Wednesday, October 23, 2019

သမီး ဝင့်အိ​ြ န္ဒာရဲမင်း ၇ နှစ်ပြည့် အမှတ်တရ။

သမီး ဝင့်အိ​ြ န္ဒာရဲမင်း ၇ နှစ်ပြည့် အမှတ်တရ။

မနေ့ က သမီးလေး မွေးနေ့၊ သမီး မွေးနေ့ အမှတ်တရ စာတစ်ပုဒ် လောက် ရေးကြည့်အုံးမယ်။ သမီးလေးကို ကိုယ်ဝန် ရခဲ့တာ ပါးပါးတို့ စင်ကာပူမှာ တုန်းက။ အဲဒါ မပြောခင် သမီး ပါးပါး မားမား ခေါ်တာကို အရင် ပြောပြ အုံးမယ်။ သမီး စကားစ ပြောတတ်ခါစ က ပါးပါးကို ဘားဘား ဆိုပြီစခေါ်တယ်၊ အဲဒီကနေ မှ သမီး အမေ က သမီး ပါးပါးကြီး ပါးပါးကြီးဆိုပြီး စနောက်ရင်းကနေ သမီးလဲ ပါးပါး မားမား စ ခေါ်ဖြစ်သွားတာ၊ တကယ်တော့ ပါးပါး မှ တရုတ် သွေးက တမတမတ် ပဲပါတယ်၊ ကြီးလာတာ့လဲ သမီးလေး ခေါ်တဲ့ ပါးပါး မားမား ကနားဝင်ချို နေ တော့ ခေါ်ပါစေ ဆိုပြီး ဒီတိုင်းထားလိုက်တာပဲ၊ အဲဒီကနေ သမီး ညီမလေး အလှည့်ကျတော့လဲ ဒီတိုင်းပဲ ဖြစ်သွားတာ။ နောက်ပိုင်းတော့လဲ သမီးက အင်္ဂလိပ်လို့ ပြောရင် daddy လို့ သမီးဘာသာ စခေါ်တယ်။
သမီး ကိုယ်ဝန် ရှိတဲ့ အချိန် ပြန်ပြောကြအုံးစို့၊ သမီးလေး ကိုယ်ဝန် မရှိခင် က ကိုယ်ဝန် နဲ့ ပတ်သတ် တဲ့ အင်တာနက် က စာတွေကို ပါးပါး စဖတ်တယ်၊ ဖုန်းထဲမှာလဲ ovaluation calendar ဆိုတာမျိုး application တွေ ထည့်ထားတယ်၊ ဒါကြောင့် သမီးကို conceive ဖြစ်တဲ့ ရက် ၊ အချိန် ကအစ ပါးပါး မှတ်မိနေတာပေါ့၊ စင်ကာပူ မှာနေတုန်းက ပါးပါး ဘာသာရေး တော်တော် လုပ်ဖြစ်တယ်၊ သမီး မားမား အဲဒီ အခေါက် စင်ကာပူမှာ လာနေတယ်၊ ကိုယ်ဝန် ယူမယ်လို့ ဆုံးဖြတ် ပြီးကတည်းက ညတိုင်း ပဌန်း အရှည်ကို ရွတ်တယ်။ ပဌန်း ရွတ်ရင် နတ်တွေ လာနားထောင်တယ်၊ လို့ ယုံကြည်တာကိုး။ ပါးပါး အတွေးထဲ မှာတော့ အဲလို လာနားထောငတဲ့ အထဲက နတ်သတ်ကြွေ တဲ့ နတ်တပါးပါး သမီးဂမားမားဂဗိုက်ထဲ ဝင်စား ပါစေ လို့ဆုတောင်းနေတာပေါ့။ သမီးကိုယ်ဝန် ရတဲ့ ရက် က ပါးပါး နဲ့ မားမား က စင်ကာပူက bird park ကို သွားလည် ကြသေးတယ်။ အဲဒီ တော့ ပါးပါး ဖတ်ဖူးတဲ့ စာအူပ်တွေထဲကလို သမီးလေးများ bird park ထဲကနေ လိုက်လာသလား တွေးဖူးသေးတယ်။ သမီးလေး ကိုယ်ဝန် ရတော့ ပါးပါးက ယေင်္ကျားလေးလို့ထင်နေတာ၊ ဘာလို့လဲဆိုတော့ ဗေဒင် ဆရာ တစ်ယောက် ကလဲ ယောင်္ကျားလေးလို့ ဟောဖူးတယ်၊ ပါးပါး ကိုယ်တိုင်လဲ ယောင်္ကျားလေး လိုချင်နေတာဆိုတော့။
သမီး ကို်ယ်ဝန် စ ရှိပြီဆိုတာကို သမီးမားမား ဆီးစစ် ပြီးဘသိရတာ မနက် အစောကြီး ၅ နာရီလောက်၊ မနက် အစောကြီးကို ပါးပါး မြန်မာ ပြည်ကို ဖုန်းတန်းဆက် ပြီး ပြောတာပဲ၊ သမီး မားမားတို့ မိသားစု မှာ သမီးက ပထမ ဆုံး မြေးဦးလေးဆိုတော့၊ သမီးရဲ့ ဖွားဖွား ဒေါ်ယုဝေ ဆီ အရင်ဆက်တယ်၊ ပြီးတော့ သမီး ရဲ့ ဖိုးဖိုးချွန်ဆီ ဆကိတယ်၊ အဲသည် အချိန် ဖွားဖွားစော က တရား စခန်းဝင်နေတော့ မပြောလိုက်ရဘူး။
သမီး ကိုယ်ဝန် ရပြီဆိုတာ နဲ့ မားမားကို KK women and children hospital ကို သွားပြတယ်၊ အဲဒီ မှာ ပထမ ဆုံး ကလေး မှာ ဖြစ်နိုင်တဲ့ သာလာစီးမီးယား ခေါ်တဲ့ သွေးရောဂါ ဖြစ်နိုင် မဖြစ်နိုင် ပါးပါး နဲ့မားမားကို သွေးစစစ်တယ်။ ပြီးတော့ သမီး မှာ down syndrome ပါမပါ စစ်မလားမေးတော့ ပါးပါးတို့လဲစစ်မယ်လို့ ပြောလိုက်တယ်။ အဲသည် down syndrome test  က သမီး ၁၂ ပတ် မှ စစ်ရတာ။ အဲသည် test စစ်တော့ ပါးပါးရော မားမားရော ချောချော မွေ့မွေ့မှ ဖြစ်ပမလားဆို ပြီး စိတ်တွေ ပူလိုက်ရတာ၊ အဲသည် လိုမျိုး စိတ်ပူတာက သမီး ညီမလေး အလှည့်ကျ မှ ပိုဆိုးတော့တာပဲ၊ အဲသည် အကြောင်းဂပူးပူး birthday ကြမှ ရေးတော့မယ်။ down syndrome test က ပထမ ဆုံး သမီး မားမားကို သွေးစစ်၊ ultrasound ရိုက်တယ်။ အဲသည် ultrasound မှာ သမီးလေးရဲ့ နှလုံးခုံသံကိ​ု ပါးပါးတို့ စကြားဖူးတာပဲ၊ စင်ကာပူက ဆေးရုံတွေကတော့ service ကောင်းတော့ အဲသည့် အသံကို မိဘ တွေ ကြားအောင် speaker အသံကို အကျယ်ကြီးဖွင့်ပေးတယ်။ အဲသည် test မှာ သမီးလေးရဲ့ နှာခေါင်းရိုးကို တိုင်းတာဆိုတော့ ၁၂ ပတ် အရွယ် သမီး လေးရဲ့မျက်နှာကိုလဲ စမြင်ဖူးတာပဲ၊ test result က ဖြစ်နိုင်ခြေ နဲ့ထွက်တာ၊ သမီး ရဲ့ result က ၁:၂၀၀၀ လောက်ရှိတယ်ထင်တယ်၊ လူ ၂၀၀၀ မှာ ၁ ယောက်ဖြစ်နိုင်ခြေ ပေါ့။ သမီး မှာ down syndrom မဖြစ်နိုင်ဘူးဆိုတာသိတော့ မှ ပါးပါးရောမားမားပါ သကါပြင်းချနိုင်တော့တာပဲ။
သမီးမားမားကကိုယ်ဝန် စ ရှိကတည်းက အန်လိုက်တာ၊ ရပ်ကို မရပ်ဘူး၊ ပထမ ၁ လ အတွင်း ဘာမှ စားမဝင်ဘူး။ အဲသည် အချိန် ပါးပါး က အလုပ်သွားနေရတော့ သမီးမားမားကို အိမ်မှာ တစ်ယောက်တည်းထားခဲ့ရတာ စိတ်ကိုမချဘူး။ သမီးမားမား က ဘာအနံ့မှ လဲ မခံနိုင်တော့ဘူး၊ အနံ့တခုခု ရတာနဲ့ တန်းအန်တော့တာပဲ၊ ပါးပါးလဲ အင်တာနက် ပေါ်က စာတွေ ဖတ်ပြီး နည်းမျိုးစံ​ု လုပ်ပေးတာပဲ၊ အန်တာ မူးတာ မော်တာ သက်သာအောင် foot reflexology ကို စာဖတ်ပြီး သမီးမားမားလို ခြေဖဝါးကို နှိပ်ပေးတယ်၊ အဲသည် အချိန် က စပြီး သမီးလေး မွေးပြီးတဲ့အထိကိ​ု တစ်ရက် မှ မပြတ်ဘူး၊ သမီး မားမား ခြေဖဝါးကို နှိပ်ပေးခဲ့ရတာ၊ သမီးမားမားလဲ နောက်ပိုင်း သက်သာလဲ ဇိမ်ခံချင်တယ် ထင်ပါတယ်။ ပါးပါးတို့ အိမ်နားက shopping mall က ဆိုင်မှာ သမီး မားမား တခါ သွား အနှိပ်ခံဖူးသေးတယ်၊ မိနစ် ၃၀ ကိ​ု ၃၅ ဒေါ်လာလား ပေးရတယ်၊ ပြန်လာတော့ပါးပါးနှိပ်တာလောက် မကောင်းဘူးဆိုပြီး ပါးပါးကို ညာခိုင်းတော့တာပဲ၊ အဲလိုနဲ့ ညတိုင်းနီးပါး ခြေဖဝါး နှိပ်ပေးလာတာ သမီးလေး မွေးတော့ ပါးပါး လက်မ မှာ အသားမာတောင် တက်နေတယ်။ သမီး ကိုယ်ဝန် ရတဲ့ အခေါက် မားမားက စင်ကာပူလာတဲ့အချိန် မြန်မာ ပြည် အပြီး ပြန်မယ်ဆိုတာ ဆုံးဖြတ်ပြီးပြီ၊ ဘယ်အချိန် ပြန်မလဲဆိုတာ မဆုံးဖြတ်ရသေးတာ၊ သမီးမားမား က စားမဝင် ၊ နေလို့မကောင်း၊ အိမ်မှာ တစ်ယောက်တည်း ထားခဲ့ရတော့ ပါးပါးလဲ မြန်မာပြည်ကို ကိုယ်ဝန် ၃ လလောက်မှာ အပြီးပြန်တော့မယ်လို့ ဆုံးဖြတ်ချက် ချဖြစ်သွားတယ်၊ ကိုယ်ဝန် က ၃ လကျော်မှ လေယဉ် စီးတာ၊ သွားတာလာတာ အဆင်ပြေတာကိုး။ အစ ကတော့ သမီးကို စင်ကာပူ မှာမွေးမလား စိတ်ကူးမိသေးတယ်၊ နောက်တော့ သမီးမားမား နေလို့မကောင်းဘဲ နဲ့ အိမ်မှာ တစ်ယောက်တည်း ဖြစ်နေတာကို ပါးပါးက မကြည့်ရက်လို့ပဲ။ ဒါနဲ့ သမီး ၃ လလောက်မှာ ပါးပါးတို့ မြန်မာ ပြည်ကို အပြီး ပြန်လာကြတယ်။
မြန်မာပြည် မပြန်ခင် သမီး အတွက် လိုတဲ့ ပစ္စည်း မှန်သမျှ စင်ကာပူကနေ အကုန်ဝယ်ခဲ့တယ်။ အဲသည်တုန်းကတော့ လိုမလို တောင် သေချာမသိပါဘူး။ kiddy palace ရောက်တာနဲ့ သိမ်းကြုံးဝယ်ဖြစ်တာပဲ၊ သမီး အတွက် babay cot လို ဟာမျိုးတောငိ ikea  က ဝယ်ပြီး မြန်မာပြည်အရောက်သယ်တယ်။ နို့ဗူးတွေ၊ နို့ဗူးပေါင်းစက်၊ သမီး လသားအရွယ် ခြေထောက်နဲ့ ကန်ဆော့လို့ရတဲ့ တွဲလောင်းချတဲ့ အရုပ်၊ ပခက် ထဲ အိပ်ရင်းနဲ့ ပခက်ဘေးမှာ ချိတ်ထားတဲ့ မီးလင်း၊ သီချငိးသံထွက်တဲ့ အရုပ်၊ ကပ်ခွာ ပါတဲ့ ကလေး အနှီး၊ တော်တော်စုံတယ်၊ သမီးမွေးလာပြီးတော့ မှ မသုံးဖြစ်တဲ့ ပစ္စည်းတွေကို တော်တော်များတယ်။
အဲဒီတုန်းက စင်ကာပူ မန္တလေး တိုက်ရိုက် လေယဉ် မရှိသေးဘူး၊ ရန်ကုန် မှာ နားတဲ့အချိန် ပါးပါးရော မားမာပါ အစားမှားပြီး အကြီးအကျယ် ဝမ်းလျောသေးတယ်၊ မားမား က သမီးကိုယ်ဝန် လွယ်ထားရတဲ့ အချိန်ဆိုတော့ ပိုစိုးရိမ်ရတာပေါ့၊ ရန်ကုန် က ရှင်ပါကူဆေးခန်းမှာ သမီးမားမားကို သွားပြရသေးတယ်။ ရန်ကုန် ကနေ မန္တလေး တန်းမပြန်ဘဲ အခု ပါးပါးကို ကုမ္ပဏီ မှတိပုံတင် ကိစ္စ ရှိလို့ဆိုပြီး နေပြညိတောိ ဝင်သေးတယ်။ နေပြည်တောိ မှာ တညအိပ်ပြီး အလုပ်ကိစ္စတွေ ပြီးတော့မှ မန္တလေး အိမ်ကို ပြန်ရောက်တယ်။
မန္တလေး ပြန်ရောက်ရောက်ခြင်း သမီး အတွက် OG အရင်ရှာရတာပဲ၊။ ဗဟို အမျိုးသမီးဆေးရုံက ပါမေက္ခ ဒေါက်တာ ဒေါ်ခင်ထားရီ နဲ့ အပ်ဖြစ်တယ်၊ တစ်လ တစ်ခါ ပုံမှန် ပြတယ်။ ကိုယ်ဝန် ရင့်လာတော့ တပတ်တခါ ပေါ့။ ကိုယ်ဝန်က သမီးလေးမှန်းသိတာက သမီး ၅ လ ကိုယ်ဝန်မှာ၊ 3D ultra sound ရိုက်ဖို့ မြို့တော် ဆေးရုံကို သွားရတယ်၊ အဲဒီတုန်းက မြို့တော် မှာပဲ 3D ultrasound ရှိတာ၊ ရိုက်ပြီးပြီးချငိး သမီးလေးမှန်းသိရတယ်၊ သမီးလ​ေးရဲ့ မျက်နှာလေးကို အဲဒီအချိန် စမြင်ဖူးတာပဲ။ ပါးပါးကတော့ ယောကျင်္ားလေးလို့ ထင်ထားပေမယ့် မိန်းကလေးလို့ သိလိုက်ရတော့လဲ ဘယ်လိုမှ မခံစားရပါဘူး။ ဒါပေမယ့် သမီးမားမားကို စပြီး ပြောလိုက်မိတော့ မားမားက မျက်ရည်ကျသေးတယ်၊ မားမား က နဂိုကမှ emotion များတဲ့လူဆိုတော့ ကို်ယ်ဝန် ရှိတဲ့အချိန်ပိုဆိူးတယိ၊ ပါးပါးကတော့ စာဖတ်ထားတော့ အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်တဲ့အချိန် ဟော်မုန်းပြောင်းတာကြောင့် mood swing ဖြစ်တယ်၊ emotion များတတ်တယ်ဆိုတာ သိထားတော့ မားမား ဆူဆူပူပူလုပ်တာ၊ ပြဿနာလုပ်တာတွေကို ပြန်မတုန့်ပြန်ဘဲ နားလည်ပေးပါတယ်။ ညအိပ်ချိန်တွေဆိုရင် သမီးမားမားရဲ့ ဗိုက်နားကပ်ပြီး ပါးပါးက သမီးကို စကားပြောပေးတယ်၊ ဗန်းမော်ဆရာတော်ကြီး ပဌန်းရွတ်တဲ့ အသံကိုလဲ MP3 player ထဲထည့်ပြီး မားမားဗိုက်ပေါ်မှာ တင်ပြီးဖွင့်ပေးတယ်။ တခါတလေ လဲ pregnancy music တွေ internet က download လုပ်ပြီးဖွင့်ပေးတယ်။ အဲလို ဖွင့်ပေးထားတဲ့အချိန် သမီးက ဗိုက်ထဲကနေ တခါတလေ လှုပ်ပြတယ်။ မားမားကတော့ ခြေဖဝါး အနှိပ်ခံ ပြီး ဇိမ်ကျပေါ့။
အဲဒါ နဲ့ သမီးလေး မွေးဖို့ရက် နီးလာတော့ OG ဆရာဝန် မကြီးက ရိုးရိုးမွေးမလား၊ ဗိုက်ခွဲမွေးမလား မေးတယ်။ ပါးပါးတို့လဲ ဗေဒင် မေးထားသေးတယ်။ သမီးကို မွေးမယ့်ရက် လိုချင်တာတပိုင်း၊ ရိုးရိုးမွေးရင် OG တွေ မလာတတိဘူးဆိုတာ သိထားတာရယ်ကြောင့် ခွဲမွေးမယ်လို့ပဲ ပြောလိုက်တယ်။ ခွဲမွေးမယ်ဆိုတော့ ဘယ်မှာ မွေးမလဲ တခါ စဉ်းစားရပြန်ရော၊ OG ဆရာဝန် မကြီးက ဆေးရုံးမှာ အကြီးဆူံးဆိုတော့ သူက ရုံးချိန်တွေဆို အပြင်ဆေးခန်းလိုက်မမွေးနိုင်ဘူး ပြောတယ်၊ ဒါနဲ့ပဲ ဗဟို အမျိုးသမီးဆေးရုံမှာ မွေးမယ်လို့ပဲ ဆုံးဖြတ်လိုက်ကြတယ်။ သမီးကို မွေးဖို့ ရည်ရွယ်ထားတာက မတ်လ ၂၃ သောကြာနေ့၊ ပါးပါးတို့ကို ၂၁ ရက် မနက် ကတည်းက လာပြီး ဆေးရုံတက်ဖို့ ပြောထားတယ်၊ သမီးမားမားက ၂၀ ရက် ညဦးပိုင်းက စပြီး ရေမွှာက ရေ နည်းနည်း စထွက်နေတော့တာပဲ။ အဲဒါနဲ့ ပါးပါးတို့လဲ မနက် ဆေးရုံတက်မှာ ပဲဆိုပြီး ဒီအတိုင်းနေလိုက်တယ်။ မနက်ရောက်တော့ သမီမားမားကိုတောင် မနက်စာ အုန်းထမင်းဂစားခိုင်းလိုက်သေးတယ်။ ဆေးရုံကို မနက် ၉ နာရီလောက်ရောက်တော့ ရေမွှာရေ ထွက်နေတာကို ဘာလို့တန်းမလာတာလဲဆိုပြီး ဆရာဝန် တွေက ပါးပါးတို့ကို ဆူရော၊  အဲဒါနဲ့ ပထမ ဆုံး သမီး နှလုံးခုန်မခုန် စက်နဲ့စမ်းတယ်။ ပထမ အကြိမ် စမ်းတော့ စက်ကပဲ ချို့ယွင်းတာလားမသိဘူး။ နှလုံးခုန်သံ မကြားရတော့ဘူး။ အဲဒီအချိန်မှာသမီး မားမားတော့ ဘယ်လိုနေတယ်မသိဘူး၊ ပါးပါးတော့ဂရင်ထဲမှာ ဆို့ပြီး မျကိရည် ဝဲတက်လာတာပဲ။ သေချာ ပြနိစမ်းတော့မှ နှလုံးခုန်သံ ပုံမှန် ပဲ ဆိုတာ သိရတယ်။ သမီးမားမားကို ချက်ခြင်း ခွဲမွေးဖို့ ပြင်ဆင်တော့တာပဲ။ အစိုးရ ဆေးရုံဆိုတော့ ခွဲခန်းထဲ လိုသမျှ ပစ္စည်း ဝယ်ပေးရတယ်။ ပါးပါးရယ်၊ သမီး ဦးလေး ဦးထွန်းထွန်းရယ်၊ ဆေးဆိုင် ပြေးလိုက်၊ ခွဲခန်းရှေ့ ပြန်လာလ်ုက် အ ခေါက်ခေါက် အခါခါပဲ။ ပါးပါး က ဆရာဝန်မကြီးကို ခွဲခန်းထဲ ဝင်ဖို့ခွင့်တောင်းသေးတယ်၊ အစိုးရ ဆေးရုံဖြစ်တာရော၊ ထုံးစံ မရှိတာရောကြောင့် ဝင်လို့မရခဲ့ဘူး။ သမီးမားမားကို မခွဲခင် မနက်စာ စားထာတဲ့ အစာတွေ ပြန်အန်ထွက်အောင် ပိုက်ထိုးပြီး အန်ခိုင်းတယ်ပြောတယ်။ မားမား ခမျာ တော်တော် ခံရခက်လိုက်သေးတယ်။ ခွဲခန်းထဲဝင် ပြီး နာရီဝက်လောက် ကြာရော၊ နာစ်တစ်ယောက် က မအေးအေးသိန်းရဲ့ အစောင့်ရှိရင် လာခဲ့ပါအုံးလို့ အော်ခေါ်တယ်။ ပါးပါးတို့ လဲ ဘာများဖြစ်သလဲလို့ ထူပူသွားတာပဲ။ အဲလောက်မြန်မယ်လဲ ထင်မထားဘူးလေ။ အဲဒီ မှာ အနှီးဖြူဖြူ လေးနဲ့ ထုပ်ထားတဲ့ သမီးလေးကို စတွေ့ရတာပဲ။ အနှီးဖြူးဖြူလေးနဲ့ ထုပ်ထားတဲ့ သမီးနီတာရဲ လေးက ပါးပါးအတွက်တော့ အချစ် အတုံးအခဲလေးပဲ။ သမီးကို ဖွားဖွား ဒေါ်ယုဝေ ကစချီတယ်၊ သမီးလေး ငိုနေတာကို ဖိုးဖိုး ဦးစောသိန်းက စွာမယ့်ပုံပဲလို့ ပြောပြီး သဘောကျနေတယ်။ ပါးပါး က စစချင်း မချီရဲသေးဘူး။ သမီးဖွားဖွားကပဲ ချီထားတယ်။ ပြီးတော့ အောက်စီဂျင် ပေးရမယ်ဆိုလို့ သမီးလေးကို ကလေး အဆောင်ကို ခေါ်သွားတယ်။ မားမားကတော့ ခွဲခန်းထဲမှာပဲ။ ဆေးရုံမှာ သီးသန့်ခန်း တော့ရတယ်။ ဒါပေမယ့် ဆရာဝန် မကြီးက ခွဲပြီးပြီးချင်း ဆရာဝန် တွေ အမြဲရှိတဲ့ဂလူနာဆောင် မှာပဲထားပါဆိုလို့ မားမားကို ခွဲခန်းထဲက ထွက်လာတော့ လူနာဆောင်ကို ခေါ်သွားရတယ်။ မားမား လူနာဆောင် က ကုတင် ပေါ် ရောက်ပြီး ခဏနေ တော့ သမ​ီးလေးကို အောက်စီဂျင် ပေးတဲ့နေရာကနေ မားမားဆီ ခေါ်လာတယ်။ သမီး မားမားက ခွဲခန်းထဲက ထွက်ထွက်ချင်း မေ့ဆေး မပျယ့်တပျယ် အချိန် သမီးကို ကြည့်ပါအုံးပြောတော့ ကလေး က အသားဖြူရဲ့လားတဲ့၊ အဲလိုတန်းမေးတယ်။ သမီးကို မားမားဗိုက်ပေါ်တင်လိုက်တာနဲ့ သမီးလေးက နို့ကို ရှာပြီးစို့တော့တာပဲ။ အဲဒီအချိန် သမီး ဖွားဖွားစော လဲ ရောက်နေပြီ။ သမီးလေးနို့ရှာစို့တာကို ကြည့်နေတဲ့ လူတွေအားလူံး သဘောကျနေကြတယ်။ အမျိုးသမီးဆေးရုံဆိုတော့ နေရာ သိပ်အဆင်မပြေတာက လွဲရင် ဆရာဝန် တွေ အားလုံးက ဂရုစိုက်ကြပါတယ်။ အဲဒီ လူနာဆောင်က ည​နေ ဆိုတာ နဲ့ခြင်တွေ ခဲနေတာပဲ။ ညအိပ်ချိန်ရောက်တော့ ပါးပါးက အဆောင်ထဲ ဝင်လို့မရတော့ဘူး။ ဖွားဖွား ဒေါ်ယုဝေရယ်၊ ဖွားလေး အန်တီတူးရယ် စောင့်အိပ်ပေးတယ်။ အိပ်တယ်ဆိုပေမယ့် နေရာ မရှိတော့ တညလုံး ထိုင်နေရတာပါပဲ။ ပါးပါးက အပြင်ဘက် ကနေ ခဏ ခဏ လာကြည့်တယ်​။ နောက်ရက် နေ့လည်လောက် ကြမှ မားမားအတွက် ယူထားတဲ့ အခန်းကို ရွှေ့လ်ု့ရတယ်။ အဲဒီအခန်းက အဆောငိရဲ့ ဒုတိယထပ်မှာ၊ ဓာတ်လှေကားမရှိတော့ မားမားကို အလုပ်သမားတွေ ဝိုင်းမ ပြီး တင်ရတယ်။ သမီးမားမားက သားဦးမိုလို့ ထင်တယ်၊ နို့က ချက်ချင်း မထွက်ဘူး။ သမီးလေးက လဲ နို့ဆာလို့ထင်တယ်​၊ ငိုနေတာပဲ။ ပါးပါးက နို့မှုန့်တိုက်ချင်ပေမယ်​့ ဆရာဝန် မကြီးက မတိုက်ခိုင်းဘူး။ နောက်မှ သိရတာ မွေးခါစ ကလေးတွေက တပတ်လောက်အထိ ဘာ အစာမှ မဝင်လဲ ဘာမှ မဖြစ်ဘူးတဲ့။ သမီးအတွက် အသင့်ဝယ်ထားတဲ့ နို့မှုန့်ကို ခိုးတိုက်သေးတယ်။ နို့ဘူးပေါင်းစက် နဲ့ နို့ဗူးကိုပေါင်း၊ ရေနွေးကို ပွက်ပွက်ဆူအောင်တည်၊ ပါးပါးကိုယ်တိုင်လဲ လက်အိပ်စွပ်ပြီးဖျော်တယ်။ ပါးပါး အစ်ကိုကြီးက ပါးပါးကို အဲလိုတွေ လုပ်လို့ဆိုပြီး ရီသေးတယ်။
သမီး မွေးပြီး ၂ ရက်လောက်နေတော့ အသားဝါတယ်ဆိုပြီး မီးပြဖို့ လုပ်ရပြန်ရော။ သမီးလေးရဲ့ မျက်လုံးကိုကာဖို့ မယအဝတ်စ သေးသေးလေးကို မျက်မှန်ပုံစံလေးလုပ်ထားပေးတယ်။ အဲဒါလေး ဝတ်လိုက်တဲ့ပုံက ချစ်စရာ ကောင်းလွန်းလို့ အဲဒီ အဝတ်စ မျက်မှန်လေး ခုထိ သိမ်းထားသေးတယ်။ သမီးက မီးပြ တဲ့နေရာ ရောက်လို့ အထဲကိုချလိုက်တာနဲ့ ငိုတော့တာပဲ။ ပြန်ချီလိုက်ရင် အငိုတိတ်သွားပြန်ရော။ သမီး ခြေဖနောင့်သေး သေး လေးကနေ လဲ သွေး ၂ ခါလောက်ဖောက်ရတယ်။ ဆေးရုံမှာ ၅ ရက်လောက် ကြာတယ်ထင်တာပဲ။
အိမ်ပြန်ရောက်တော့ နေ့ခင်းဆိုရင် သမီးက ပါးခက်လေးထဲမှာအိပ်တယ်။ ညဆိုရင်တော့ မားမားဘေးနားမှာပေါ့။ ပါးပါးတို့အတွက် ပထမဆုံးအတွေ့အကြုံမိုလို့ထင်တယ်။ အနှီးကို သေသေချာချာ မထုတ်တပ်တာလဲပါမှာပေါ့။ သမီးက ညကို ၃ ၄ ခါလောက်နိုးတယ်၊ ပြန်ချီပြီး လမ်းလျောက် သိပ်မှ ပြန်အိပ်ပျော်တယ်။ ပြီးတော့ သမီးက နို့ဘူးကို ပဲ ကြိုက်တယ်။ မားမားနို့ကို သိပ်မစို့ဘူး။ အဲဒါကြောင့် ၈ လလောက်နဲ့ နို့ပြတ်တာပေါ့။ သမီး ၂ နှစ်လောက်အထိ ည ငိုရင် ထချီ၊ နို့ဘူးဖျော်၊ နို့တိုက် က ပါးပါးပဲ လုပ်ခဲ့တာ။ မားမားက ဗိုက်ခွဲထားတော့ အထိုင်အထ မလွယ်ဘူးလေ။ သမီး ၆ လလောက်ထင်တယ်၊ အိပ်ရင်း ကုတင်ပေါ်က ပြုတ်ကျလို့ ပါးပါးတို့ ကုတင်နဲ့ မအိပ်တော့တာ အခုထိပဲ။ သမီး စကားစပြောတော့ နို့ဘူးတောင်းတာကို ထူးထူးဆန်းဆန်း ကြီးကျဲ့ပါ လ်ု့ပြောတယ်။ သမီး ၃ နှစ်ခွဲ နို့မပြတ်ခင်အထိ ည အိပ်ရင်းနဲ့နို့ဘူးတောင်းရင် ကြီးကျဲ့ပါ လို့ပဲ ပြောတယ်။ သမီး မွေးစကနေ ၃ နှစ်ခွဲ အထိ သောက်ခဲ့တဲ့ နို့မှုန့်ဘူးတွေ မနည်းမနောဘဲ။မားမားက စာရင်းမှတ်ထားတော့ ကားတစ်စီးစာဖိုးလောက် ရှိတယ် ပြောတယ်။
သမီးကို ပူကြူးကြူးလေးလို့ ပါးပါးက မွေးကတည်းက စခေါ်တာ။ အဲဒါနဲ့ အိမ်က သူတွေကလဲ သမီးကို ပူကြူး၊ ကြူးကြူး၊ ပူကြူးမလေး  ဆိုပြီး ခေါ်ကြရော။ သမီးစကားစပြောတော့ ကိုယ့်ဘာကို ကြူးကြူးကလေလို့ ပြောတယ်။ နောက်ပိုင်းမှ သမီးကို ပါးပါးက ဝင့်အိ​ြန္ဒာ ၊ အိ​ြန္ဒာ လို့ ပြောင်းခေါ်တယ်။  သမီးကတော့ ခုထိ ကိုယ့်ကိုယ်ကို ကြူးကြူးလို့ သုံးနေတုန်းပဲ။
သမီးလေး က  မိသားစု ရဲ့ မြေးဦးလေးဆိုတော့ အားလုံးရဲ့ အချစ်တောိလေး၊ အချစ်ဦးလေး အဖြစ် ကြီးလာခဲ့တာ။ ပါးပါး ဆို သမီး ညီမလေး ပူးပူး ကိုယ်ဝန်ရတော့ကို စိတ်ထဲစဖြစ်တာက သမီးလေး တော့ သနားပါတယ်ဆိုပြီးဖြစ်မိတာ။ဒါပေမယ့် ပါးပါးရော မားမားရော ညီမလေး ရလာတဲ့အချိန်လဲ သမီးကို ဂရုစိုက်တော့ သမီးလေးလဲ ညီမလေးကို ချစ်တတ်တယ်။ အားလုံးရဲ့ အချစ်တွေကို ရခဲ့တဲ့သမီးလေးက အခြားသူတွေကို ချစ်တတ်တာ ပေါ့။
သမီး အတွက် မွေးနေ့ အမှတ်တရ၊ ကိုယ်ဝန် ရှိတဲ့ အချိနိကနေ မွေးလာတဲ့ အချိန်ထိ သမီး မြန်မာစာ ကောင်းကောင်းဖတ်တတ်တဲ့အချိန် ဖတ်လို့ရအောင်ရေးချထားလိုက်တာ။ ပါးပါး က စာရေးတာဝါသနာ ပါတော့ သမီး မားမားဗိုက်ထဲမှာကတည်းက ချရေးထားတာတွေလဲ ရှိတယ်။
သမီး အခု ၇ နှစ်ပြည့်မွေးနေ့ကစလို့ ကျန်းကျန်းမာမာ ပျော်ပျော်ရွင်ရွှင် နဲ့ ကြီးပြင်းနိုင်ပါစေ။ လူတဖက်သားအပေါ် ကိုယ်ချင်းစာတရား ထားနိုင်ပါစေ။ ကိုယ့်ထက်သာသူ အပေါ်မုဒိတာ ပွားနိုင်ပြီး ကိုယ့်ထက် နိမ့်ကျသူကို ဂရုဏာထားနိုင်ပါစေ။
သမီးကို ချစ်တဲ့ ပါးပါး။

No comments: