ မရှိသလောက်ဘဲ။ လောင်းလုံမှာ အစာအိမ် အကြီးအကျယ် တခါ ဖြစ်ဖူးတာကလွဲ ပြီးနောက်ပိုင်း ကြီးကြီးကျယ်ကျယ် ဘာမှ မဖြစ်ဘူး။ မေေ့ကို အဲသည် အချိန် ကျန်းမာရေး နဲ့ပတ်သတ်လို့ ဘယ်သူမှ စိတ်မပူကြဘူး။ ကိုယ် စင်ကာပူထွက် သွားတဲ့အချိန် မေမေ က မေမြို့ မှာ တစ်ယောက်တည်း၊ ဖေဖေ က ပုသိမ်ကြီးမှာ တစ်ယောက်တည်း နေကြတယ်။ ဖေဖေ က သူ့ ပုသိမ်ကြီး အိမ်ကနေ ဘယ်မှ မသွားဘူး။ မေမေ ပင်စင်ယူခါနီးမှ မေမြို့ မှာ ခဏ လိုက်နေတယ်။ မေမေ က အရမ်းသွက်လက်တယ်၊ လမ်းလျောက်တာ၊ အလုပ်လုပ်တာ အရမ်းမြန်တယ်။ မေမေ့ကို သူ့အမေလိုပဲ အသက် ၉၀ ကျော်ထိ နေရမယ် ထင်ထားတာ။

စင်ကာပူ ရောက်ရောက်ချင်း မေမေ နဲ့ မေမြို့ အိမ်ကနေ email အပြန်အလှန်ပို့ခဲ့တာတွေ ရှိတယ်။ မေမေ ကို email ပို့နည်း၊ ဓာတ်ပုံပို့နည်းတွေ သင်ပေးခဲ့တာကို မေမေကြိုးစားပြီးတော့ သင်ယူတယ်။

ကိုယ် စင်ကာပူမှာ master ဘွဲ့ရတော့ မေမေ လာတယ်။ အဲဒီ ကနေ တဆင့်မှ မမမြိုင် ရှိတဲ့ ဂျပန် ကိုဆက်သွားတယ်။ အဲဒီ တုန်း က မေမေ့ကို ကြာကြာနေစေချင်တာ။ ဂျပနိ မသွားခင်တစ်ပတ်၊ ဂျပန်က အပြန် ၁၀ ရက်လောက်ဘဲ စင်ကာပူမှာ နေသွားတယ်။ မေမေ စင်ကာပူ မှာ ရောက်ရောက်ခြင်း luggage ကို ဓာတ်လှေကားနဲ့ တင်သွားတော့. ငါ့သားလေး ကိုရဲ ခင်မျာတော့ မေမေ့အိတ်ကို ပုခုန်းပေါ် ထမ်းပြီး တက်သွားရရှာတယ်. ဆိုပြီး. သတိတရ ပြောတယ်။

မေမေ့ကို အဲဒီတုန်းက နေရာ အများကြီးတောင်မ ပို့လိုက်ရပါဘူး။ မေမေ့ကို ကိုယ် ဦးဂိုအင်ကာ တရားစခန်းဝင်တဲ့ အကြေညင်းပြောတော့ မေမေ သဘောကျနေတယိ၊စိတ်ချမ်းသာ နေတယ် ဆိုတာ သိတယ်။ မေမေ က စာရေး ဝါသနာ ပါတယိ။ သူ့ ဘဝ အကြောင်းရေးထားတာ တွေ ရှိတယ်။ ကိုယ် blog မှာ စာစရေးတော့ အရမ်း သဘောကျတယ်။ ဦးဂိုအင်ကာ တရးစခန်း အကြောင်းရေးထားတာဆို သူ့မိတ် ဆွေတွေကို ပါ ပြုပီး သားလေး ညီရဲ ရေးထားတာလို့ ပြောရတာ အမော။ ခုလို မေမေ့ အကြောင်းတွေ ရေးထာတာ မေမေ သိရင် သဘောကျ နေအုန်းမှာ မြင်ယောင်ျနေတယ်။

မင်္ဂလာ မဆောင်ခင် တစ်ခေါက် ပုသိမ်ကြီး အိမ်ကနေ စင်ကာပူ ပြန်ခါနီးတော့ မေမေ ငိုတယ်။ ငါ့သားလေး က နောပ်တခေါက် ပြန်လာရင် မေမေတို့ အိမ်ကို ပြန်လာတော့မှာ မဟုတ်ဘူးဆိုပြီး ငိုတယ်။ မေမေ့က သားသမီးတွေ နဲ့ ပတ်သတ်ရင် အမြဲ စိတ်ခံစားမှု များတယ်။ အဲဒါလဲ မေမေ့ မှာ စကားပြောစရာ၊ တိုင်ပင်စရာဆိုလို့ ဒီသားသမီးတွေပဲ ရှိလို့ထင်တယ်။ ဖေဖေ နဲ့က နောက်ပိုင်း စကား အပြောအဆို အရမ်းနည်းသွားတယ်။ တသက်လုံးတူတူနေလာတဲ့ မေမေ့ အမေကြတော့လဲ မေမေ့ကို နိုင်ချင်တယ်။ အမေကြီး က မဆုံးခင်အ ထိ အိမ်မှာ ပူညံ့ ပူညံလုပ်တယ်၊ မေမေ့ကို စကားနာထိုးတယ်၊ အဲလို ပုံစံ နေသွားတာ။ အဲဒီ တော့ မေမေ့ပတ်ဝန်းကျင် မှာ ကိုယ်တို့ မောင်နှမ တွေကိုပဲ သူ့ မိတ်ဆွေတွေလို သဘောထား ပုံရတယ်။

မေ မေပင်စင်ယူပြီးတော့ တရားစခန်း တွေ ဆက်တိုက်ဆိုသလို ဝင်တယ်။ ကိုရဲ နဲ့ ကျိုက်ထီးရိုး ကို သွားလိုက်သေးတယ်။ 2012 မှာ ကိုယ်စင်ကာပူ ကနေ အပြီးုပန်လာတယ်။ ရောက်ပြီး သိပ်မကြာဘူး၊ မေမေ ဆေးရုံတက်ရတယ်။ တကိရတာက မေမေ ခါးနာနေတာ မပျောက်လို့ဆိုပြီး မေမေ့ သူငယ်ချင်း ဆရာဝန် တွေက အရိုးဆေးရုံတင်ပေးပြီး လိုအပ်တာ စစ်လိုက်ုကတာ။ အဲဒီ မှာ multiple milloma ဆိုတဲ့ဂရောဂါ၊ မြနိမာလိုဆိုရင် ရိုးတွင်းချင်ဆီ ကင်ဆာ ဖြစ်ပြီဆိုတာ သိလိုက်ရတယ်။

စဖြစ်ခါစ က မေမေ သွားနိုင်လာနိုင်စားနိုင်ပဲ၊ လူကောင်းလိုပဲ၊ ဆေးတွေ သောက်ရတာ ပဲ ရှိတယ်။ ဒါပေမယ့် တဖြေးဖြေး နဲ့ မေမေ့ အခြေအနေ ယိုယွင်းလာတာပါပဲ။

ဖေဖေ ဆုံးတဲ့ အချိန် 2015 အထိ မေမေ့ ကျန်းမာရေး က အရမ်း အဆိုးကြီးမဟုတိသေးဘူး။ ဖေဖေ ဆုံးတဲ့နေ့က ကိုယ်က လဲ ရန်ကုန် ရောက်ျနေတယ်၊ အကိုကြီးကလဲ မေမြို့မှာ။ အိမ်မှာ ဖေဖေ နဲ့ မေမေ ရယ်။ ဖေဖေ့ ညီမရယ် ပဲ ရှိတယ်။ ဖေဗဖ့ကို ဆေးရုံပို့တဲ့အချိန် မေမေ တစ်ခါဖုန်းဆက်တယ်။ ခဏနေ တခါဆက်တယ်။ ဖေဖေကြီးတော့ expire ဖြစ်နိုင်တဲ့ အခြေအနေ ဖြစ်နေပြီဆိုတာ ပြောတယ်။ ခဏနေတော့ ဆုံးသွားပြီဆိုတဲ့ ဖုန်းဝင်လာတာပဲ။ အဲဒီနေ့က ရန်ကုန်ကနေ မောငိးပြန်လာတာ ညနေ စောင်းမှ ပုသိမ်ကြီးအိမ်ရောက်တော့တယ်။ ဖေဖေ့နာရေး မှာ အသုဘ ချမယ့်နေ့ မနက်အစော ဖေ့ဖေ့ကို မိသားစု တွေ ကန်တော့ကြတော့ မေမေ က ကိုကြီးကို ကာယကံ ၊ဝဇီကံ၊ မနောကံ နဲ့ပစ်မှား မိသမျှ ခွင့်လွှတ်ပါ ဆိုပြီး ကန်တော့တယ်၊ အဲဒီ အချိန် မှာ တချက် ရှိုက်လိုက်တာပဲ တွေ့ရတယ်။ မေမေ ကတော့ ငါက အရင်သွားရမှာ နင်တို့ အဖေ က အရင်သွားလိုက်ပြီလို့ပြောတယ်။ အဲဒီနောက်ပိုင်း တဖြေးဖြေး နဲ့ပိုဆိုးလာတာပါပဲ။ ၂၀၁၆ လောက်မှာ မေမေအသည်းအသန် ဖြစ်လို့ဆေးရုံတက်တဲ့အချိန် အခြေအနေ တော်တော်ဆိုးတယ်။ အရမ်းမောပြီး ကယောင်ကတန်း တွေပြောတယ်။ အဲဒီတုန်းက ဒီရောဂါရဲ့နောက်ဆုံးအဆင့်ရောက်ပြီလို့ထင်ခဲ့တယ်။ ဒီရောဂါ က နောက်ဆုံးခန္ဓာကိုယ် မှာ ကယ်စီယံ ဓာတ်တွေ အရမ်းများပြီး သတိမေ့တာ၊ သတိလက်လွတ် ဖြစ်တာတွေ ဖြစ်တတ်ဆယ်လို့ သိထားတာကိုး။ အဲဒါပြီးတော့ မေနေနေုပန်ကောင်းလာတယ်။ မေမေ မောပြီး ကယောက်ကတမ်း ပြောတဲ့ အကြောင်းကို နေကောင်းလာတော့ ပြောပြတဲ့အချိန် အဲဒီအချိန် သေသွားလဲ ဘာမှ သိလိုက်မှာ မဟုတ်ဘူးလို့ပြောတယ်။ မေမေ က သူ့အခြေအနေ ၊ သူ့ အချိန် ကို ကောင်းကောင်းသိပုံပါပဲ။ အဲဒါပြီးတော့ သိပ်မကြာဘူး၊ မေမေ ဆေးရုံဆင်းခါစ မှာ လဲကြပြီးခြေထောက်ကြိုးပြန်တယ်။ မေမေ့ကို အဲဒီ အချိန် ကြည့်ရတာ အသနားဆုံးနဲ့ ဝမ်းအနည်းဆုံးပဲ။ ငါ့မှာ မုဆိုးမ ဖြစ်တဲ့ အပြင် ခြေထောက်က ြက်ုးပြန်တယ်၊ ဆိုးလိုက်တဲ့ ကံလို့ ဆေးရုံပေါ်မှာ မျက်ရည် ကျပြီးပြောတယ်။ အဲဒီ အချိန် ကနေ မေမေဆုံးတဲ့ အထိ လမ်းမလျောက်နိုင်တော့တာပဲ။ တွန်းလှည်းပေါ်ကနေပဲ နေနိုင်တော့တယ်။

မေမေ က ဆေးရုံတက်နေတုန်း သူ့ကို သွားကြည့်ရင်ကို ငါ့သားလေး လုပ်စရာ ရှိရင် သွားလေ လို့ ပြောတတ်တယ်။ တခါ ဆေးရုံ ပေါ်မှာ အသည်း အသန် ဖြစ်နေတုန်း ကို ကိုယ့်ဆီဖုန်းဆက်ပြီး ကိုရဲ. တရုတ် သွားရင် ကုတ်အင်္ကျီ ငှားဖို့ ဖုန်းဆက်ပြောလို့ မေမေ့ကို စိတ်ဆိုးပြီး မေမေကလဲ ဘာလို့ ပြောနေရတာလဲ၊ သူ့ဘာသူ ပြောလိမ့်မပေါ့ လို့ ပြန်ပြောဖူးသေးတယ်။

မေမေ ရဲ့ နောက်ဆုံး. အကြိမ်ဆေးရုံတက်ရတော့ မေမေ နေရတာ တော်ေျတာ်ဂမသက်မသာ ဖြစ်နေပြီ။ ကိုယ် ကတော့ ဒီလောက် မသိသေးဘူး။ နောက်မှ သိရတာ မေမေ က အဲဒီ အကြိမ်ဆေးရုံတက်ပြီးတော့ ဂျပန် က မမ မြိုင်ကိုလဲ လာဖို့ ခေါ်တယ် သိရတယ်။ ခါတိုင်း ဆို မမမြိုင်လာမယ်ဆိုရင်တောင် မလာနဲ့ မေမေ ဘာမှ မဖြစ်ဘူးလို့ ပြောနေကြ။ ကိုယ့်ကိုလဲ ဆေးရုံဆင်းတဲ့ မနက် မှာ ငါ့သားလေး မေမေ့ဆီလာအုန်းနော် လို့ ပြောသွားတယ်။

အဲဒါ ပြီးတော့ ကိုယ်ရန်ကုန် သွားနေတာ တစ်ပတ်လောက်ကြာတယ်။ မေမေ နေမကောင်းဘူး၊ ပုသိမ်ကြီး အိမ်မှာပဲဆိုတာ တော့ သိတယ်။ ဆုံးမယ့်နေ့ မတိုင်ခင် ၂ ရက် က မေမေ ထမင်းမစားနိုင်ဘူးဆိုလို့ ခိုင်ခိုင်ကျော်ကနေ ငါးကြော် ဝယ်သွားတယ်။ မေမေ မစားနိုင်ပါဘူး။ စကားပြောနိုင်တယ်။ တစ်ရက် အလို ကိုယ်မနက်ပိုင်းရောက်သွားတော့ မေမေ က ပြုံးပြုံးရွှင်ရွှင် နဲ့ မေမေ စားနိုငတယ်။ မမမြိုင် ခေါင်းလျောက်ပေးထားတာ ဆံပင်တွေကို နုနေတာပဲ လို့ ပြုံးပြီးပြောတယ်။ အဲဒီ နေ့က မေမေ နဲ့ စကားေုပြာရတာ နောက်ဆုံးအကြိမ်ပဲ။ မေမေ နဲ့ပြောနေကြ အကြောင်းတွေက ဝင့်အိန္ဒြာတို့၊ ပူးပူးတို့ အကြောင်းတွေ များပါတယ်။ မေမေ ကလဲ ကိုယ်မသိသေးတဲ့ ရဲပူတူးတို့၊ သဲပူတူးတို့ အကြောင်းတွေ ပြန်ပြောတယ်။ ဆုံးမယ့်နေ့က ကိုကိုကြီး မနက် ၈နာရီလောက်ဖုန်းဆက်တယ်၊ မေမေ အထြေအနေမကောင်းဘူး၊ pressure ကျနေတယ်၊ ပြန်လဲ တက်မလာဘူးလို့ ပြောတယ်။ ကိုယ် မေမေ့ဆီ ရောက်သွားတော့ မေမေ ညည်းနေတယ်။ မေမေ ညီရဲလာပြီလို့ ပြောပြီး မေမေ့ လက်ကိုဂကိုင်ထားတယ်၊ ကိုကိုကြီးက မေမေ့ကျောကို ပွတ်ပေးနေလိုက်လို့ပြောလို့ ပွတ်ပေးနေတယိ။ pressure တိုင်း၊ oxygen တိုင်းတာ တက်မလာလို့ pressure တိုင်းတာ ပျက်တယ်ထင်ပြီး ဓာတ်ခဲတွေ သွားဝယ်တယ်။ မထူးပါဘူး။ ကိုရဲ ဆီဖုန်းဆက်ပြီး အကျိုးအကြောင်းပြောပြီး လာဖို့ ပြောတယ်။ သိပ်မကြာဘူး၊ မေမေ အသက်ရှူတာတွေ မြန်လာတယ်။ သတိလစ်တယ်ဆိုတာဂမသိသေးဘူး။ မေမေ စကားပြနိမပြောနိုင်အောင် ဝေဒနာ ခံစားနေရတယ် လို့ပဲသိတယ်။ ကိုကိုကြီးကတော့ မညည်း နိုင်တော့လို့ မညည်းတော့တာလို့ ပြောတယ်။

နေ့လည် ရောက်တော့ မေမေ့ကို ဒီအတိုင်းပဲ ထားမှာလားပြောလ်ု့ကိုကိုကြီးက ဒေါက်တာ ပါပါ့ဆီကိုဂဖုန်းဆက်တယ်။ ဒေါကတာဂပါပါရဲ့ဂတပည့် ၂ ယောက်ဂရောက်လာပြီး ဆေးထိုးတာ ၊ သွေးချိန်တာ လုပ်ပေးတယ်။ မေမေ့ကို ဒီတိုင်း ဝေဒနာဂခံစားနေရတာ မကြည့်ရက်လို့ ဆေးရုံတင်မလားဂတိုင်ပင်ကြသေးတယ်။ ကိုကိုကြီးကတော့ဂမင်းတို့ သဘောလို့ပဲ ပြောတယ်။ ပြီးမှဂသိရတာကို မနက်ကတည်းက မေမေ့အသိ ဆရာဝန် တစ်ယောက်လာကြည့်ပြီး ဒီနေ့ မကျော်ဘူးလို့ ပြောသွားပြီးပြီတဲ့။ မေမေ့ကို မကြည့်ရက်လို့ အိမ်နားက လဘက်ရည်ဆိုင် သွားထိုင်နေလိုက်တယ်။ ညနေ ၄ နာရီလောက် ဝေယံမင်း က လဘက်ရည်ဆိုင်လိုက်လာပြီး ရဲရဲ ဖွားဖွားစော ဆုံးသွားပြီလို့ လာပြောတယ်။ မေမေ့ ရဲ့ လက်ဖဝါးလေး ကိုကိုင်ပြီး ကိုယ် ပြင်းပြင်းထန်ထန် ငိုမိတယ်။

မေမေ့ အသုဘ ကျမှပဲ ကိုယ် ရက်လည် တဲ့ နေ့အထိ ပုသိမ်ကြီး အိမ် မှာ နေဖြစ်တယိ။ မေမေ က သူ့ အသုဘ အတွက် ဘယ်လို ဟင်းနဲ့ ဆွမ်းကပ်၊ ဘာအျင်္ကီ ဝတ်ပေး က အစဂသေးစိတ် တွေ စာရေး ခဲ့တယ် ပြောတယ်။

မေ မေ့ဆုံးတော့ဂအသက် ရ၁ နှစ်၊ ဖေဖေ က ၇၂ နှစ်။ မေမေ က သားသမီး ၄ ယောက်လုံးကိုအရမ်းကြင်ကြင်နာနာနဲ့ ခှစ်တတ်တယ်။ နာမည် ခေါ်တာက အစ မီးငယ်လေး၊ ညီရဲလေး၊ ကိုရဲလေး၊ ကိုထူးလေး လို့ ခေါ်တယ်။ မြေး တွေ အပေါ်လဲ ချစ်တာပါပဲ။ မေမေ ကဖေဖေ့ကိုယ်လဲ အမြဲဟာသ လုပ်တယ်။ သားသမီး တွေ မြေးတွေ စုံရင် ဖေဖေ့ကို အမြဲ ရီစရာ လုပ်ပြောတတ်တယ်။

မေမေ ဒီရောဂါ စဖြစ်ကတည်းက ဒီလို ခွဲခါသွားမယ်ဆိုတာ မျှော်လင့် ပြီးသားပါ။ မေမေ ဆုံးတဲ့ဂနေ့က ဝင့်အိနန္ဒြာလေး မွေးနေ့ဖြစ်နေတော့ အဲဒီနေ့ရောက်တိုင်း ကိုယ့်မှာ ခဲံစားချက် က ၂ မျိုးဖြစ်နေတော့မှာ။ ကိုယ်အလုပ်လုပ်တဲ့ နေရာကလဲ ဆေးရုံကြီးဆိုတော့ အဲဒီနားက ဖြတ်သွားတိုင်း မေမေဂတက်တဲ့ အဆောင်ကို ငေးကြည့်မိတုန်းပဲ။ ကိုယ့်အိမ် ကိုဂနောက်တစ်ထပ်စတက် တော့ ဒီ အိမ်ပြီးသွားရင် မေမေ့ဆေးရုံတက်နေတုနိး ဟင်းချက်ဂပို့မယ်လို့ စဉ်းစားထားတာ အခုတော့ ပို့လို့မရတော့ဘူး။ မေမေ့ ရက်လည် မှာ အရမ်းဝမ်းနည်းလွန်းလို့ဂနောက်ဘဝ ကျရင်လဲ မေမေ့သားပဲ လုပ်ချင်တယ် လို့ ဆုတောင်း မိတာ မတရားများ ဖြစ်မလားမသိဘူး။ မေမေရှိတော့မှ မေမေ ရှိနေတဲ့အချိန် တွေတုန်းက မေေ့အနား အမြဲ ရှိမနေတာကို အရမ်းစိတ်မကောင်းဖြစ်ရတယ်။

No comments: