Wednesday, December 18, 2019

Targeted Chapter 4: Davos

Davos
January- April 2015
ကျွန်မ ရဲ့ ဒီစီ ကို လာခဲ့တဲ့ ခရီးက ထင်ထားတာထက်ကို အောင်မြင်ခဲ့ပါတယ်။ ဘယ်သူမှ ထင်မထားတဲ့ အောင်မြင်မှုပေါ့။

ခရစ်စမတ် အပြီး မှာပဲ Tim မိသားစု ရှိတဲ့ စကော့တလန် ကနေ ကျွန်မ ဒီစီ ကို နိုင်ဂျီးရီးယား ဘီလီယမ်နာ သူဌေး နဲ့ တွေ့ဖို့ ထွက်လာခဲ့ပါတယ်။ ကျွန်မ ရောက်တဲ့ အချိန် မှာပဲ သူတို့ အဖွဲ့က ပြိင်ဘက် သမ္မတ မိုဟာမက် ဘူဟာရီ အပေါ် လူထု ဆန့်ကျင် မှု တွေ လုပ်ဖို့ မျှောလင့်ချက် နဲ့  အစိုးရ အရာရှိ တွေ ၊ စီးပွားရေး သမားတွေ နဲ့ တွေ့ဆုံးပြီးနေပါပြီ။ ဒါပေမယ့် သူတို့ အောင်မြင် မှု နည်းနည်း ပဲရတော့ SCL နဲ့ စာချုပ်ချုပ် ဖို့ကိုပဲ စိတ်ဝင်စားနေပါတယ်။ 

နိုင်ဂျီးရီးယား သူဌေး က ခန္ဓာကိုယ် အရွယ်အစား ကြီးကြီး နဲ့  သြဇာ အာဏာ အပြည့် ရှိပုံပါ။  ကျွန်မ အတွက်တော့ သူ့ကို ကြည့်ရတာ နည်းနည်း ကြောက်စရာပါ။ သူ့ဘက်ကလဲ ငယ်ရွယ်တဲ့ အမေရိကန် အမျိုးသမီး တစ်ယောက် နဲ့ စီးပွားရေး မလုပ်ဖူးတာရော၊ Nix က ကိုယ်တိုင် မလာဘဲ သူ့ကိုယ်စား ကျွန်မ ကိုလွှတ်လိုက်တာ အတွက် ပါ ကျေနပ်ပုံမပေါ် ပါဘူး။ 

ကျွန်မ ရဲ့ ပရောဂျက် အဆိုပြုလွှာ အတိုင်းဘဲ ရွေးကောက်ပွဲ မတိုင်ခင် ၆ ပတ် အတွင်းမှာ SCL လုပ်ပေးနိုင်မယ့်အရာ တွေကို ရှင်းပြလိုက်ပါတယ်။ 

နိုင်ဂျီးယီးရယး နိုင်ငံ က လက်ရှိ သမ္မတ Jonathan ရဲ့ ပြည်သူ့ ဒီမိုကရေစီ ပါတီ ထောက်ခံသူရယ်၊ စိတ်ခေါ်သူ မိုဟာမက် ဘူဟာရီ ရဲ့ ပါတီ ကိုထောက်ခံသူ ရယ် ဆိုပြီး ၂ ခြမ်း  ကွဲနေပါတယ်။ ဒီအချိန်တို အတွင်းမှာ ကျွန်မ တို့အနေနဲ့ Swing Voter လို့ ခေါ်တဲ့ ဘယ်ဘက် မှ မပါတဲ့ မဲပေးသူ တွေကို ရှာဖွေ သတ်မှတ် တာ မလုပ်နိုင်တော့ပါဘူး။ ကျွန်မ တို့ လုပ်နိုင်တာက Jonathan ကိုထောက်ခံ သူတွေ အားလုံးထွက်လာပြီး မဲပေးအောင် လုပ်ရုံပါပဲ။ နောက်ပြီး ရွေးကောက်ပွဲ ရလဒ် ပြတ်ပြတ်သားသား အနိုင်ရအောင် လုပ်ပြီး ရလဒ် အပေါ် မယုံကြည် မှုကြောင့် ဖြစ်လာနိုင်တဲ့ အဓိကရုဏ်းတွေ ကို ရှောင်ကြဥ် နိုင်ဖို့ လုပ်ရမှာပါ။ 

ကျွန်မ တို့ ဒီ ရွေးကောက်ပွဲ မှာ အဓိက ဆက်သွယ်ရေး နည်းလမ်း အနေ နဲ့ သုံးရမှာက နိုင်ငံရဲ့ အစွန်အဖျားပိုင်းအထိ ​ေရာက်နိုင် တဲ့ ရေဒီယို ကိုသုံးပြီး မဲဆွယ်လုပ်ငန်း အဓိက လုပ်ရမှာပါ။ ရေဒီယို မှာ မဲဆွယ်ကြော်ငြာ တွေ၊ အခပေးရတဲ့ အင်တာဗျူးတွေ၊ မဲပေးသူ သဘောထား ပြောပြခြင်းဆိုတဲ့ အစီအစဥ် တွေ နဲ့ နိုင်ဂျီးရီးယား 
ရဲ့ လေလှိုင်းကို လွှမ်းမိုး အောင်လုပ်ရပါမယ်။ TV ကိုလဲ သုံးပြီး TV လိုင်းတွေ နဲ့ သတင်းစာတွေ မှာပါ မဲဆွယ်ကြော်ငြာ တွေ နဲ့  လူထု အသံ လို အစီအစဥ် တွေ ထည့်သွင်းရပါမယ်။  ကျွန်မ တို့သိရတာ က လူဦးရေ ရဲ့ ၁၀ ရာခိုင်နှုန်းပဲ အင်တာနက် ကို အသုံးပြုကြလို့ အင်တာနက် အသုံးပြု မဲဆွယ် နည်းလမ်းကို​ေတာ့ မြို့ပေါ် လူထု အတွက် အသုံးပြပါတယ်။ Facebook, Twitter, youtube တို့မှာ မဲဆွယ် ကြောငြာ၊ စာသားတွေ ထည့်သွင်းပါမယ်။ ဘေလ်ဘုတ် တွေကို  လူစည်းကား ရာနေရာတွေ မှာ ထောင်တဲ့ နည်းလမ်းကအပေါ် မှာ အားထားရပါမယ်။ အချိန် နည်းတာ ကြောင့် သိပ္ပ နည်းကျ စနစ်တကျ မဲပေးသူ အုပ်စုခွဲတာ၊ မဲပေးသူ တစ်ဦးချင်း၊ အုပ်စု တစ်ခုချင်းကို ပစ်မှတ်ထား မဲဆွယ် တာ တွေ မလုပ်နိုင်တော့ပါဘူး။ 

ဒီလို မဟာဗျူဟာ တွေ သုံးရင်တောင် မှာ SCL အနေနဲ့ Jonathan နိုင်မယ် လို့ အာမ မခံနိုင်ပါဘူး။ ဒါပေမယ့် Nix ဘီလီယမ်နာ ရဲ့ ကိုယ်စားလှယ်ကို မက်ဒရစ် မှာ ပြောခဲ့သလိုပဲ ကျွန်မ တို့ကသာ သူတို့ အတွက် အကောင်းဆုံး မျှော်လင့်ချက် ဖြစ်ပါတယ်။ 

နိုင်ဂျီးရီးယား သူဌေးက ခေါင်းညိတ်ပြီး အားလုံး အတွက် ကုန်ကျ စားရိတ် ဘယ်လောက် ရှိမလဲ မေးပါတယ်။ ကျွန်မ လဲ Nix ပြောထားသလို စုစုပေါင်း ၃ မီလီယံ ဒေါ်လာ လောက်ကုန်မယ် လို့ ပြောလိုက်ပါတယ်။ 

သူဌေး က သိပ်လက်မခံ ချင်ဘဲ  1.8 မီလီယံ လောက်နဲ့ ရအောင် လုပ်ပေးပါလို့ ပြန်ပြောပါတယ်။ ပြီးတော့ ပိုကိဆံ တွေကို ပရိုက်ဗိတ် လေယဥ် နဲ့ တင်ပြီး ပို့လိုက်ရမလာ၊ ဒါမှ မဟုတ် ကားထဲ မှာ ထည့်ပြီး ပို့လိုက်ရမလား တခါတည်း ဆက်မေးပါတယ်။ ဒီလို နဲ့ပဲ စာချုပ်ကို 1.8 မီလီယမ် နဲ့ ချုပ်တိုနိုင်ခဲ့ပါတယ်။ ကျွန်မ လဲ စိတ်လှုပ်ရှားစွာ နဲ့ပဲ Nix ဆိ ဖုန်းခေါ် လိုက်ပါတော့တယ်။ 

Nix က SCL ရဲ့ ပေါ်လစီ အရ ငွေသားလက်မခံ ဘဲ ဘဏ်က လွှဲတာပဲ လက်ခံမယ် လို့ ပြန်ပြောပါတယ်။ ဒါက ပြဿနာ မဟုတ်ပါဘူး။ ္January 2 ရက် နဲ့ ကျွန်မ လန်ဒန်ကို ပြန်ရောက်တာနဲ့ ကုမ္ပဏီရဲ့ ငွေစာရင်း ထဲမှာ ကျွန်မ လုပ်နိုင်ခဲ့တာ စာချုပ်ထဲက ပမာဏ အတိုင်းရောက်နေပါပြီ။ SCL သမိုင်းမှာတော့ 1.8 မီလီယံ ဆိုတဲ့ ပမာဏ ကို အချိန် တိုအတွင်း ချုပ်ဆိုနိုင်တာ ပထမ ဆုံးအကြိမ် ပါပဲ။ Nix ကတော့ ကျွန်မ အံသြ စရာ တွေ လုပ်ပြနိုင်မယ် ဆိုတာ သူသိတဲ့ အကြောင်း၊ နိုင်ဂျီးရီးယား တွေနဲ့ စာချုပ်ချုပ် နိုင်တာ ကျွန်မ ကံကောင်းလို့မဟုတ်ဘဲ တကယ်ကို တော်ပါပေတယ် လို့ ချီးကြူး ပါတယ်။ 

ကျွန်မ လဲ အရမ်း ဝမ်းသာရပါတယ်။ ဒီစာချုပ် အပေါ်ကနေ ခွဲတမ်း၊ ဒါမှမဟုတ် ကော်မရှင် ရမယ်လို့ မျှော်လငိ့တာပေါ့။ ဒါဆို ကျွန်မ မိသားစု အတွက် ဘဏ်မှာ ပေါင်ထားရတဲ့ အိမ်ကိုလဲ ပြန်ရွေးနိုင်မယ်၊ အိမ် စီးပွားရေးလဲ အဆင်ပြေမယ် ဆိုပြီး ပျော်နေတော့တာပါပဲ။ ကျွန်မ ရဲ့ အစ်မ ကိုချက်ချင်း ဖုန်းခေါ် ပြီး သတင်းကောင်းကို ပြောပြ လိုက်ပါတယ်။ 

ဒါပေမယ့် Nix ဆုံးဖြတ်တာ ကတော့ ကျွန်မ မျှော်လင့်သလို မဟုတ်ပါဘူး။ Nix ပြောတာက မင်းသား Idris ကလဲ ချိတ်ဆက်ပေးတဲ့ အတွက် သူ့ကိုလဲ ကော်မရှင်ပေးရမယ်၊ နိုင်ဂျီးရီးယား မှာ အလုပ်လုပ်မယ့် လူတွေကို သူပဲရွေးမယ်၊ ဘတ်ဂျက်ကိုလဲ သူပဲ သတ်မှတ်ပါမယ်။ ကျွန်မ အတွက်ကတော့ ပုံမှန် အချိန်ပိုင်း အလုပ်ရဲ့ ရက်တွက်ခ ပဲ ပေးမှာပါ။ ဒီအတွက်လဲ ကျွန်မ အကြီးအကျယ် စိတ်ပျက် မိပါတယ်။ ကျွန်မ ကုမ္ပဏီ အတွက် ဒီလောက်များတဲ့ ပမာဏ စာချုပ် ချုပ်ဆိုင်နိုင်ခဲ့တာတောင် ကျွန်မ အတွက် ဘာမှ မဘူးဆိုတော့ ဘယ်တရား ပမလဲ။ 

ကျွန်မ သူငယ်ချင်း Chester ဆီ ဖုန်းခေါ်ပြီး မကျေနပ်ချက် တွေကို ရင်ဖွင့်မိပါတယ်။ Chester က ကျွန်မ နဲ့ လုံးဝ ခြားနားတဲ့ အတန်းအစား ထဲကပါ။ သူ့မှာ အဆက်အသွယ် တွေ အများကြီးရှိတယ်၊ ခရီးသွားတာတောင် ကိုယ်ပိုင် လေယဥ်နဲ့ သွားတယ်။ သူ့ မိသားစု  ရဲ့ ပိုက်ဆံကို ယူမသုံးဘဲ သူ ရှာတဲ့ ပိုက်ဆံ နဲ့ သူ ပျော်သလိုနေတယ်။ သူ့ အတွက်တော့ သူတခုခု အမှားလုပ်မိလဲ သု့မိသားစု အခြေ အနေ တောင့်တင်းတဲ့ အတွက် ဘာမှ မဖြစ်နိုင်ပါဘူး။ 

သူ ကျွန်မ ကို မကြာခဏ ဆိုသလိုပဲ သူ ဝင်ဆန့် တဲ့ လူတန်းစား အလွှာ တစ်ခုကို ပြောပြဖူးပါတယ်။ သူ ကျွန်မ ရင်ဖွင့်တာကို ဖုန်းထဲက နားထောင်ရင်းနဲ့ ကျွန်မ SCL အတွက် လုပ်ပေးခဲ့တာ တကယ့် ကို မှတ်ကျောက်တင်လောက်တာပဲ ၊ ကျွန်မ အနေနဲ့ ခုထက် ပိုပြီး ခံစားခွင့်ရသင့်တယ်လို့ သူ ပြောပါတယ်။ သူ့မှာ ကျွန်မ အတွက် ပိုပြီးကောငိးတဲ့ အခွင့်အရေး တွေ ချိတ်ဆက်နိုင်ဖို့၊ SCL ကနေ ကော်မရှင် ခံစားနိုင် ဖို့ အတွက် အကြံကောင်း ရှိတယ်လို့ပြောပါတယ်။ အဲဒါကတော့ လာမယ့် ရက်သတ္တပတ်အနည်းငယ် အတွင်း ၊ January လကုန်ပိုင်းလောက် မှာ Switzerland , Davos မှာ လုပ်မယ့် ကမ္ဘာ့ စီးပွားရေး ညီလာခဲ World Economic Forum ကို အတူတူ သွားဖို့ ဖြစ်ပါတယ်။ 

Davos ညီလာခံ ကို တက်မယ့် Chester ရဲ့ အကြံညဏ် ဟာ သူ ဘယ်လောက်အထိ အပေါင်းအသင်းဆန့်တယ်၊ အဆက်အသွယ် များတယ် ဆိုတာ ကို ပြလိုက်တာပါပဲ။ ကျွန်မ Davos ညီလာခံ အကြောင်း ကို ရှာဖတ်ပါတော့တယ်။ 1971 ကတည်းက စပြီး Swiss ရဲ့ တောင်ပေါ် အပန်းဖြေ မြို့လေး Davos မှာ ဒီ ညီလာခံကို လုပ်လာတာပါ။ ဒီ ညီလာခံ ကို ကမ္ဘာ့နိုင်ငံ အသီးသီးက ခေါင်းဆောင် တွေ၊ စီးပွားရေး လုပ်ငန်းရှင် တွေ ဘီလီယံနာ တွေ အတွက် ညီလာခံ တစ်ခု အမြဲကျင်းပ ပါတယ်။ နှစ်စဥ် နှစ်တိုင်း လာတက် ကြသူတွေ ထဲမှာ GDP အမြင့်ဆုံး နိုင်ငံ ၇၀ က ခေါင်းဆောင် တွေ၊ ပညာရှင် တွေ၊ ကုမ္ပဏီ ကြီး တွေရဲ့ ဦးဆောင် သူတွေ ပါပါတယ်။ သူတို့ အားလုံးဟာ ကမ္ဘာကြီး တစ်ခု လုံး၊ ဒေသ တစ်ခု၊ လုပ်ငန်း အမျိုးအစား တစ်ခု ကို ပုံဖော် ဖို့ ရောက်လာကြတာပါ။ သူတို့ ဆွေးနွေး ကြတဲ့ အထဲ မှာ Artificial Intelligence လို ခေါင်းစဥ် ကနေ ကမ္ဘာ့စီးပွားပျက်ကပ် ကို ဘယ်လို ဖြေရှင်း ကြမလဲ ဆိုတာ တွေ အထိပါပါတယ်။ ဒီ နှစ် တက်မယ့် သူတွေ ထဲမှာ ဂျာမနီ အဓိပတိ Angela Markel, တရုတ် ဝန်ကြီးချုပ် Li Keqiang, အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerry နဲ့ Fortune 200 က စီးပွားရေး ခေါင်းဆောင် တွေပါပါတယ်။ 

ဒီလို ရည်ရွယ်ချက် ကောင်းတွေ ရှိပေမယ့် Davos ပွဲ က မကြာသေးခင် နှစ် အတွင်းက နာမည် ဆိုး ရလာပါတယ်။ ပါတီ အကြီးအကျယ် ပေးတာ၊ သောက်စား မူးယစ် ပြီး အပျော်ကြူးတာ၊ ရုပ်ရှင် မင်းသား မင်းသမီး တွေပါ လာပြီး အကြီးအကျယ် အပျော်ကြူးတဲ့ ပါတီ တွေ ရှိခဲ့တယ် ဆိုတဲ့ သတင်းတွေ ပေါ်ထွက် နေပါတယ်။ 2011 ပွဲ တုန်းကဆို Donald Trump ရဲ့ ပြောရေး ဆိုခွင့် ရှိသူ Anthony Scarmucci က ဝိုင် မြည်းတဲ့ ပါတီ ကိုကျင်းပခဲ့ပါတယ်။ သတင်းသမား တစ်ယောက် က တော့ ဒါကို အမူးသမား တွေရဲ့ အရှုပ်ထုတ် လို့ နာမည် တပ်ပြီး သတင်းရေးခဲ့ပါတယ်။  Orgies ပါတီ တွေပါ ရှိခဲ့တယ်လို့ ကောလဟာလ တွေလဲ ထွက်ပေါ် လာဖူးပါတယ်။ ( Orgies: မူးယစ်ပျော်ပါး လိင်ဆက်ဆံ မှုတွေ ပါဝင်သော ပါတီ)။ Chester ကတော့ ကျွန်မ ကို ဒါတွေ အားလုံးက အဓိပ္ပာယ်မရှိတဲ့ ကောလဟာလ တွေပါ၊ ဘယ်သူက ကမ္ဘာ့စင်မြင့် ပေါ်မှာ  နာမည် အပျက်ခံပြီး ဒါတွေ လုပ်မှာလဲ လို့ပြောပါတယ်။ 

Chester ကတော့ Davos ဆိုတာ ပုံမှန် ၁ နှစ်လောက် လုပ်ရမယ့် ငွေကြေး ပမာဏ ကို  တစ်ပတ်  အတွင်းလုပ်နိုင်တဲ့နေရာ  လို့ သတိပေးပါတယ်။ အဲဒီ မှာ တတ်နိုင်သလောက် low profile ပဲ နေပါလို့ ပြောပါတယ်။ 

Chester က ကျွန်မ ကို မင်းသွားမယ် မသွားဖူး စဥ်းစားနေဖို့ကို မလိုဘူး။ သွားရမယ်။ ဒါပေမယ့် ပြင်ဆင်ထားပါ။ အဲဒီ မှာ လူအားလုံးက အသားစား သတ္တဝါ တွေချည်းပဲ။ အရမ်းကြီး သောက်ပြီး မမူးစေနဲ့၊ မလိုအပ်ဘဲ နဲ့ စကားမပြော မိစေနဲ့ လို့ ပြောပါတယ်။ 

သူ့ရဲ့ နောက်ဆုံး အကြံပေးစကားကတော့ မင်း ဒေါက်မြင့်ဖိနပ် တွေ ယူမသွားနဲ့ ၊ Davos က တောင်ပေါ်မြို့ဖြစ်ပြီး လမ်းတွေ က အရမ်းမတ်ပြီး ချောနေတယ်၊ မြို့နေ လူထုကလဲ သူတို့ လမ်းတွေကို အဆင်ပြေအောင် မလုပ်ချင်ကြဘူး။ ပွဲလာတဲ့ လူတိုင်း၊ သမ္မတ တွေရော၊ ဝန်ကြီးချုပ် တွေရော ချော်လဲ ကြတာ ထုံးစံ လိုဖြစ်နေပြီ ။ 

Nix ကတော့ နိုင်ဂျီးရီးယားအတွက် အသင်းကို January အစောပိုင်းကပဲ ရွေးပြီးပါပြီ။ အဖွဲ့ထဲ မှာ Perry Harris, James Greeley တို့လို SCL ရဲ့ ဒိတ်ဒိတ်ကြဲ တွေ ပါတယ်။ Nix က ကျွန်မ ကို လဲ ထည့်ဖို့ အစ က စဥ်းစားပါသေးတယ်။ နောက်ပိုင်းမှ ကျွန်မ က ဒီ စာချုပ်ကို ကိုယ်တိုင် ချုပ်ဆိုနိုင်ခဲ့တာကြောင့် တခြား ပရောဂျက် တွေဆက်လိုက်ဖို့ နေခဲ့ပါလို့ ပြောပါတယ်။ ကျွန်မ မှာ အရောင်းပိုင်းဆိုင်ရာ ပင်ကိုယ် အသွေး ရှိတယ်၊ နိုင်ငံ တွင်းက ကမ်ပိန်း တွေ ကျရင် ပါတာပေါ့ လို့ အချိုသပ် ပြောပါတယ်။ 

သူပြောတဲ့ အရောင်းပိုင်းဆိုင်ရာ ပင်ကိုယ် ဗီဇ ဆိုတာ ကျွန်မ နဲ့ မသက်ဆိုင်သလိုပါပဲ။ ဒါပေမယ့် Nix က ခင်များ ကျွန်တော် နဲ့ အမြဲ လက်တွဲပါ၊ နောင်တချိန် မှာ CEO ဖြစ်လာနိုင်တဲ့ အရည်အချင်း တွေ ခင်များမှာ ရှိနေတယ် လို့ ပြောပါတယ်။ အစ တော့ သူနောက်ပြီး ပြောနေတယ် ပဲ ထင်တာပါ။ သူ ခဏ ခဏ ပြောလာမှ သူ တကယ်ပဲ ကျွန်မ ရဲ့  အလားအလာ ကောင်းတဲ့ အရည်အချင်း တွေကို သိနေတာပါလားလို့ လက်ခံလာပါတယ်။ 
နိုင်ဂျီးရီးယား အဖွဲ့ကို ပူးတွဲ ညွန်ကြားနေသူ တွေက Perry နဲ့ ကျွန်မ မတွေ့ဖူးသေးတဲ့ Sam Patten ဆိုတဲ့ လူပါ။ SAM က SCL ရဲ့ စီနီယာ အကြံပေး ရာထူးဖြစ်ပြီး ရွေးကောက်ပွဲ ကမ်ပိန်း တွေရဲ့ မြေပြင် အတွေ့အကြုံ အရှိ ဆုံးလူတစ်ယောက် ဖြစ်ပါတယ်။ Sam က 2012 အီရတ် ပါလီမန် ရွေးကောက်ပွဲ၊ ၂၀၁၄ ဂျော်ဂျီယာ ရဲ့ အတိုက်အခံ ပါတီ နိုင်ခဲ့တဲ့ ရွေးကောက်ပွဲ တွေတုန်းက အဓိက နေရာ က အလုပ်လုပ်ခဲ့သူ တစ်ဦး ဖြစ်ပါတယ်။ သမ္မတ George W Bush အတွက်လဲ စီနီယာ အကြံပေး လုပ်ခဲ့ဖူးပါသေးတယ်။ 
ကံမကောင်းစွာ နဲ့ပဲ ၂၀၁၆ အမေရိကန် ရွေးကောက်ပွဲ မှာ ရုရှ တွေရဲ့ ပါဝင် ပတ်သက်မှု အတွက် Rober Muller ရဲ့ စုံစမ်း စစ်ဆေးရေး မှာတော့ သူ့အနေနဲ့ နာမည် ပျက် ခဲ့ပါတယ်။ သူ့ရဲ့ စီးပွားရေး မိတ်ဆွေ ယူကရိန်းက Konstantino Milimnik ကို Donal Trump ရဲ့ ရုရှ တွေနဲ့ ဆက်သွယ် မှု မှာ ပါဝင်တယ် လို့ ယူဆခဲ့ တဲ့ အတွက်  သူ့ကို ရုရှ  ထောက်လှမ်းရေး အတွက်  သူလျို လုပ်ပေးတယ် ဆိုတဲ့ စွဲချက် အတင်ခံခဲ့ရပါတယ်။ 

ကျွန်မ သူ့ကို သိခဲ့တဲ့ အချိန်တုန်းကတော့ အရည်အချင်း ရှိသူ တစ်ယောက်၊ စကားပြောရင် မျက်လုံးကို စိုက်ကြည့်ပြီး လေးလေးနက်နက် ပြောသူ တစ်ယောက် အဖြစ် သိခဲ့ရပါတယ်။ 2015 January 3 ရက်နေ့ May Fair ရုံးကို သူရောက်လာတုန်းက ပိုလိုရှပ် ဝတ်ဆင်ထားပြီး လက်တော့ သားရောအိတ် ကို လွယ်ရက် နဲ့ တွေ့ရတာ အမေရိကန် စစ်စစ် တစ်ယောက် ပုံစံ နဲ့ပါ။ 

ကျွန်မ Sam ကို ကျွန်မ သိသလောက် နိုင်ဂျီးရီးယား ရဲ့ အခြေအနေ ကို ပြောပြပါတယ်။ အဓိက ပြဿနာ က ဆက်သွယ်ရေး ပြဿနာပါ။ ရနိုင်သမျှ ပစ္စည်း တွေ နဲ့ ရလဒ်မြန်မြန် ထွင်အောင် လုပ်နိုင်ဖို့ အခက်အခဲ ရှိနေပါတယ်။ ကျွန်မ ဒီ ပ​ရောဂျက် ကို " ရှေ့သို့ နိုင်ဂျီးရီးယား" လို့ နာမည် ပေးထားပါတယ်။ ကျွန်မ တို့ အဖွဲ့တွေ ရက်အနည်းငယ် အတွင်း မှာပဲ နိုင်ဂျီးရီးယား ကို ထွက်ပြီး ရေဒီယို ကြော်ငြာ တွေ၊ TV ကြော်ငြာ တွေ၊ မဲဆွယ် စည်းရုံးရေး လူထု အစည်းအဝေး ပွဲ တွေ လုပ်မယ် လို့ ယူဆပါတယ်။ SCL group ကင်ညာ မှာတုန်းကလို Truck ကားရဲ့ နောက်ခန်းကို စင်မြင့် အနေနဲ့ သုံးပြီး မဲဆွယ် တရားဟော ပွဲ တွေ လုပ်ဖို့ ပြင်ဆင် ကြမယ် လို့ စိတ်ကူးထဲ မှာ မြင်ယောင် ကြည့်နေမိပါတယ်။ 

၂ ပတ်အကြာ မှာတော့ နိုင်ဂျီးရီးယား ရဲ့ အခြေအနေ တွေ သိသိသာသာ ပြောင်းလဲ လာပါတယ်။ ရွေးကောက်ပွဲ ကော်မရှင် က အရင် စီစဥ်ထားတဲ့ ဖေဖော်ဝါရီ ၁၄ အစား မတ်လ အထိ ရွှေ့ဆိုင်းထားမယ် ဆိုတဲ့ သတင်း ဝင်လာပါတယ်။ မြောက်ဘက် က ဘိုကိုဟာရမ် သူပုန်တွေ ထကြွ မှု က မဲပေးရုံ တွေရဲ့ ခြိမ်းခြောက် မှု တွေ ဖြစ်လာပါတယ်။ မဲပေးခွင့်ကဒ်ပြား ထုတ်ပေးဖို့ ခက်ခဲတာ၊ ဘိုအိုမက်ထရစ် ကဒ်ဖတ် စက်တွေ အလုပ်မလုပ်လူး လို့ ရွေးကောက်ပွဲ ကော်မရှင် က သတင်းပို့လာပါတယ်။ ရွေးကောက်ပွဲက်ု မတ် ၂၉ မှ ပြန်စမယ် လို့စီစဥ်ထားကြ ပါတယ်။ ဒါကို သတင်းကောင်း အဖြစ် ရှုမြင် မယ်ဆိုရင်တော့ ကျွန်မ တို့ အဖွဲ့တွေအတွက် အချိန် ပိုရတာပေါ့။ ဒါပေမယ့်  ခုလို နောက်ကျ သွားတဲ့ အတွက် ကျွန်မ တို့ client နဲ့ ဆွေးနွေးရာမှာတော့ ရှုပ်ထွေးမှု တွေ ရှိလာနိုင်ပါတယ်။ 

ဒီလ်ု ရွေးကောက်ပွဲ ရက်​ေရွှ့ဆိုင်း မှုကို နိုင်ငံတကာ က လက်မခံ ကျပါဘူး။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerry ကိုယ်တိုင် ရွေးကောက်ပွဲ ကို စီစဥ်ထားတဲ့ အတိုင်း လုပ်သင့်ကြောင်း၊ နိုင်ဂျီးရီးယား အစိုးရအနေနဲ့ လုံခြုံရေး အကြောင်းပြချက် နဲ့ ဒီမိုကရေစီ ဖြစ်စဥ် တွေကို မတားဆီး သင့်ကြောင်း ပြောပါတယ်။ All Progressive  Congress APC ပါတီက  ပြိုင်ဘက် သမ္မတလောင်း ဘူဟာရီ ကလဲ စိတ်ပျက်စရာ ကောင်းကြောင်း၊ ဒီမိုကရေစီ နောက်ပြန်ဆွဲ တဲ့ အဖြစ်အပျက် ဖြစ်ကြောင်း ပြစ်တင် ခဲ့ပါတယ်။ ကုလ အထွေထွေ အတွင်းရေးမှုး ဘန်ကီမွန်း ကလဲ နိုင်ဂျီးရီးယား တွေ စီစဥ်ထားတဲ့ အတိုင်း မဲပေးနိုင်ဖို့ လိုအပ်တာမှတ်သမျှ လုပ်ပါလို့ တာဝန်ရှိသူတွေ ကိုတိုက်တွန်းပါတယ်။

ကျွန်မ တို့ရဲ့ ပရောဂျက် က စာချုပ်အရ ဖေဖော်ဝါရီ ၁၄ ရက် အထိပါပဲ။ ကျွန်မ တို့အဖွဲ့တွေ ဟာ ဖြစ်လာနိုင်တဲါ ပြဿနာ တွေ ရှောင်ရှားဖို့အတွက် ရွေးကောက်ပွဲ မတိုင်မီ တစ်ရက် မှာ Abuja ကနေ ပြန်လာဖို့ စီစဥ်ထားတာပါ။ ကျွန်မ တို့ client ကိုဆက်သွယ်ပြီး စာချုပ်ကို သက်တမ်းတိုးပြီး ၊ SCL ကို ကြာကြာနေစေချင်ရင်တော့ ပိုက်ဆံ ပိုပေးရမယ်လို့ အကြောင်းကြားရပါတော့တယ်။ ကျွန်မ ကြားရသလောက်တော့ ကျွန်မ တို့ အဖွဲ့တွေ နိုင်ဂျီးရီးယား မှာ ပျော်ရွှင်နေကြပါတယ်။ ဘယ်လို ညီးညူမှုမျိုးမှ မကြားရပါဘူး။ နေ့ဘက်ဆို အခန်းထဲ အလုပ်လုပ်၊ ညဆို အတိုက်ပခံ ဘက်ကို အကြံပေးလုပ်နေတဲ့ ္David Axelrod တို့အသင်းနဲ့ သောက်ကြ စားကြ နဲဲ့  ဟိုမှာ နေရတဲ့ အပေါ် ဘယ်သူ မှ စောဒက မတက်ပါဘူး။ 

ကျွန်မ တစ်ဦးတည်း အနေနဲ့တော့ စာချုပ် သက်တမ်းတိုး မှာကို သဘောကျ မိပါတယ်။ ကျွန်မ အစကတည်းက မျှော်လင့်နေတဲ့ ကော်မရှင် ရနိုင်တာကိုး။ ဒါပေမယ့် နိုင်ဂျီးရီးယား client ဘက်ကတော့ စာချုပ်သက်တမ်းတိုးဖို့ သံသယ ရှိပုံရပါတယ်။ သူတို့ အနေနဲ့ အာမခံ နိုင်တဲ့ တိုးတက်မှု မျိုး မမြင်ရသေးပါဘူး။ ကျွန်မ တို့ အဖွဲ့တွေ မြေပြင် မှာ ကြိုးကြိူးစားစား အလုပ်လုပ်ပါလိမယ်။ ဒါပေမယ့် ရလဒ်က ဘယ်မှာလဲ။ 

ဒီမေးခွန်းကို ကျွန်မ ဘယ်လို ဖြေရမလဲ မသိပါဘူး။ ကျွန်မ ရဲ့ ရွေးကောက်ပွဲ အတွေ့ အကြုံ အရဆို ရလဒ်ကို မြင်ဖို့ အချိန် တစ်ခု စောင့်ရပါတယ်။ နိုင်ဂျီးရီးယား ရွေးကောက်ပွဲ လို အခြေအနေ ဆိုရင် ရွေးကောက်ပွဲ ရလဒ်ကိုယ်တိုင် က ကျွန်မ တို့ကို စာချုပ်ချုပ်ခဲ့တာရဲ့ ရလဒ်ပဲပေါ့။ ဒါပေမယ့် နိုင်ဂျီးရီးယား သူဌေး အဖွဲ့က ကျွန်မ တို့ အဖွဲ့ ဘာတွေ လုပ်နေလဲ ဆိုတာ သူတို့ မြင်ချင်တယ် ပြောပါတယ်။ ဘေလ်ဘုတ် တွေဘယ်မှာ ထောင်ထားလဲ၊ ဘယ်မှာလဲ ရေဒီယို အစီအစဥ်၊ ငါတို့ ပိုက်ဆံ ဘယ်လိုတွေ သုံးလိုက်တာလဲ အစရှိတာမျိုးတွေ သိချင်ကြတာပါ။ ကျွန်မ ကတော့ အစစ အရာရာ ချောချော မွေ့မွေ့ လည်ပတ် နိုင်ဖို့ ၂ ပတ်လောက်အချိန် ယူရတယ် ဆိုတာ သိပါတယ်။ နိုင်ဂျီးရီးယား တွေ ကျေနပ်စေဖို့ Nix က Ceris ကို ရီပို့ တစ်ခု ရေးခိုင်းပါတယ်။ ရီပို့မှာ အစ ကနေ လက်ရှိ နေ့ထိ လုပ်ခဲ့သမျှ အသေးစိတ် ပါပါတယ်။ ကျွန်မ အတွက် တော့ ဒီကိစ္စ နဲ့ပတ်သတ်ပြီး ဘာလုပ်သင့်လဲဆိုတာ chester ဆီကနေ အကြံညဏ် ယူရပါတော့တယ်။ 


Chester ရဲ့ အကြံကတော့ နိုင်ဂျီးရီးယားတွေ ကိုရော Nix ကိုရော Davos ကို ဖိတ်လိုက်ဖို့ပါ။ သူကိုယ်တိုင် နိုင်ဂျီးရီးယား သူဌေးနဲ့ တွေ့ပြီး ကိစ္စတွေ ရှင်းပြနိုင်ပါတယ်။ ကျွန်မ လဲ ကျွန်မ မိတ်ဆွေ လူအခွင့်အရေး ​ေရှ့နေ John Jones ကိုရော ဖိတ်လို့ ရမလား မေးလိုက်ပါတယ်။ John သာဆို သူ့ ကျွမ်းကျင် မှုတွေ ကို သုံးပြီး နိုင်ဂျီးရီးယားတွေ အတွက် Davos မှာ ဘူဟာရီရဲ့ အကြောင်းတွေ ဖွင့်ချပြီး နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို လုပ်နိုင်ပါလိမ့်မယ်။  ဒီ အစီအစဥ် က ကျွန်မ အတွက် တော့ အရမ်းကောင်းတဲ့ အစီအစဥ် ဖြစ်ပါတယ်။ 

ဒါပေမယ့် အဆင်မပြေ မှုဆိုတာ အမြဲ တမ်းရှိတတ်ပါတယ်။  Davos မှာ Chester လုပ်မယ့် အရာတွေထဲက တစ်ခု က ပါတီ တစ်ခု ကျင်းပဖို့ပါ။ ပါတီ က ရိုးရိုး ပါတီ မဟုတ်ပါဘူး၊ ထူးခြားမယ့် ပွဲ တစ်ခု ဖြစ်ပါမယ်။ ဒီ ပါတီ က အာကာသထဲ က ဥက္ကာပျံ တွေထဲကနေ အဖိုးတန် သတ္တု တွေကို တူးဖော်မယ်ဆိုပြီး ကုမ္ပဏီ ထောင်ထားတဲ့ ဘီလီယံနာ တွေရဲ့တွေ့ဆုံပွဲပါ။ 

သူတို့ရဲ့ အကြံကတော့ ဒုံးပျံကို ဥက္ကာပျံတွေဆီ ပြန်သန်းခိုင်း၊ ဥက္ကာပျံတွေ ပေါ်မှာ ရပ်နားပြီး သတ္တုတူးဖော်ရေး န
မိုင်းတွေ တည်ဆောက်မယ် ဆိုတဲ့ အကြံပါ။ သူတို့ စမလုပ်ရသေးပါဘူး။ သူတို့ က  chester ကို ဒီကိစ္စ အတွက် သူတို့  အားလုံးတွေ့နိုင်မယ့် နေရာ တစ်ခု ကို စီစဥ်ခိုင်းထားတာပါ။  ကျွန်မ သာ Davos ကိုလာရင် ဒီ ပါတီ အတွက် ကျွန်မလဲ သူ့ ကို ကူလုပ်နိုင်လိမ့်မယ် လို့ Chester ကပြောပါတယ်။ ကျွန်မ တို့ အတွက်လဲ ပါတီ စိီစဥ်ခ မျိုးမျိုး မြက်မြက် ရမှာပေါ့။ 

ဒီ ပါတီ အတွက် ကျွန်မ ရမယ့် တစ်ရက်စာက SCL က တစ်လ လုပ်စာနဲ့ ညီပါတယ်။ ကျွန်မ Davos မှာ ဒီလိုပါတီ ကို ဘယ်ကနေ စလုပ်ရမယ် ဆိုတာ မသိပါဘူး။ ဒါပေမယ့် ကျွန်မ ကိုယ်တိုင် က ကစားပွဲပဲ။ 

ကျွန်မ ပါတီ အတွက်ပြင်ဆင်ဖို့ ္Davos ကို တစ်ပတ်စောရောက်လာပါတယ်။ လုပ်စရာ တွေက အများကြီးပါ။ ပါတီ အတွက် ပစ္စည်း တွေ သယ်ယူရတာ လဲ အရမ်းကိုခက်ခဲပါတယ်။  Chester က လုံခြုံရေး အထူးကြပ်မပ် ဧရိယာ အလယ်နားလောက်မှာ တိုက်ခန်း တစ်ခန်း ငှားထားပါတယ်။ နေရာက Davos Congress Center နဲ့ မလှမ်းမကမ်း၊ အဲဒီ center က Forum ကျင်းပတဲ့နေရာပေါ့။ ဒီ ဧရိယာထဲကို ပစ္စည်းတွေ သွင်းရ ထုတ်ရတာ တကယ်မလွယ်ပါဘူး၊ ပါတီ အတွက် အစားအသောက်ပြင်ဆင်သူတွေ၊ အရက်ဖျော်စပ်သူ၊ အရက်၊ ပရိဘောဂ ၊ အစားအသောက် တွေ အပြည့်တင်ထားတဲ့ ထရပ်ကားတွေ ကို ပါတီ အတွက် ဒီ လုံခြုံရေး တင်းကျပ် တဲ့ ဧရိယာ ထဲ သယ်ယူ ရတာပါ။ ဒီ ဧရိယာ ရဲ့ လုံခြုံရေး က Fort Knox ကို ထိုးဖောက်ရ ခက်ခဲသလို မျိုးကို ခက်ခဲပါတယ်။ 

ပါတီ လုပ်မယ့် ညက Davos ရဲ့ January လ မှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ အတိုင်း အရမ်း အအေးလွန်ကဲ တဲ့ညပါ။ ပါတီ အတွက် လေပူပေးစက် တွေ ပြင်ဆင်ထားပါတယ်။ ပါတီ ရဲ့ အဆင်အပြင် ကို အာကာသ ပုံစံ မျိုး ပြင်ဆင်ပေးထားပြီး အမှောင်ထဲ မှာ လင်းနေမယ့် ကုလားထိုင် တွေ ထိုင်ခုံ တွေ ချပေးထားပါတယ်။ 

လျောက်လမ်းမှာ ရေခဲ ကြောင့် ဧည့်သည် တွေ မချော်လဲ နိုင်အောင် ဆားတွေ ဖြူးပေးထားပါတယ်။ အတွင်းမှာတော့ အမှတ်တဆိပ် အလံငယ် တွေ ချိတ်ဆွဲထားပြီး အစားအသောက် တွေ ပြင်ဆင်ထားပါတယ်။ ကျွန်မ ရဲ့ လိပ်စာကတ် နဲ့ SCL ရဲ့ Brochure ကို စားပွဲတွေမှာ ချထားပေးလိုက်ပါတယ်။ 

Nix ရော ၊ John Jones ရော စောစောရောက်လာကြပါတယ်။ သူတို့ ၂ ယောက်စလုံး Davos ကို မရောက်ဖူးလို့ ၂ ယောက်လုံးပျော်ရွှင်နေ ကြပါတယ်။ ကျွန်မ ကတော့ တံခါး ဝ မှာ ရပ်နေပြီး ဧည့်သည်တွေကို ကြိုဆိုနေပါတယ်။ လာသမျှ ဧည့်သည် တိုင်းက သူ့ထက်ကဲ ကျော်ကြားသူတွေ ချည်းပါ။ စွန့်ဦးတီထွင် စီးပွားရေးသမား Richard Branson, ဒတ်ချ် တော်ဝင် မိသားစု ရဲ့ ္Ross Perot Sr and Jr , နဲ့ ဧည့်သည် ၁ ရာကျော် တက်ရောက် ကြပါတယ်။ သူတို့အားလုံး အပြင်ဘက် မှာ အရက်ဖျော်စပ်သူတွေ ရဲ့ ဖျော်ဖြေ မှုကို ကြည့်သူ့က ကြည့်၊ ကော့တေးရောစပ် ပြီး သောက်သူသောက် နဲ့ ပါတီ က အသက်ဝင်လာပါတယ် ။ အတွင်းခန်းမှာတော့ ဥက္ကာပျံ ပေါ် သတ္တုတူးဖော် မယ့်သူတစ်ဦး ရဲ့ နမူနာ တင်ဆက်မှု ကိုစိတ်ဝင်တစား ကြည့်နေကြပါတယ်။ 

ဧည့်သည် တွေ ကြားထဲ မှာ John Jones ကြည့်ရတာ ပျော်နေပုံပါ။ Nix ကတော့ SCL အနေနဲါ တခြား လုပ်ငန်း တွေနဲ့ ယှဥ်ရင် သေးသေးလေးပဲ ဆိုတာ ခံစားမိနေမှာပေါ့။ Nix လဲ အဆက်အသွယ် တွေ အများကြီးရတဲ့ အတွက် ဝမ်းသာနေပါတယ်။ သူ့အနေ နဲ့ Google ရဲ့ CEO Eric Schmidt ကိုတွေ့ရတာ တော်တော် ဝမ်းသာ နေပုံရပါတယ်။ Eric ရဲ့ သမီး Sophie Schmidt က Cambridge Analytica စတည်ထောင်ဖို့ အတွက် တာဝန်ရှိတဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ဖူးတယ်လို့ ္Nix ကျွန်မ ကိုပြောဖူးပါတယ်။ 

ပါတီ က စီးမျောနေလိုက်တာ ကျွန်မ ရဲ့ ဖုန်း မည်မလာခင် အထိပါပဲ။ နိုင်ဂျီးရီးယား သူဌေး နဲ့ အဖွဲ့ တိုက်ခန်း အဆောက်အအုံရဲ့ အပြင်ဘက် အောက်ထပ် မှာရောက်နေကြ ပြီလို့ ဖုန်းဝင်လာပါတယ်။ တကယ်တော့ သူတို့ကို ခမ်းခမ်းနားနယး ကြိုဆို ဖို့ ကျွန်မ  စီစဥ်ထားတာပါ။ Zurichလေဆိပ် ကနေ လီမိုစင်း နဲ့ ခေါ်လာပြီး ရှေ့ နောက် မှာ ရဲကား နဲ့ သတိပေး မီးပွင့်တွေ ဖွင့်စေပြီး VIP တစ်ယောက် ရောက်လာပုံမျိုး ဖြစ်အောင် ပြင်ဆင်ထားတာပါ။ 

ဒါပေမယ့် သူတို့တွေ ကျွန်မကို ဖုန်းဆက်တော့ သူတို့ ကျေနပ် နေပုံ မပေါ်ပါဘူး။ သူတို့အားလုံး ဗိုက်တာ နေကြပါပြီ။ သူတို့ အတွက် ညစာ က ဘယ်မှာလဲ လို့ပါတယ်။ 

ကျွန် မ တို့ ပါတီ မှာ စားစရာ တွေ တော်တော် များများ ရှိပါတယ်။ ကျွန်မ နဲ့ Chester ဒီအတွက်ကို ပိုက်ဆံ တော်တော် အကုန်ခံထားတာပါ။ ကျွန်မ သူတို့ကို ပါတီ ကိုဖိတ်ခေါ်လိုက်ပါတယ်။ 

သူတို့ ပြန်ပြောတာက သူတို့ အားလုံးပင်ပန်း နေပါပြီ။ သူတို့ တညိးမယ့်နေရာမှာပဲ ညစာ စားပြီး အိပ်ယာဝင်ချင်ပြီ၊ လို့ ပြောပါတယ်။ သူတို့  ပါတီ ကို စိတ်မဝင်စားတော့ပါဘူး။  သူတို့ရဲ့ ၁၂ ကြာ လေယဥ် ခရီးစဥ် မှာ သူတို့ မစားခဲ့ရပါဘူး။ သူတို့ ကြက်ကြော်စားချင်တယ်၊ သူတို့ဆီ ယူလာပေးပါလို့ တောင်းဆိုပါတယ်။ 

ဒါနဲ့ပဲ ကျွန်မ မှာ ရွေးချယ်စရာ မရှိတော့ပါဘူး။ ကျွန်မ ရဲ့ ကုန်အကျီ နဲ့ လည်ရှည် ဖိနပ် ကိုဝတ်ပြီး သူတို့ ကို တွေ့ဖို့ အေးခဲနေတဲ့ လမ်းပေါ် ဆင်းလာရပါတော့တယ်။ အဝင်ဝ မှာ ပါတီ ကိုလာတဲ့ သူတွေ တန်းစီ နေတုန်းပါ။ သူတို့ ၅ ယောက်စလုံး အဆောက် အအုံရဲ့ အပြင် မှာ ရပ်နေ  ကြပြီး သူတို့ အပေါ်ကို မတက်ချင်တော့ဘူး၊ သူတို့ စားဖို့ ကြက်ကြော် ပဲ စီစဥ်ပေးပါလို့ ပြောပါတယ်။ 

ကျွန်မ လဲ အခုအချိန် မှာ ဒီ ဧရိယာ ထဲ ကားမောင်းလို့ မရတော့ကြောင်း၊ လမ်းလျောက် သွားမှ ရမယ့် အကြောင်း ရှင်းပြလိုက်ပါတယ်။ ဒါနဲ့ပဲ ကျွန်မ ဦးဆောင်ပြီး သူတို့ကို အေးခဲနေတဲ့ လမ်းတွေ ပေါ်မှာ လမ်းလျောက် ပြီး ခေါ်လာခဲ့ပါတော့တယ်။ 

သူတို့ အားလုံး ရာသီ ဥတု အတွက် ပြင်ဆင်မလာကြပါဘူး။ အားလုံးမှာ ကုတ်အင်္ကျီရော  လည်ရှည် ဖိနပ်ရော မပါပါဘူး။ အင်္ကျီ အပါးလေး တွေနဲ့ ခြေစွပ် ဖိနပ် တွေပဲ ပါပါတယ်။  ကျွန်မ တို့ ပိတ်ထား တဲ့ စားသောက်ဆိုင် တစ်ဆိုင်ပြီး တစ်ဆိုင် ဖြတ်လာကြပါတယ်။ အခုလို ညအချိန် တောင်ပေါ် မြို့လေးမှာ ကြက်ကြော် ရှာရတာ တကယ် မလွယ် တဲ့ ကိစ္စပါ။  အေးခဲနေတဲ့ လမ်းတွေ ပေါ်မှာ ချော်လဲ မလို ဖြစ်ကြတာလဲ အကြိမ်ကြိမ် ပါပဲ။ နောက်ဆုံး မှာတော့   ပါစတာ ရောင်း တဲ့ စားသောက်ဆိုင် တစ်ခု ကို ရောက်သွားကြပါတယ်။  စားဖိုမှုး ကို အကူအညီ တောင်းပြီး ပါစတာ နဲ့ အတူတူ ရောင်းတဲ့ ကြက်ကြော် ကို ပါဆယ် ထုပ်ပြီး သူတို့ တည်းမယ့် နေရာ ကို လိုက်ပို့ လိုက်ရပါတော့တယ်။ သူတို့ အားလုံး ချမ်းလွန်းလို့ ကောင်းကောင်း တောင် မတ်တပ် မရပ်နိုင်ကြတော့ပါဘူး။ သူတို့ အတွက် တော့ ချမ်း လဲ ချမ်း၊ ဗိုက်ကလဲ ဆာနဲ့၊ ကျွန်မ ကို မကျေမနပ် ဖြစ်နေကြတယ် ဆိုတာ သိလိုက်ရပါတယ်။ 

ကျွန်မ ပါတီ ကနေ သူတို့ ကို လိုက်ပို့နေတာ ၂ နာရီလေက်ကြာပါတယ်။ ပြန်ရောက်တော့ မနက် ၂ နာရီ လောက် ရှိနေပြီး ပရိတ်သတ် တွေ ကတော့ ဆက်ဆင်နွဲ နေကြတုန်းပါ။ 

ကျွန်မ ပြန်ရောက်တော့ Chester ကို ရှာလို့ မတွေ့ပါဘူး။ တခါးဝ မှာ ဧည့်ခံမယ့် လူလဲ မရှိ၊ အရက်ဖျော်စပ် သူတွေ မှာလဲ ထပ်ဖျော် စရာ အရက် တွေ ကုန်ပြီး အစားအစာ တွေ လဲ ကုန်လုနီးပါး ဖြစ်နေပါပြီ။ ပရိတ်သိတ် တွေ လဲ ဆူညံ နေပြီး မငြိမ်မသက် ဖြစ်စ ပြုနေကြပါပြီ။ ဒီကြားထဲ ပါတီ လာတဲ့ တော်ဝင် မင်းသမီး တပါး အမူးလွန်ပြီး ချော်လဲ လိုက်ပါသေးတယ်။ 

ပါတီ ညရဲ့ ဒုတိယ အကြိမ် မြောက် ရဲ ကားတွေရဲ့ မီးရောင် တွေနဲ့ အချက်ပေး ခေါင်းလောင်း သံ တွေ ကြားလိုက်ရပါတယ်။ Swiss ရဲ တွေ ပါတီ ကို ရပ်ဖို့ ရောက်လာကြတာပါ။ ရဲတပ်ဖွဲ့ က အရာရှိ ကြီး တစ်ဦး ရဲ့ သား အကူအညီ နဲ့ပဲ ကျွန်မ တို့ ဘယ်သူ့ကိုမှ အဖမ်းအဆီး မလုပ်ဖို့ တောင်းပန်ရပါတယ်။ ပါတီ ကိုတော့ ချက်ချင်း ပဲ ရပ်လိုက်ရပါတော့တယ်။ 

အားလုံး ပြီးသွားတဲ့ အချိန် မှာတော့ ဘယ်သူ မှ မရှိတော့တဲ့ အခန်းထဲ ကျွန်မ တစ်ယောက် တည်း မတ်တပ်ရပ် နေမိပါတော့တယ်။ ကျွန်မ ကိုယ်တိုင်လဲ နိုင်ဂျီးရီးယား တွေလိုပဲ ဘာမှ မစားရသေးလို့ ဗိုက်ဆာနေတဲ့ ခံစားချက် နဲ့ပေါ့။

Nix ကတော့ Davos က ပါတီ ပွဲ ကိုကျေနပ်နေပါတယ်။ သူ့အနေ နဲ့ ဘယ်နေရာမှာ မှ မရနိုင်တဲ့ အဆက်အသွယ် တွေ အများကြီး ရလိုက်လို့ပါ။ ဒီ ပါတီ ပွဲကနေ SCL အတွက် တော့ ကမ္ဘာပေါ်က အချမ်းသာဆုံးနဲ့ လွှမ်းမိုး မှု အရှိ ဆုံးဆိုသူ တွေ ရဲ့ လိပ်စာ ကတ် တွေ တစ်ထောကြီး ရသွားလို့ပါပဲ။ 

ဒါပေမယ့်  အဲဒီ ညနေခင်း မှာပဲ  နိုင်ဂျီးရီးယား တွေ နဲ့ ဆက်ဆံ ရေး ဘယ်လို ပျက်စီး သွားတယ် ဆိုတဲ့ အကြောင်း သူမသိသေးပါဘူး။ နိုင်ဂျီးရီးယား သူဌေး က နောက်ရက် မနက် နိုးနိုးချင်း Nix သူတို့ ကို လာတောင် မတွေ့ဘဲ နဲ့ လန်ဒန် ပြန်သွားတာကို အကြီးအကျယ် ကို စိတ်ဆိုးသွားပါတယ်။ 

သူတို့ Nix ပြန်သွားတာ ကို သိသိချင်း ပဲ ကျွန်မ ကို သူတို့ နဲ့ ချက်ချင်း လာတွေ့ဖို့ တောင်းဆိုပါတယ်။ သူတို့ အနေနဲ့ အေးခဲ နေတဲ့ ရာသီဥတု မှာ အပြင် မထွက်ချင် တော့ပါဘူး။  ကျွန်မ လဲ  ကျွန်မ ရဲ့ အအေးဒဏ်ကို ကောင်းကောင်း မကာကွယ် နိုင်မယ့် လည်ရှည် ဖိနပ် အမြန် ကောက်စွပ်ပြီး သူတို့ တည်းခိုရာကို အပြေးလေး သွားလိုက်ပါတော့တယ်။ 

ကျွန်မ အတွက် တော့ နိုင်ဂျီးရီးယား ဘီလီယံနာ တစ်ယောက် ရဲ့ အော်ငေါက်ပြောဆိုတာ ကို ပထမ ဆုံး ကြုံတွေ့ရတော့တာပါပဲ။ ဘီလီယံနာ ကိုယ်တိုင်ရော ၊ သူ့အဖွဲ့တွေရော သူတို့ ကို ကောင်းကောင်း ဧည့်မခံ နိုင်တာ အတွက် စိတ်ကွက် နေကြပါတယ်။ ငါတို့ ကလဲ ဒီပွဲ မှာ အထူးဧည့်သည်တော် တွေပဲ၊ ဘာလို့ ငါတို့ကို တခြား ္VIP တွေလို့ ဧည့်ခံပွဲ မလုပ်တာ ဘာကြောင့်လဲ၊ ငါတို့ ၂ ဘီလီယံ နီးပါး ပေးပြီး အလုပ်အပ်ထားတဲ့ ကုမ္ပဏီရဲ့ CEO ကရော ဘာကြောင့် ငါတို့ ကို လာမတွေ့ဘဲ ပြန်သွားရတာလဲ အစရှိသာ် ပြောပြီး တော်တော် ပဲ စိတ်ဆိုး မာန်ဆိုး ဖြစ်နေကြပါတယ်။ 

ဒါတွက် မကဘဲ နိုင်ဂျီးရီးယား မှာ ကျွန်မ တို့ လုပ်နေတာတွေ အတွက်လဲ သူတို့ မကျေနပ်ပါဘူး။ ရေဒီယို ကြော်ငြာ တွေဆိုတာက ဘယ်မှာလဲ၊ ဘေဘုတ် တွေကရော ခုထိ မတွေ့သေးဘူး၊ ငါတို့ ပိုက်ဆံ တွေ ဘယ်နေရာ မှာ ဘယ်လို သုံးတယ် ဆိုတာ သိချင်တယ် လို့ ကျွန်မ ကို စိတ်ဆိုး မာန်ဆိုး ထပ်ပြောပါတယ်။

ကျွန်မ အတွက် တော့ သူတို့ကို ဘယ်လို ဖြေရှင်းပြရမယ် ဆိုတာ မသိတော့အောင် ပါပဲ။ သူတို့ တွေ အနေနဲ့ ဒီလို ရွေးကောက်ပွဲ အတွက် တခါမှ ရင်းနှီးမြုပ်နှံ မှု မလုပ်ဖူးကြပါဘူး။ သူတို့ ဘာကို မျှော်လင့် ထားရမယ် ဆိုတာလဲ မသိကြပါဘူး။ သူတို့ စိတ်ထဲ LED မီးလုံးတွေ တဖျပ်ဖျပ် လင်းနေပြီး ဧရာမ စကားပြောခွက် ကြီးတွေ နဲ့ မဲဆွယ် တရားပွဲ တွေကို မျှော်လင့် ထားကောင်းထားမှာပါ။ သူတို့ တွေ အားလုံး က ကျွန်မ တို့ အဖွဲ့လုပ်မယ့်  အစီအစဥ် ကို ကောင်းကောင်း မသိတော့ ရှင်းပြရတာ တော်တော်ခက်ပါတယ်။ ကျွန်မ ကိုယ်တိုင် လဲ ကုမ္ပဏီ မှာ တစ်လ တောင် မပြည့်သေးတော့ SCL လုပ်နေတာ တွေကို လူပြိန်းမြင်တဲ အမြင်မျိုး ထက်ပို ပြီး အသေးစိတ် တဲ့ ရှင်းပြ မှု မျိုး လုပ်မပေးနိုင်ခဲ့ပါဘူး။ SCL လုပ်ခဲ့သမျှ တွေရဲ့ အသီးအပွင့် တွေကို မတ်လ ရွေးကောက်ပွဲ ကြမှ မြင်ရမှာပါ။ သူတို့ စိတ်ရှည် ဖို့ လိုအပ်ပါတယ်။ 

ဒါပေမယ့် ကျွန်မ ပြောတာ တွေကို သူတို့ လက်မခံပါဘူး။ ကျွန်မ အနေနဲ့ ငယ်ရွယ် သူ တစ်ယောက် ဖြစ်နေလို့ တင်မဟုတ်ဘဲ အမျိုးသမီး တစ်ယောက်လဲ ဖြစ်နေတဲ့ အတွက်ပါ။ သူတို့ရဲ့ စိတ်နေ သဘောထား က ကျွန်မ ကို မယုံနိုင်စရာ ကောင်းလောက်တဲ့ စိတ်မချမ်းသာမှု မ​ျိုး ပေးနိုင်တဲ့ပထိ ပြတ်သား ပါတယ်။ ကျွန်မ အတွက်တော့ ခြိမ်းခြောက် နေတယ် လို့ပါ စခံစားလာရပါတယ်။ သူတို့က အရမ်းကို ချမ်းသာ ပြီး အာဏာ ကြီးတဲ့ သူတွေပါ။  နိုင်ရာ ပိုက်ဆံ တွေကို ကိုယ်ပိုင် လေယဥ် ထဲ အပြည့်ထဲ့ သယ်သွားနိုင်သူ တွေ ဘယ်လို အရာ တွေထိ လုပ်ဖို့ စွမ်းအား ရှိတယ်၊သူတို့ ပိုက်ဆံ ကို ဘယ်လို သုံးလိုက်လဲ ဆိုတာ မသိတဲ့ နောက်မှာ သူတို့ ဘာတွေ လုပ်နိုင်မယ် ဆိုတာ မတွေးရဲအောင်ပါပဲ။ 

ကျွန်မ သူတို့ ကို ္Nix နဲ့ conference call ခေါ်ပေးလိုက်တော့ သူတို့  အေးအေးဆေးဆေး ပြန်ဖြစ်သွားပါတယ်။ ဖုန်းထဲကမေ အော်ဟစ် မပြောတော့ပေမယ့် သူတို့ရဲ့ တင်းမာမှု တွေ တော့ လျော့မသွားသေးပါဘူး။ Nix အနေနဲ့လဲ ဟိုဘက် ကနေ ဒီမှာ  ဖြစ်နေတဲ့ အခြေအနေ တွေကို မသိနိုင်တာလဲ ဖြစ်နိုင်ပါတယ်။ 

ကျွန်မ John Jones ကိုဖိတ်ခေါ်ပြီး သူတို့နဲ့ တွေ့ပေးပါတယ်။ ကျွန်မ တို့ ပြိုင်ဘက် ဘူဟာရီ ကို မီဒီယာ တွေနဲ့ တွေ့ပြီး သူ့ရဲ့ စစ်ရာဇဝတ် မှု တွေကို လူတွေ သိအောင် လုပ်မယ့် ဗျူဟာ ကို ဆွေးနွေးဖြစ်ကြပါတယ်။ ဒါပေမယ့် ကျွန်မ သူတို့ဆီ ကနေ တိုက်ခန်း ကို အပြန်လမ်း မှာတော့ သူတို့နဲ့  ဖေဖော်ဝါရီ ၁၄ နောက်ပိုင်း ကာလ အတွက် ဒုတိယ အကြိမ် မြောက် စာချုပ် မချုပ်ဖြစ်နိုင်တော့ ဘူးဆို တာ သိလိုက်ရပါတယ်။  နိုင်ဂျီးရီးယား တွေ က စကား အများကြီး မပြောပေမယ့် ကျွန်မ ကို ဆက်ဆံ လိုက်တာကတော့ ရင့်သီးလွန်းပါတယ်။ ကျွန်မ အနေနဲ့  သူတို့ဆီ ပြန်သွားပြီး နောက်စာချုပ် ချုပ်ဖို့  ဘယ်လို မျက်နှာ နဲ့ ပြောနိုင်ပါတော့မလဲ။  ကျွန်မ အတွက် တော့ ကံဆိုးမိုးမှောင် ကြတဲ့ အချိန် တွေလိုပါပဲ။ သူတို့ ကို ဂရုစိုက် နေရတာနဲ့ SCL အတွက်လဲ တခြား ပရောဂျက် တွေ မရှာနိုင်တော့ဘူး။ ဒီ ခရီး က ကျွန်မ အတွက်တော့ ရလဒ်ကောင်း မထွက်တဲ့ ခရီး ဖြစ်သွားပါပြီ။

ကံဆိုးမှု တွေ က မပြီးသေးပါဘူး။ အဲဒီ မနက်မှာပဲ Business Insider ဆိုတဲ့ website ကနေ ကျွန်မတို့ ပါတီ အကြောင်းကို " Davos ပါတီ မှာ အရက်ဖျော်စပ်သူ တွေ က ၂ ညစာ အရက်ပမာဏ ကို တစ်ည တည်းနဲ့ ဖျောစပ် ပစ်လို့ ပါတီ ပွဲ ပျက်သွားခြင်း ဆိုတဲ့ ခေါင်းစဥ် နဲ့ သတင်း တစ်ပုဒ်ရေးတင်လိုက်ပါတယ်။ 

မကြာခင် မှာ Nix ဆီကဖုန်းဝင်လာပါတယ်။ သူလဲ website ပေါ် က သတင်းဖတ် ပြီးလောက်ပါပြီ။ သတင်း မှာ ကျွန်မ နာမည် မပါပေမယ့် SCL အတွက် တော့ မကောင်းဘူးပေါ့။ နိုင်ဂျီးရီးယား တွေလဲ သူ့ဆီ ကိုဖုန်းခေါ်ပြီး စာချုပ် အကြောင်း ပြောပြီးလောက်ပါပြီ။ ဒါပေမယ့် သူကြည့်ရတာ ဘာမှ မဖြစ်သလို အေးအေးဆေးဆေး ပါပဲ။ 

သူက ကျွန်မ ကို Brittney ခင်များ စီစဥ်တဲ့ Davos ပွဲ ကို ကျွန်တော် အရမ်း သဘောကျတယ်။ ခင်များ ကို​ေရာ Chester ကိုပဲ ဒီပွဲ အတွက် အရမ်း ကျေးဇူးတင်ပါတယ်။ အခု ဖုန်းခေါ်တာက SCL မှာ ခင်များ မျှော်လင့် နေတဲ့ အမြဲတမ်း ဝန်ထမ်း ရာထူးကို ကမ်းလှမ်း မလို့ပါ။ အကြံပေး မဟုတ်တော့ဘူး။ ခင်များ က ကျွန်တော် တို့ရဲ့ အချိန်ပြည့် အဖွဲ့ဝင် ဖြစ်သွားပြီ။ ဘောလပ်လဲ ပါမယ်။ ပုံမှန် လစာ ထက် တစ်နှစ်ကို ဒေါ်လာ ၁ သောင်းပိုရမယ်။ ကုမ္ပဏီ ရဲ့ ခရက်ဒစ်ကတ် အသုံးပြူခွင့်နဲ့ တခြား ခံစားခွင့်တွေလဲ ရမယ်။  နိုင်ဂျီးရီးယား ကမ်ပိန်း တုန်းက လို ပိုက်ဆံ တွေ ရှာနိုင်နေ သ၍  ခင်များ လုပ်ချင်တဲ့ ပရောဂျက် တွေလဲ ဦးဆောင် လုပ်ခွင့်ရမယ်။  ကျွန်မ အတွက်တော့ မင်္ဂလာ ရှိတဲ့ စတင်ခြင်းပါပဲ။ 

welcome abroad လို့ Nix က ပြောပါတယ်။ 



No comments: