Saturday, November 16, 2019

Targeted Book Translation : Chapter 1: နောက်ကျ နေ့လည်စာ

Targeted Part 1

Britney Kaiser ဟာ Cambridge analytical ရဲ့ business development ရဲ့ director အဖြစ် တာဝန်ထမ်းဆောင် ခဲ့ပြီး သူ့ကုမ္ပဏီ Cambridge analytical ကတော့ facebook data တွေကို အလွဲ သုံးစားလုပ်ပြီး UK ရဲ့ brexit နဲ့ Trump ရဲ့ campaign တွေ မှာ ကူညီ ခဲ့တဲ့ ဆိုပြီး မကြာသေးခင်ကပဲ ပြိုလဲ သွားခဲ့ပါပြီး။ Kaiser ဟာ ဒီ အမှုနဲ့ ပတ်သတ်ပြီး သက်သေခံ ထွက်ဆိုချက် တွေ ပေးခဲ့ပြီး သူကိုယ်တိုင် လဲ targeted ဆိုတဲ့ စာအုပ်ကို ကိုယ်တိုင်ရေးသား ပြီး နိုင်ငံတွေရဲ့ election တွေမှာ သူတို့ ကုမ္ပဏီ က ဘယ်လို နည်းလမ်း တွေ နဲ့ မဲပေးသူ တွေ ရဲ့ ဆုံးဖြတ်ချက် တွေ ပြောင်းသွားအောင် လုပ်ပစ်နိုင်ခဲ့တယ် ဆိုတာ အသေးစိတ် ရေးသားခဲ့ပါတယ်။ လေ့လာသူ တွေ အရတော့ အမေရိကန် ရွေးကောက်ပွဲ မှာ တကယ် အဆုံးအဖြတ် ပေးသွားတာ က မဲပေးသူရဲ့ ပေါင်း  138 သန်း ထဲက ၇ သိန်း မျှသော လူအရေအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီ swing voter လို့ခေါ်တဲ့ မဲပေးသူတွေကို သူတို့ ကုမ္ပဏီ က digital media platform ကိုသုံးပြီး သူတို့ရဲ့ အပြုအမူ နဲ့ ဆုံးဖြတ်ချက် တွေ ပြောင်းလဲ ပစ်ဖို့ စိတ်ပညာရှင် တွေ၊ data scientists တွေ၊ သချ်ာ ပညာရှင် တွေ အများအပြား အသုံးပြု ခဲ့တယ် လို့လဲ ရေးသားထားပါတယ်။ ဒီ Cambridge Analytical ကိစ္စ ဖြစ်ပြီး နောက်ပိုင်းမှာ data rights ဆိုတာ လူတစ်ယောင်ရဲ့ human rights နဲ့ အတူတူပဲ ဆိုပြီး လှုပ်ရှားလာတဲ့ activists တွေ ရှိသလို ကမ္ဘာပေါ်မှာ ဒီပုံစံ အတိုင်းဆို free and fair election ဆိုတာ ရှိပါအုံးမလား ဆိုပြီး မေးခွန်းထုတ်လာသူတွေလဲ ရှိပါတယ်။ လက်ရှိ မှာတော့ brittney Kaiser ဟာ data rights activists အဖြစ်အနေ နဲ့ ရပ်တည် နေပြီး Facebook လို social media platform တွေကနေ နိုင်ငံရေး လှုံ့ဆော် ကြော်ငြာတွေ လုံးဝ ရပ်ဆိုင်းပစ်သင့်တယ် လို့ ပြောပါတယ်။ သူရေးတဲ့ စာအုပ်ကို တစ်ခန်းချင်းစီ ဘာသာပြန် ဖော်ပြ ပေးသွားပါမယ်။



အခန်း ၁
နောက်ကျ တဲ့ နေ့လည်စာ
၂၀၁၄ အစောပိုင်း

Alexander Nix: Cambridge Analytical ရဲ့ CEO

ကျွန်မ ပထမ ဆုံး အကြိမ် Alexandra nix ကို တွေ့ဖူးတာ က ထူထဲလှ တဲ့ မှန်တခါးချပ် တွေကတဆင့်ပါ။ ဒါကလဲ သူလို့ လူတစ်ယောက် ကို ကြည့်ဖို့ အကောင်းဆုံး မြင်ကွင်း ပါပဲ။ အဲဒီနေ့ က ကျွန်မ ရဲ့ အရမ်းရင်းနီးတဲ့ သူငယ်ချင်း ဖြစ်တဲ့ Chester Freeman စီစဥ်ထားတဲ့ နေ့လည်စာ ကို ကျွန်မ နောက်ကျ ပြီး မှ ရောက်သွားပါတယ်။ အဲဒီမှာ Chester ရဲ့ တခြား မိတ်ဆွေ ၃ ယောက်လဲ ရှိနေပါတယ်။ အဲဒီ ထဲက ၂ ယောက်ကိုတော့ သိပြီး ကျန်တစ်ယောက် ကိုတော့ မတွေ့ဖူးပါဘူး။ သူတို့ အားလုံးဟာ နိုင်ငံရေး နဲ့ လူမှုကွန်ယက် မှာ ကျွမ်းကျင် တဲ့ ပညာရှင်တွေကို ရှာနေကြတာပါ။ ကျွန်မ အနေနဲ့ နိုင်ငံရေး နဲ့ လူမှုကွန်ယက်ကို ကျွန်မ ရဲ့ ကျွမ်းကျင် တဲ့ ဧရိယာ အဖြစ် ယူဆထားပြီးသားပါ။ ဘာလို့လဲဆိုတော့ Obama ရဲ့ 2008 campaign ရဲ့ digital media team မှာ ပါဝင် အလုပ်လုပ်ခဲ့လို့ပါပဲ။ အခုအချိန် မှာတော့ ကျွန်မ ရဲ့ Phd dissertation အတွက် သုတေသန လုပ်နေသလို လစာ ကောင်းကောင်း အလုပ် တစ်ခု ရဖို့လဲ ရှာနေတဲ့ အချိန် ဖြစ်ပါတယ်။ ကျွန်မ ရောက်တဲ့ အချိန် က သူတို့ နေလည်စာ စားပြီးလို့ စကားစမြည် ပြောတဲ့ အချိန် ဖြစ်နေပါပြီ။ Chester လိုပဲ သူ့မိတ်ဆွေ ၂ ယောက် က အလယ် အာရှ နိုင်ငံ တစ်ခု ကပါ။ သူတို့ London ကိုစီးပွားရေး ကိစ္စ နဲ့လာရင်း Chester ကနေ တဆင့် သူတို့ နိုင်ငံရဲ့ လာမယ့် ရွေးကောက်ပွဲ အတွက် ( e-mail နဲ့ social media campaign ) အတွက် အလုပ်လုပ်ပေးနိုင်မယ့် သူတွေ နဲ့ ချိတ်ဆက်ဖို့ ရောက်နေကြတာပါ။ သူတို့ အားလုံးကို ကျွန်မ ကောင်းကောင်း မရင်းနှီးပေမယ့် သူတို့ အားလုံးဟာ အရှိန် အဝါ ကြီးမားတဲ့ ကျွန်မ တွေ့ခဲ့ဖူးတဲ့ သူတွေလိုပဲ ဆိုတာ သိနေပါတယ်။  Chester ဟာ မကြာသေးခင် ကမှ သူ့နိုင်ငံရဲ့ ကုန်သွယ်ရေး နဲ့ စီးပွားရေး သံတမန် အဖြစ် သူ့ ဝန်ကြီးချုပ် က ခန့်အပ်လိုက်တာပါ။ သူ့ အောင်မြင်မှု အပေါ် ဂုဏ်ယူရင်း သူနဲ့ ကျွန်မ စတွေ့ခဲ့တဲ့ အကြောင်း တွေးမိနေပါတယ်။

2008 အမေရိကန် Denver မှာလုပ်တဲ့  ရဲ့ ဒီမိုကရက်တစ် ပါတီ  ညီလာခံတုန်းက Chester ဟာ ဆံပင် တွေ ရှုပ်ပွ နေတဲ့ ၁၉ နှစ်အရွယ် ကောင်လေး တစ်ယောက် ပဲ ရှိပါသေးတယ်။ အဲဒီ တုန်းက ကျွန်မ က Broncos stadium မှာ Hillary နဲ့ Obama လာတာက စောင့်နေရင်း နဲ့ သူနဲ့ စတွေ့ကြပြီး မိတ်ဆွေ ဖြစ်လာကြတာပါ။ သူနဲ့ ကျွန်မ မှာ တူညီ တဲ့ရည်ရွယ်ချက် တွေ ရှိကြပါတယ်။ သူရော ကျွန်မ ရော နိုင်ငံတကာ နိုင်ငံရေး နဲ့ သံတမန်ဆိုင်ရာ အလုပ် တွေ မှာ အောင်မြင်တဲ့ သူတွေ ဖြစ်ရမယ် ဆိုတဲ့ ရည်ရွယ်ချက် တွေ အတူတူထားခဲ့ကြတာပါ။ မကြာသေးခင် ကတော့ Chester က သူ့ရဲ့ သံတမန် ခန့်အပ်လွှာကို ကျွန်မ ဆီ ဂုဏ်ယူစွာနဲ့ ပို့လာပါတယ်။ ကျွန်မ ကိုယ်တိုင်လဲ အခုအချိန် မှာ ကိုယ်ရည်ရွယ် ထားတဲ့ နယ်ပယ် မှာ ြေခလှမ်းချမိနေပြီ လို့ ပြောလို့ရပါတယ်။ Chester နဲ့ ကျွန်မ အပြင်မှာ ရပ်စကားပြောနေရင်း နဲ့ သူ့မိတ်ဆွေ ထဲက ကျွန်မ မသိ တဲ့ တစ်ယောက်ကို သူ လှမ်းဖိတ်ခေါ်လိုက်ပါတယ်။ ဒီ ပုဂ္ဂိုလ် ဟာ ကျွန်မ ဘဝ ကိုရော ကမ္ဘာကြီး တစ်ခု လုံးကို ပါ ပြောင်းလဲ ပစ်မယ့်သူဆိုတာ အဲဒီတုန်းကတော့ မရိပ်မိခဲ့ပါဘူး။

Chester က သူ့နာမည် က Alexander nix လို့ခေါ်ကြောင်း၊ လက်ရှိမှာ ဗြိတိန် အြေခစိုက် ရွေးကောက်ပွဲ ကုမ္ပဏီရဲ့ CEO ဖြစ်ကြောင်း ၊ အဲဒီ ကုမ္ပဏီရဲ့ မိခင် ကုမ္ပဏီကတော့ SCL group, Strategic Communication Laboratories လို့ ခေါ်ကြောင်း ကျွန်မ ကို ရှင်းပြပါတယ်။ သူက ဆက်ပြောတာက SCL က သက်တမ်း ၂၅ နှစ်ကျော် ရှိတဲ့ ကုမ္ပဏီ ဖြစ်ပြီး ကမ္ဘည တစ်ဝှမ်း က နိုင်ငံ တွေရဲ့ ကာကွယ်ရေးဆိုင်ရာ တွေ အပြင် နိုင်ငံ အသီးသီးက ရွေးကောက်ပွဲ တွေ အတွက် လဲ အလုက်လက်ခံ လုပ်ပေးတဲ့ အကြောင်းပြောပြပါတယ်။ SCL ရဲ့ အြေခခံ လုပ်ဆောင်မှုကတော့ နိုင်ငံတွေရဲ့ သမ္မတ တွေ ၊ ဝန်ကြီးချုပ် တွေကို ရွေးကောက်ခံရအောင် လုပ်ပေးတာနဲ့, သူတို့ အာဏာ တည်မြဲအောင် လုပ်ပေးတဲ့ ကုမ္ပဏီ ဆိုတာ ကျွန်မ သဘောပေါက်လာပါတယ်။ မကြာခင် ကပဲ SCL group က Chester တို့ နိုင်ငံရဲ့ ဝန်ကြီးချုပ် ရွေးကောက် ပွဲ အတွက် အလုပ်လုပ်ပေးနိုင်ကြောင်း ပြောပြလို့ Chester နဲ့ Nix တို့ ရဲ့ သိကျွမ်းမှုကို ကျွန်မ သဘောပေါက်လာပါတယ်။ Chester နဲ့ ကျွန်မ တို့ စကားပြောနေတဲ့ အချိန်ထိ nix က အထဲ မှာ ဖုန်းပြောနေတုန်းပါ။ သူ့ကြည့်ရတာ အရမ်း အလုပ်ရှုပ် နေပေမယ့် professional ဆန်တဲ့ အမူအရာ အပြည့် ရှိနေပါတယ်။ Chester ကတော့ မင်းသူ့ကို တွေုချင် မှာပါလို့ ပြောပါတယ်။

ကျွန်မ သူ့ကို စောင့်နေရင်းက ဒီလို ကုမ္ပဏီ တစ်ခုရဲ့ CEO ဆိုတာ ဘယ်လို အလုပ်များ လုပ်ပါလိမ့်လို့ တွေးနေမိပါတယ်။ ရွေးကောက်ပွဲ ကုမ္ပဏီ ဆိုတာ ကျွန်မ တစ်သက် မှာ ဒါပထမ ဆုံးစကြားဖူးတာပါ။ ကျွန်မ Obama campaign အတွက် အလုပ်လုပ်ခဲ့စဥ်က campaign managers ဆိုတာ ေရွးကောက်ပွဲ campaign တစ်ခု အတွက် မဲဆွယ်စည်းရုံးရေး တွေ လုပ်ပေးရတယ်၊ ဆိုတာလောက်ပဲ သိထားတာပါ။ 2008 obama campaign ပြီးတော့ David Axelrod လိုမျိုး professional campaign consultant တွေနဲ့ သိကျွမ်းခဲ့ဖူးပါတယ်။ David က Obama ရဲ့ chief strategist ပါ။ အဲဒီကနေ  ြဗိတိန် လေဘာ ပါတီ ရဲ့ အကြံပေး ဆက်လုပ်ပါတယ်။ Jim Messina ကဆိုရင် David ကို Washington ရဲ့ သြဇာ အကြီးမားဆုံး ပုဂ္ဂိုလ် ပဲလို့ သူ့ကို ရည်ညွှန်းခဲ့ပါတယ်။ 2012 obama campaign ပြီးတော့ သူ က အိမ်ဖြူတော် ရဲ့ chief of staff ဖြစ်လာပါတယ်။ အဲဒီကနေ တဆင့် David Cameron တို့Theresa May တို့ရဲ့ အကြံပေး အဖြစ် ထိ သူအောင်မြင်ခဲ့ပါတယ်။ David လို လူမျိုးရဲ့ အလုပ်ကို ကျွန်မ နားလည် ပေမယ့် ကုမ္ပဏီ တစ်ခု လုံးက လူတစ်ယောက် ရွေးကောက်ခံရရေးအတွက် ဝိုင်းအလုပ်လုပ်ကြတယ် ဆိုတဲ့ အဖြစ်ကိုတော့ ကျွန် မ မကြုံဖူးသေးပါဘူး။ Alexandra Nix ကို ကြည့်ရတာ သမရိုးကျ စီပွားရေး သမားပုံ မပေါက်ပါဘူး။ ြဗိတိန် မှာဆိုရင် သူ့ပုံစံကို posh လို့ ပြောကြမှာပါ။ ( Posh- စတိုင်ကျပြီး ချမ်းသာ ကြွယ်ဝသော) ။သူက နက်ပြာရောက် ကုတ် နဲ့ ပိုးသား နက်တိုင်ကို ဝတ်ဆင်ထားပါတယ်။ သူ့ရဲ့ တကိုယ်လုံး အပေါ်ကနေ အောက် ဖိနပ် အထိ ပြောင်လက်နေပါတယ်။ သူ့ဘေး မှာတော့  ရှေးပုံစံ ကြေးသော့ ပါတဲ့ဘသားရေ အိတ်တစ်လုံး ရှိနေပါတယ်။ ကျွန်မ ကိုယ်တိုင်က အမေရိကန် သွေး ၁၀၀ ရာခိုင်နှုန်း အပြည့်ပါပေမယ့် အထက်တန်းကျေင်းပြီး ကတည်းက အဂ်လန် မှာ နေခဲ့တာဆိုတော့ english တွေရဲ့ လူနေမှု ပုံစံကို ကောင်းကောင်း ရင်းနှီးပါတယ်။ Nix ရဲ့ ပုံစံ က လန်ဒန် အထက်တန်းလွှာ ရဲ့ အထက်တန်းလွှာလို့ ပြောရမယ့် ပုံစံ ထဲကပါ။ သူ့ရဲ့ စူးရှ တဲ့ အပြာရောင် မျက်လုံး၊ သေးသေးသွယ်သွယ် ကိုယ်နေဟန်ထားက ဘဝ မှာ စိတ်ဆင်းရဲစရာ ဘာတစ်ခုမှ မတွေ့ဖူးသလိုပါပဲ။ ကျွန်မ သူ့အသက်ကို ခန့်မှန်းကြည့်ပါတယ်။ Chester ပြောစကားအရဆိုရင် သူ က ကျွနိမ ထက် ၁၀ စုနှစ် တစ်ခုလောက်ပိုကြီး မှာပါ။ Nix ဖုန်းပြောပြီးသွားတာနဲ့ ကျွန်မ ကို ငယ်ပေါက်းကြီးဖော် လိုပဲ ရင်းရင်းနှီးနှီး နှုတ်ဆက်ပါတယ်။ သူရောက်တာနောက်ကျပေမယ့် ကျွန်မ တို့ ပြောနေတဲ့ စကားဝိုင်း မှာ သူပါဝင်ဖို့ ကြိုးစားပါတယ်။  မကြာခင် မှာပဲ စကားဝိုင်းကို nix က ဦးဆောင်သွားပါတယ်။

ကျွန် ကိုယ်တိုင် အကြံပေး အလုပ် အတွက် သင်ယူခဲ့တာ ဆိုတော့ nix ဘာတွေ လုပ်နေတာလဲ ဆိုတာ ကျွန်မ သိပါတယ်။  ကျွန်မ တို့ရဲ့ client ကို ဘယ်လို စကားပြောရမယ်၊ ဘယ်လို အကြံပေးရမယ် ဆိုတာ သင်ယူခဲ့ရပေမယ့် ကျွန်မ ကိုယ် ကျွန်မ nix နဲ့ ယှဥ်ကြည့်လိုက်တော့ သူ့ တဝက်တောင် ကျွန် မ မထူးချွန်တာ သိလိုက်ရပါတယ်။ သူ က သူ့ ကုမ္ပဏီ SCL ရဲ့ရာဇဝင် အရှည်ကြီးကို ပြောပြပါတယ်။ SCL ကို ၁၉၉၃ ကတည်းက တည်ထောင်ခဲ့ပြီး အဲဒီကစလို့ SCL ပါဝင်ခဲ့တာ ရွေးကောက်ပွဲပေါင်း ၂၀၀ ကျော်ပါပြီ။ SCL အနေ နဲ့ နိုင်ငံပေါင်း ၅၀ ကျော် မှာ  နိုင်ငံတွေရဲ့ ကာကွယ်ရေး၊ နိုင်ငံရေး၊ လူသားချင်း စာနာမှု ဆိုင်ရာ ပရောဂျက်တွေ၊ ကို လုပ်ခဲ့ပါတယ်။ Nix ပြောပြ နေတဲ့ သူတို့ ပါဝင်ခဲ့တဲ့ နိုင်ငံတွေ က အာဖဂန် နစ္စတန်၊ ကိုလမ်ဘီယာ၊ အိန္ဒိယ၊ ကင်ညာ၊ လက်ဗီးယား၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်၊ ဖိလစ်ပိုင် ၊ ထရီနီ ဒတ်နဲ့ တိုဘာကိုး၊ တို့ ဖြစ်ပါတယ်။ NIx ကိုယ်တိုင်လဲ SCL မှာ ၁၁ နှစ်ကျော် ရှိနေပါပြီ။ သူ့ အတွေ့အကြုံ နဲ့ အလုပ်တွေ အကြောင်း  ကြားရတာ ကျွန်မ အတွက် တော့ အထူးအဆန်း တွေချည်းပါပဲ။ ကိုယ့်ကိုကို လဲ သိမ်ငယ်စိတ် ဝင်မိပါတယ်။ SCL စတည်ထောင် တုန်းကဆို ကျွန်မ ၆ နှစ်၊ မူကြို ကျောင်းမှာပဲ ရှိပါသေးတယ်။ ကျွန် မ ရဲ့ obama campaign နဲ့ နိုင်ငံတကာ ပရောဂျက် တွေ မှာ ပါဝင်ခဲ့တဲ့ အတွေ့အကြုံတွေက nix နဲ့ ယှဥ်ရင် ဘာမှ မပြောပလောက်ပါဘူး။ Nix က အခုဆိုရင် ငါတို့ကုမ္ပဏီ က အမေရိကား အတွက် စအလုပ်လုပ်နေပြီ" လို့ပြောပါတယ်။ SCL က အမေရိကား မှာ ရုံးဖွင့်ပြီးပါပြီ။ Nix ရဲ့ ရေတို ရည်မှန်းချက် က အမေရိကန် နဲ့ mid term election တွေ မှာ တတ်နိုင်သလောက် ပါဝင်ပြီး သမ္မတ ရွေးကောက်ပွဲ မှာ ပါဝင်နိုင်ဖို့အထိ ထိုးဖောက် သွားဖို့ ပါ။ သူ့အနေ နဲ့ mid term election အတွက် client တချို့ ရပြီးထားပါပြီ။ အာကင်စော ပြည်နယ် အမတ် Tom Cotton, ဆိုရင် သူ့ client ပါ။ လာမယ့် ဆီးနိတ် ရွေးကောက်ပွဲ မှာ ဝင်ပြိုင်ပါမယ်။ မြောက်ကာရိုးလိုင်းနား က အမတ်တွေနဲ့လဲ ချိတ်ဆက်ပြီးတဲ့ အပြင်  သြဇာကြီး တဲ့ အမေရိကန် ဆိုင်ရာ ကုလ သံအမတ် John Bolton နဲ့လဲ အဆက်အသွယ် လုပ်ပြီးပါပြီ။ ကျွန်မ ကော်ဖီ သောက်နေရင်း နဲ့ nix ရဲ့ client တွေကို စိတ်ထဲကနေ ချရေးကြည့်နေပါတယ်။ သူတို့အားလုံးဟာ ရီပဘလစ်ကန် တွေ ချည်းပါပဲ။ ကျွန်မ ယုံကြည်ထောက်ခံတဲ့ ဒီမိုကရက် နဲ့တော့ ဆန့်ကျင်ဘက်တွေ ချည်းပါပဲ။ စိတ်သက nix လုပ်နေတဲ့ အထူး အဖွဲ့အစည်း တွေဖြစ်တဲ့ သေနတ် ဆန့်ကျင်ရေး လိုမျိုး အလုပ်တွေ ကြားတော့ မှ  ကိုယ်နဲ့ ကိုက်တာ ရှိပါသေးလားလို့ စိတ်သက်သာရာ ရပါတော့တယ်။ Nix က သူကိုယ်တိုင်ရောIသူ့ ကုမ္ပဏီ အတွက်ရော ဂုဏ်ယူ နေပါတယ်။ သူ အရမ်းကို အလုပ်များနေပြီး အနာဂတ်မှာ SCL ကနေ အမေရိကန် တစ်နိုင်ငံ တည်းကို အာရုံစိုကနိုင်မယ့် ကုမ္ပဏီ တစ်ခု ထွက်ပေါ်လာဖို့ ကြိုးစားနေတယ် လို့ပြောပါတယ်။ အဲဒီ ကုမ္ပဏီကတော့ Cambridge Analytica လို့ ခေါ်ပါတယ်။

 CA ကိုတည်ထောင် တာ တစ်နှစ်တောင် မပြည့်သေးပါဘူး။ ဒါပေမယ့် nix ကတော့ ဒီကုမ္ပဏီ ဟာ အပြောင်းအလဲ တစ်ခု ကို ဦးဆောင် တော့မယ် ၊ အဲဒီ အပြောင်းအလဲ မှာ Big Data နဲ့ Analytics တွေ က အဓိကနေရာ က ပါဝင်မယ် လို့ ပြောပါတယ်။ Nix ပြောတာက ဒီဂျစ် တယ် ခေတ် မှာတော့ data ရဲ့ တန်ဖိုး က အရင်ခေတ် က ရေနံ တန်ဖိုးကြီးသလို တန်ဖိုး အရမ်းကြီးတယ်။ Data collection လုပ်ရတာ ကလဲ လက်နက် ဝယ်ရသလိုပဲ။ Cambridge Analytica အနေနဲ့ အမေရိကန် လူထု နဲ့ ပတ်သတ် တဲ့ ဘယ်သူ မှ ထင်မထားတဲ့ data ပမာဏ ကို စုဆောင်းထားပြီး ဖြစ်တယ်။ ကုမ္ပဏီ ရဲ့ ကြောက်စရာ ကောင်းတဲ့ database ထဲမှာ ၁၈ နှစ်ပြည့်ပြီး လူ တစ်ယောက်ချင်းစီ ရဲ့ အချက်အလက် ပေါင်း ၂၀၀၀ ကနေ ၅၀၀၀ လောက်အထိ ရယူထားပြီးသား ဖြစ်တယ်။ အဲဒီ ပမာဏ က လူပေါင်း သန်း ၂၄၀ စာလောက် ရှိတယ်။ Nix က စကားပြော ခဏ ရပ်ပြီး ကျွန်မ တို့ အားလုံးကို အကဲခတ် သလို ကြည့်နေပါတယ်။ သူ ဆက်ပြောတက data တွေ အများကြီး ရထားတာက အဖြေ မဟုတ်သေးပါဘူး။ ဒီ data တွေ နဲ့ ဘာလုပ်ရမယ် ဆိုတာကို သိတာကမှ အြေဖပါ။ အဲလို လုပ်တဲ့နေရာမှာ ပိုပြီး သိပ္ပနည်းကျ နဲ့ ပိုတိကျ တဲ့ နည်းလမ်း တွေနဲ့ လူတွေကို အုပ်စုခွဲရပါတယ်။ လူတစ်ယောက် က ဒီမိုကရက်လား၊ ပတ်ဝန်းကျင် ထိန်းသိမ်းသူ တစ်ယောက်လား၊ အကောင်းမြင် ဝါဒ သမား၊ တက်ကြွ လှုပ်ရှားသူ၊ အစ ရှိသဖြင့် အုပ်စု ခွဲရပါတယ်။ နှစ်ပေါင်း များစွာ ကတည်းက cambridge Analytical ရဲ့ မိခင်ကုမ္ပဏီ  SCL group ရဲ့ လူတွေ ကို အုပ်စု ခွဲတဲ့ နည်း က  အပြုအမူ ဆိုင်ရာ စိတ်မ်းပညာ ရဲ့ အရမ်းကို  အဆင့်မြင့် တဲ့ နည်းလမ်း  တွေကို အသုံးပြုခဲ့တာပါ။ Nix  က ကျွန်မ တို့ကို သူ့ လုပ်ဖော်ကိုင်ဘက် တွေ အကြောင်းလဲ ပြောပြပါတယ်။ သူ့လူတွေ ထဲမှာ data scientists တွေ ပါတယ်။ စိတ်ပညာ ရှင် တွေပါတယ်။ သူတို့က ဘယ်သူ့ကို ဘယ်အချိန် မှာ ဘယ်လို message ပို့ရမယ် ဆိုတာ ကောင်းကောင်းသိတယ်။ကမ္ဘာပေါ် မှာ အတော်ဆုံးဆိုတဲ့ data scientists တွေကို သူငှားထားတယ်။ သူတို့က လူတစ်ယောက်ချင်းစီ ကို ဘယ်လိုနည်းလမ်း နဲ့ ဆက်သွယ်ရမလဲ ဆိုတာ သိတယ်။ လူတွေရဲ့ လက်ကိုင် ဖုန်းတွေ၊ ကွန်ပြူတာ၊ တက်ဘလက်၊ ်တယ်လီ ဗီးရှင်း အစ ရှိတဲ့ နည်းမျိုးစုံကိုသုံးပြီး ဆက်သွယ်ကြတယ်။ အဲဒါကို အနုစိတ် ချိန်ရွယ်ခြင်း ( micro targeting) လို့ ခေါ်ပါတယ်။

Cambridge Analyticaအနေနဲ့ လူတစ်ယောက်ချင်းစီ ကို သူတို့ အရင် ပုံစံ နဲ့ မတူဘဲ စဥ်းစားစေတာ၊  ပြုမူစေတာ ၊ နောက်ဆုံး အရင် နဲ့ မတူတဲ့ ဘက်ကို မဲပေးစေတာအထိ လုပ်နိုင်တဲ့ စွမ်းအား ရှိပါတယ်။ ဒါတွေ လုပ်ဖို့အတွက် client  က ပေးတဲ့ ပိုက်ဆံကို ကောင်းကောင်း အသုံးချရတယ်၊ ရလဒ် ကောင်းတော့ ထွက်ဖို့ လိုတာပေါ့ လို့ nix  က ပြောပါတယ်။ Nix စကား ပြောနေတုန်း ကျွန်မ Chester ကို ကြည့်ပြီး nix နဲ့ ပတ်သတ်ပြီး သူဘယ်လို မြင်လဲ ဆိုတာ သိချင်လို့ သူ့ကို ဆက်သွယ် ဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် သူရော၊ သူ့အဖော် ၂ ယောက်စလုံးရော nix စကား မှာ မျောပါနေကြ ပြီး nix အပေါ် အထင်ကြီး လေးစားတဲ့ မျက်လုံးတွေကို ပဲ တွေ့လိုက်ရပါတယ်။ Cambridge Analytics က စျေးကွက်မှာ လိုနေတဲ့ နေရာ ကို ဖြည့်ဆည်းဖို့ တည်ထောင်လိုက်တာပါ။ Obama တို့ ဒီမိုကရက် လူသိုက် က digital ဆက်သွယ် တဲ့ နည်းလမ်းကို 2007 ကတည်းက စသုံးခဲ့ကြပါတယ်။ သူ့ပြိုင်ဘက် ရီပဘလစ်ကန် တွေက ဒီ နည်းပညာ မှာ နောက်ကျ ကန်နေခဲ့ပြီး ၂၀၁၂ မှာ သူတို့ ဒီမိုကရက် တွေကို ရှံးပြီး မှ သူတို့ နောက်ကျ ခဲ့တဲ့ နေရာကို Cambridge Analytica အကူအညီ နဲ့ လိုက်ဖို့  ကြိုးစား ကြတာပါ။

Chester ရဲ့  သူငယ်ချင်း အလယ်အာရှ  နိုင်ငံ ဆို Internet အသုံးပြုမှု နည်းသေးတော့ Big data မရှိသေးပါဘူး။ ဒီလို အခြေ အနေ မှာ SCL  သူတို့ အတွက် စတင်ပြီး social media ကတဆင့် သတင်းစကား ဖြန့်ဖြူးဖို့ စတင် လုပ်ဆောင်ပေးပါတယ်။ အဲဒါအပြင် သမရိုးကျ မဲဆွယ် စည်းရုံးရေး နည်းလမ်း တွေဖြစ်တဲ့ မူဝါဒ ချမှတ်ပေးတာ၊ တစ်အိမ်ဆင်း တစ်အိမ်တက် မဲဆွယ်စာရွက်ဝေတာ အစ ရှိတဲ့ နည်းလမ်း တွေလဲ သုံးပေးပါသေးတယ်။ ကျွန်မ အတွက် တော့ Nix ပြောသမျှ က အထူးအဆန်း အံ့သြစရာ ချည်းပါပဲ။ သူက လူတွေရဲ့ အချကိအလက် တွေကိုသုံ့းပြီး နိုင်ငံ ရဲ့ စီးပွားရေး၊ နိုင်ငံရေး တွေပါ ပြောင်းလဲ နိုင်စွမ်း ရှိတယ်လို့ ပြောပါတယ်။သူ့အနေနဲ့  ဘယ်ဘက်မှ မယိမ်းတဲ့  လူတစ်ယောက်ကို  တဖက်ဖက်    မဲပေးအောင် လုပ်ရတာ  လွယ်ပါတယ်လို့ ပြောပါတယ်။ အဲလိုလုပိတာဟာ အဲဒီလူရဲ့ ဆန္ဒ ကို ဆန့်ကျင်ပြီး လုပ်တာ မဟုတ်ပေမယ့်   လူတစ်ယောက် ရဲ့ ပုံမှန် ကျိုးကြောင်း ဆင်ခြင် ညဏ် နဲ့ သွေဖီစေပြီး သူတိူ့ရဲ့ အပြုအမူကို ပြောင်းပစ်တာတော့ သေချာပါတယ်။

Targeted Part 1 Contd
ကျွန်မ အနေဲ့ကတော့  ရွေးကောကိပွဲ မဲဆွယ်ရေး အတွက် အလုပ်စလုပ် တဲ့ ပထမဆုံးရက်ကတည်းက Big Data Analytics ဆိုတဲ့ ဘာသာရပ် အပေါ် စိတ်ဝင်စားခဲ့တာပါ။ ကျွန်မ ကိုယ်တိုင် က developer ရော၊ data scientists မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်မ တို့လို တခြား ၂၁ ရာစု မျိုးဆက်တွေ လိုပဲ  နည်းပညာ မျိုးစုံကို ဦးဦးဖျားဖျား ထိတွေ့ခွင့် ရပြီး ဒီဂျစ်တယ် ဘဝ မှာ ဖြတ်သန်း နေခဲ့တာပါ။ ကျွန်မ ကိုယ်တိုင်လဲ ရွေးကောက်ပွဲ အတွက် data ကို သုံးခဲ့ဖူးပါတယ်။ ဒါပေမယ့် သာမာန် အသုံးပြုမှု လောက်ပါပဲ။ Obama ရဲ့ media team မှာ လစာမဲ့ intern အဖြစ်အလုပ်လုပ် ပေးတဲ့ အပြင် Howard Dean ရဲ့ ရွေးကောက်ပွဲ ရော၊ John Kerry ရဲ့ သမ္မတ ရွေးကောက်ပွဲ၊ ပြီးတော့ obama ရဲ့ ဆီးနိတ် ရွေးကောက်ပွဲတွေ အတွက် အလုပ်လုပ်ပေးဖူးပါတယ်။ အဲဒီ အချိန် က ဆုံးဖြတ်ရ ခက်နေတဲ့ မဲပေးသူ တွေကို email ပို့ဖို့ အတွက် data ကို သာမာန် လောက် သုံးဖူးပါတယ်။ Howard Dean ရဲ့ မဲဆွယ် ပွဲ ကတော့ ပထမ ဆုံးအကြိမ် အနေ နဲ့ မဲပေးသူ တွေကို ဆက်သွယ်ဖို့ Online ကို အဓိက ထား အသုံးပြူခဲ့တာပါ။

 ကျွန်မ ရဲ့ Data အပေါ် စိတ်ဝင်စားမှု က အဲဒီ အချိန် တုန်းက ခေတ်စားတဲ့ ခေတ်ပြောင်းတော်လှန်ရေး ( revolution ) ဆိုတာ နဲ့ အတူတူ ယှဥ်တွဲ ပြီး ရှိနေပါတယ်။ obama ကို ငြိမ်းငြိမ်းချမ်းချမ်း နဲ့ အာဏာ လွှဲပေးတာတောင် မှ obama အရွေးချယ် ခံရတာဟာ ကျွန်မ အတွက် revolution ကို ပထမ ဆုံး ထိတွေ့ခံစားမိ တဲ့ အတွေ့အကြုံလို့ ပြောလို့ရပါတယ်။ Obama ပထမ အကြိမ် သမ္မတ အဖြစ် ရွေးချယ်ခံရတဲ့ ညက ချီကာဂို မှာ ကျွန်မ ပါ အတူတူ ရှိနေပါတယ်။ လူမည်း တစ်ယောက် သမ္မတ ဖြစ်လာတာကို နိုင်ငံရေး အာဏာ သိမ်းခံရတယ်လို့ ခံစားရသူ တွေလဲ အဲဒီအချိန် က သန်းနဲ့ ချီ ရှိပါတယ်။ ကျွန်မ ကျောင်းသား ဘဝ က ဟောင်ကောင် မှာ တစ်နှစ် ကျောင်းသွားတက်ဖူးပါတယ်။ အဲဒီတုန်းက မြောက်ကိုရီးယား ကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို တရုတ် နိုင်ငံရဲ့ မြေအောက် ရထားလမ်းကနေ တဆင့် ဘေးကင်းရာ ကို ပို့ပေးတဲ့ အလုပ်ကို စေတနာ့ ဝန်ထမ်း အဖြစ် လုပ်ဖူးပါတယ်။ ဘွဲ့ရပြီးပြီးချင်း ပဲ တောင်အာဖရိက ကို ထွက်ခွါ ခဲ့ပါတယ်။ အဲဒီမှာ လူမျိုးရေး ခွဲခြားမှုကို ဆန့်ကျင် တဲ့ညတက်ကြွ လှုပ်ရှားသူတွေ နဲ့ အတူတူ ပရောဂျက် တစ်ခုကို အတူတူ လုပ်ဖူးပါတယ်။ အာရပ် နွေဦး တော်လှန်ရေး အပြီး မှာလဲ ကဒါဖီ အလွန် လစ်ဗျား အတွက် အလုပ်လုပ်ပေးဖူးပါတယ်။ ဒီလို အလုပ်တွေ လုပ်ရင်းနဲ့ ကျွန်မ ရဲ့ လွတ်လပ်ပြီး မှီခိုမှု ကင်းတဲ့ သံတမန် လုပ်ငန်း အပေါ် စိတ်ဝင်စားမှု က ကြီးထွားလာပါတယ်။ ကျွန်မ မှာ ကိုယ့်ကိုကို အစွန်း ၂ ခုရဲ့ အလယ်မှာ နေတတ် တဲ့ ထူးဆန်း တဲ့ အကျင့် တစ်ခု ရှိနေပုံ ရပါတယ်။ ကျွန်မ လေ့လာခဲ့ဖူးတဲ့ အထဲ မှာ  တရားမျှတမှုကို ရှာဖွေတာ၊ လဘ်စားမှု ကို ၊ ဒုစရိုက် သမား တွေကို ဖော်ထုတ် တာတွေ အတွက်  data ကို အကျိုးရှိရှိ သုံးလို့ရပါတယ်။

 ၂၀၁၁ ကျွန်မ ရဲ့ မဟာဘွဲ့ စာတမ်း ရေးတုန်းက ဝီကီလိ ရဲ့ အစိုးရ တွေ ဆီ က ပေါက်ကြားတဲ့ သတင်းအချက်အလက် တွေကို စာတမ်း ရဲ့ အဓိက သတင်း source အဖြစ် သုံးဖူးပါတယ်။ အဲဒီ data တွေက တော့ အီရတ်စစ်ပွဲ တုန်းက လူသားတုန်း သတ်ဖြတ် မှု တွေ ဖြစ်ပေါ် ခဲ့တဲ့ ဆိုတာ ဖော်ပြ နေပါတယ်။ 2010 ကစ ပြီး Hacktivist လို့ ခေါ်ရမယ့် wiki leak တည်ထောင် သူ ္Julian Assange က လူသား တုန်းသတ်ဖြတ် မှု တွေ ကျူးလွန် ခဲ့တဲ့ အစိုးရ တွေကို သူတို့ရဲ့ အဓိက လျှို့ဝှက် အချက်အလက် တွေ ဖွင့်ချပြီး စစ်ကြေ ငြာ ပါတယ်။ အဓိက ထိုးနှက်ချက် ကတော့ အမေရိကန် အစိုးရ နဲ့ စစ်တပ်ကိုပေါ့။ အခု ကျွန်မ ရဲ့ သံတမန် နဲ့ လူ့အခွင့်အရေး ဆိုင်ရာ  ပါရဂူဘွဲ့ စာတမ်း အတွက်  ကျွန်မ ရဲ့ Big Data အပေါ်စိတ်ဝင်စား မှု နဲ့ နိုင်ငံ ရေး အခြေအနေ တွေ ပေါင်းစပ်ပြီး Data က လူ့အသက် တွေ ဘယ်လို ကယ်တင် နိုင်မလဲ ဆိုတာ ကို လေ့လာနေပါတယ်။ ကျွန်မ အထူးစိတ်ဝင်စားတာက တော့ ကာကွယ်နိုင်မယ့် သံတမန် ဆက်ဆံရေး ( Preventive diplomacy) ဆိုတဲ့ ခေါင်းစဥ်ပါ။ ကုလသမဂ္ဂ နဲ့ တခြား ္NGO အဖွဲ့ တွေ ပူးပေါင်းပြီး real time data ကို ဘယ်လို သုံးပြီး ၁၉၉၄ ရဝမ်ဒါ မှာ ဖြစ်ခဲ့တဲ့ လူမျိုးတုံး သတ်ဖြတ် မှု လိုမျိုး အဖြစ်အပျက် တွေကို ဘယ်လို တားဆီး နိုင်မလဲ ဆိုတာ အဖြေ ရှာဖွေ နေကြပါတယ်။

data ကို ကာကွယ်ရေး အမြင် နဲ့ စောင့်ကြည့်ခြင်း ( preventive data monitoring) မှာ ပေါင်မုန့်စျေးနှုန်း မြင့်တက် သွားတာကနေ တွစ်တာ ပေါ်မှာ လူမျိုးရေး ခွဲခြားတဲ့ စကားတွေ အထိ ပါဝင်ပါတယ်။ ဒီ data တွေကို အသုံးချ ပြီး သက်ဆိုင်ရာ အဖွဲ့အစည်း တွေ အနေနဲ့ ပြဿနာ တွေ ဆိုးရွားမလာခင် ကြိုတင် ကာကွယ်တားဆီး နိုင်ဖို့ ရည်ရွယ်ပါတယ်။ Data တွေကို သေသေချာချာ စုဆောင်းပြီး ဆန်းစစ်နိုင်မယ်ဆိုရင် လူ့အခွင့်အရေး ချိုးဖောက်မှု တွေ၊ စစ်ရာဇဝတ် မှု တွေ ၊ နောက်ဆုံး စစ်ပွဲ တွေ မဖြစ်အောင် အထိ တားဆီး နိုင်ပါလိမ့်မယ်။ ကျွန်မ အနေ နဲ့ Nix ပြောပြနေတဲ့ SCL group ရဲ့ data ပိုင်ဆိုင် မှု တွေ ရဲ့ အကျိုးဆက် ကို ပြောစရာ မလိုအောင် ကို သေသေချာချာ နားလည် ပါတယ်။ သူ့ရဲ့ data အပေါ် ပြောဆို မှု တွေ၊ သူ့ရဲ့ revolution အပေါ် သုံးသပ်တဲ့ စကားလုံးတွေ က ကျွန်မ အတွက် တော့ သူ့ရည်ရွယ်ချက် နဲ့ အန္တရာယ် မကင်းတဲ့ နည်းလမ်း တွေ အပေါ် စိတ်မသက် မသာ ဖြစ်စေပါတယ်။ Nix သူ့ ကုမ္ပဏီ အကြောင်း မပြောဖြစ်တဲ့ အချိန် မှာတော့ သူနဲ့ ကျွန်မ ရဲ့ အရင် အလုပ်တွေ အကြောင်း စကားစမည် ပြောဖြစ်ပါတယ်။ Nix က ကျွန်မ ရဲ့ အရင် အလုပ်တွေ အကြောင်း အသေးစိတ် မမေးတာကပဲ ကျွန်မ ကို စိတ်သက်သာ ရာရစေပါတယ်။ nix အလုပ်လုပ် ပေးနေတဲ့ လူအားလုံးလိုလို ဟာ အမေရိကား မှာတော့ ကျွန်မ မထောက်ခံ သူတွေ ချည်းပါပဲ။

ကျွန်မ စိတ်ထင် Chester ရဲ့ မိတ်ဆွေ တွေ က nix ကို ရွေးချယ် လိမ့်မယ် မထင်ပါဘူး။ ဘာလို့လဲ ဆိုတော့ nix ရဲ့ ပြောပုံ ဆိုပုံတွေ က သူတို့ နိုင်ငံ အတွက် ဆိုရင် သိပ်ကို ကြီးကျယ် နေပြီး မဖြစ်နိုင်ဘူးလို့ ထင်စရာ တွေပါ။ Nix ကျွန်မ တို့ရဲ့ တွေ့ဆုံ ပွဲကနေ ပြန်ဖို့ ပြင်ဆင် နေတော့ ကျွန်မ တို့ အားလုံးသူ့ကို နှုတ်ဆက် ဖို့ လုပ်ကြပါတယ်။ အပြင် ဘက် အေးနေ တဲ့ရာသီ ဥတု ထဲ မှာ ကျွန်မ တို့အားလုံး ဘာမှ မပြောဖြစ်ဘဲ မိနစ် အနည်းငယ်လောက် ဒီအတိုင်း ရပ်နေကြပါတယ်။ အဲဒီလို ဖြစ်တာကို သည်းခံနိုင်လ့ မရှိ တဲ့ Chester က " ဟေ့၊ ငါ့ရဲ့ ဒီမိုကရက်တစ် အကြံပေး သူငယ်ချင်း နဲ့  ဒီဘက်က ရီပါဘလစ်ကန် သူငယ်ချင်း တို့ အတူတူ တွေ့ဆုံသင့်တယ် " လို့ ထပြီး အရွှမ်းဖောက်ပါတော့တယ်။ Nix ရဲ့ Chester ကို လှမ်းကြည့်လိုက်ပုံက ထူးဆန်းပြီး စိတ် အနှောက်အယှက် ဖြစ်သွားပုံရပါတယ်။

 nix က သူ့အိတ်ထဲ လက် နှိုက်လိုက်ပြီး ပြန်ထုတ်လိုက်တော့ လိပ်စာ ကဒ်တွေ အထပ်လိုက်ပါလာပါတယ်။ အဲဒီထဲက မှ သူ့လိပ်စာ ကဒ်ကို ရွေးချယ်ပြီး ကျွန်မ ကို လှမ်းပေးလိုက်ပါတယ်။ သူ့လိပ်စာ ကဒ်မှာတော့ Alexandra James Ashburner Nix လို့ နာမည် အပြည့်အစုံ ရေးထားပါတယ်။ အဲလိုပေးပြီး တော့  " ကျွန်တော် ခင်များကို အရက်မူးအောင် တိုက်ပြီး ခင်များရဲ့ လျှို့ဝှက်ချက် တွေ ခိုးအုံးမှပဲ" လို့ စနောက်ပြီး ပြောလိုက်ပါတယ်။ ကျွန်မ အတွက် တော့ သူ ဒီလို ပြောတာဟာ တစ်ဝက် ပဲ စနောက်တဲ့ သဘောပါတယ် လို့ ထင်လိုက်မိပါတော့တယ်။

ဆက်ရန်။

Monday, November 4, 2019

လဖုန်းကျောင်းထွက် ဖေဖေ နဲ့ ဦးထွန်းလွင်

တစ်ရက် က  အိမ်ကို မျက်မှန် လေးထောင့် ၊ အသားညိုညို ၊ ခက်ဖိုင့်ဖိုင့် လူကြီး တစ်ယောက် ရောက်လာတယ်။ ပြီးတော့ ဖေဖေ့ကို ဟေ့ကောင် ချွန်ဟုတ် လို့ ခေါ်ပြီး စကားတွေ ပြောနေတော့တာပဲ။ ကျွန်တော် တို့မှာ ကိုယ့်အဖေ ကို လူပျိုပေါက် သာရောက်လာတယ်။ ဟေ့ကောင်လို့ ခေါ်ပြီး မင်းနဲ့ ငါနဲ့ သူ ပြောတဲ့ သူ မမြင်ဖူးတော့ အံ့သြ နေကြတယ်။ 
ပြီးမှ မေမေ က အဲဒါနင်တို့ အဖေ နဲ့ လဖုန်းကျောင်း အတူတူ တက်ခဲ့တဲ့ သူငယ်ချင်း လို့ ပြောတယ်။  နင်တို့ အဖေ စကားသာ ပြောနေတာ မှတ်မိရဲ့လားတောင် မသိဘူးတဲ့။ ဖေဖေ ကတော့ သူထုံးစံ အတိုင်း ပြုံးစိစိ နဲ့ မှတ်မိပါတယ် လို့ ပြန်ပြောတယ်။ 
အဲဒီ လူကြီး က လဖုန်း ကျောင်းသားဟောင်းများ တွေ့ဆုံပွဲ အတွက် ဖေဖေ့ ဆီရောက်လာတာတဲ့။ သူယူလာတဲ့ ထဲမှာ လဖုန်းကျောင်းသားဟောင်း စာရင်း၊ လက်ရှိ အလုပ်၊ နေရပ် လိပ်စာ တွေ ရေးထားတဲ့ စာအုပ် တစ်အုပ် ပါ ပါလာတယ်။ 
အဲဒီ စာအုပ်ကို ကျွန်တော်တို့ ညီအစ်ကို တွေ လှန်လှောကြည့်ရင်း ဖေဖေ့ နာမည် ရှာကြတာပေါ့။ ဖေဖေ့ နာမည် တွေ့တော့ တခြား နာမည် တွေ ထပ် ဖတ်ကြပြန်ရော။ ဖေဖေ တို့ လဖုန်း ကျောင်းထွက် တွေထဲ မှာ ဖေဖေ့လို ဆရာဝန် တွေပါသလို စစ်တပ်က ဗိုလ်မှုးကြီး တွေလဲ တွေ့တယ်။ အဲဒီ ခေတ် က နဝတ ခေတ် ဗိုလ်ချုပ် ခေတ် ဖြစ်နေတော့ ဗိုလ်မှုးကြီး အဆင့်လောက်ကို သိပ် ထူးထူးခြားခြား လိုမမြင်တော့ဘူး။ ဆက်ဖတ်ကြရင်း တစ်နေရာ မှာ ထူးထူးခြားခြား မိုးလေဝသ နဲ့ ဇလဗေဒ ညွှန်ကြားရေးမှုးချုပ် ဦးထွန်းလွင်ဆိုတာ တွေ့ရတယ်။ အဲဒီ မှာ ကျွန်တော့် အစ်ကို စစ်ဗိုလ် က ဟင် ဖေဖေတို့ လဖုန်းကျောင်းထွက် တွေထဲ ဖြစ်ဖြစ်မြောက်မြောက် ဆိုလို့ ဦးထွန်းလွင် တစ်ယောက် ပါပါလားဆိုပြီး ပြောလို့ တအိမ်လုံး ဝိုင်းရီ ကြတယ်။ 
အဲဒီ စာအုပ် အိမ်မှာ မကြာကြာ တွေ့တိုင်းလဲ အဲဒီ အကြောင်းပြောပြီး ရီကြတယ်။  ဖေဖေ လဖုန်းကျောင်း တွေ့ဆုံ ပွဲ က ပြန်လာတော့လဲ ဦးထွန်းလွင်ရော  လာလားလို့ မေးကြသေးတယ် ထင်တာပဲ။ 

ဖေဖေ နဲ့ ဦးထွန်းလွင် နဲ့ဆိုရင် ဦးထွန်းလွင်ကငယ်မယ် ထင်တယ်။ ဖေဖေကတော့ သူ့ကို လဖုန်းကျောင်းတုန်းက မသိဘူးလို့ ပြောတာပဲ။
ဒီနေ့ ဦးထွန်းလွင် ကွယ်လွန် တဲ့ သတင်း ကြားတော့ အိမ်မှာ ဦးထွန်းလွင် နဲ့ ပတ်သတ်တဲ့ အဲဒီ အဖြစ်အပျက်လေး ခေါင်းထဲ ပေါ်လာတာနဲ့ ချရေးလိုက်တာ။ 

Friday, November 1, 2019

မေမေ့ မနက်စာ

မေမေ့ မနက်စာ

ဒီရက်ပိုင်း ထမင်း စားလို့ မကောင်း။ စားမကောင်းဘူးဆိုတာ နေမကောင်းလို့ ပါးစပ်ပျက်တာ မဟုတ်ဘဲ နေ့တိုင်းစားနေတဲ့ ဟင်းတွေ အပေါ် မကြိုက်တော့တာ၊ ငြီးငွေ့လာတာ။ ဒါနဲ့ နေ့တိုင်းစားနေရတဲ့ ပုံစံကို တွေးနေမိတယ်။ မနက်စာ ၊ အိမ်က လုပ်တဲ့ ဟာမဟုတ်ဘဲ အပြင်စာများတယ်။ ဒီနောက်ပိုင်းတော့ ဆီများတဲ့ ဟာမစားချင်တာနဲ့ မုန့်တီ၊ ခေါက်ဆွဲ မစားဖြစ်ဘဲ နံပြား လိပ်ခုတ် စားနေတာ တော်တော် ကြာပြီ။ မနက်စာ ကို မေမေ နဲ့ အတူတူနေတုန်းက မနက်စာတွေ ပြန်သတိရမိတယ်။ အိမ်မှာ ပုံမှန် မနက်စာ က ပဲပြုတ် နဲ့ ထမင်းကြော်ပဲ။ ပုသိမ်ကြီး မှာတုန်းက မနက်စောစော ပဲပြုတ်ကို ဖေဖေ က စျေးသွားရင်း နဲ့ ဝယ်လာတယ်။ မေမေ က အဲဒီ ပဲပြုတ်ကို ထမင်းကြမ်းနဲ့ ကြော်လိုက်တာပဲ။ အဲဒီ ထမင်းကြမ်း နဲ့ ပဲပြုတ်ကျော် ပူပူနွေးနွေး ကို မနက် မျက်နှာ သစ်ပြီးပြီးချင်း မောင်နှမ တွေ အတူတူ စားကြတယ်။ တခါတလေ ကြက်ဥ ကြော်၊ တခါတလေ ဖေဖေ စျေးက ဝယ်လာတဲ့ အ​ြေကာ်နဲ့ စားကြတယ်။  မေမေ က ကျွန်းလှ မပြောင်းခင်မှာ အိမ်မှာ ဖေဖေရယ် အဖွားရယ် နဲ့ ကျန်နေခဲ့မယ့် ကျွန်တော့်ကို ဟင်းချက် နည်းတွေ သင်ပေးတယ်။ မေမေ ကြော်တာက ထူးထူးခြားခြား မဟုတ်ဘူး၊ ကြက်သွန်နီ အနီကို ဆီအရင်သတ်လိုက်တယ်၊ ကြက်သွန်နီ တွေ ကို နီလာတဲ့ အထိ ဆီထဲ ထည့်ကျော်တယ်၊ ကျွတ်ပြီး တူးသွားတဲ့ အထိတော့ မဟုတ်ဘူး၊ ပြီးမှ ထမင်းရယ်၊ ပဲပြုတ်ရယ် ရောထည့်ပြီး ဒယ်အိုးထဲမှာ ဆား၊ အချိုမှုန့် ထည့်ပြီး နှံ့အောင် မွှေတာပဲ။   ကြက်သွန် နိုင်နိုင် နဲ့ဆီသတ် ထားတော့ ထမင်းအရသာ က အချိုဖက်ကိုကဲတယ်။  မောင်နှမ တွေ အတူတူ စားရင် အမကြီးက ပဲပြုတ်ထဲက အမဲလုံးတွေ ဖယ်စားတတ်တယ်။ ပဲပြုတ် ထမင်းကြော်ကို ကြိုက်လွန်းလို့ စင်ကာပူမှာနေတုန်းကလဲ ရေခဲ သေတ္တာထဲ ခဲထားတဲ့ ပဲပြုတ် နဲ့ မကြာမကြာ ကြော်စားတယ်၊ ရေခဲ သေတ္တာ ထဲ အကြာကြီး ခဲထားရတဲ့ ပဲပြုတ်ရယ်၊ ထိုင်း၊ တရုတ် ဆန် စီးစီးတွေရယ်ဆိုတော့ ဘယ်လိုမှ အဆင်မပြေ ပါဘူး။ ဒါတောင် စားဖူးတဲ့ သူငယ်ချင်းတွေ က တော်တော် စားကောင်းတယ် ပြောသေးတယ်။  မေမေ လုပ်တဲ့ နောက်ထမင်းကြော် တမျိုးက ခရမ်းချဥ်သီး ထမင်းကြော်၊ ထမင်း ကြမ်းကို ခရမ်းချဥ်သီး နုတ်နုတ်ဆင်းထားတာနဲ့ ရောကြော်လိုက်တာ၊ ဒါလဲ စားလို့ ကောင်းတာပဲ၊ အဲလို နေ့မျိုးဆို ထမင်းထဲက လိပ်နေတဲ့ ခရမ်းချဥ်သီး အဖတ် လေးတွေ ကိုဖယ်စားတယ်။ ကျွန်တော်တို့ အိမ်က မနက်စာစားတဲ ပန်းကန် ရယ်၊ မေ့လည်စာ ညစာ စားတဲ့ ပန်းကန်ရယ်ဆိုပြီး ခွဲထားတယ်။ မနက်တိုင်းထည့်စား ကြတဲ့ ပန်ုးကန် တွေက လောင်းလုံမှာ ရှင်ပြု အလှုလုပ်တုန်းက အလှုမှာ ကန်းတဲ့ ကြွေရေသုတ် ပန်းကန် တွေ၊ ၁၉၈၈ လောက်ကတည်းကနေ  တော်လျောက်သုံးလာကြတာ၊ တော်တော် ခံတယ်။ 
​နောက်ထမင်းကြော် တမျိုး ရှိသေးတယ်။ အဲဒါက မှ လုံးဣ ရိုးရှင်း။ ကြက်သွနိ အဖြူကို ဆီသတ်ပြီး ထမင်း ကြမ်း ကို အဖြူအတိုင်း လှိမ့်လိုက်တာ။ ကြက်သွန်ဖြူ အနံ့လေးမွှေးပြီး ဒီအတိုင်းစားရင်ကို စားလို့ အရမ်းကောင်းတယ်။ အဲလိုနေ့မျိုးဆိုရင် အကြော် ဒါမှမဟုတ် ကြက်ဥ မကျက် တကျက် ကြော် ပါတယ်။ မေမေ က ကြက်ဥ ကြော်ခါနီး မကျက်တကျက် လား အကျက် ကြော်မှာလားမေးတယ်။ အဲဒီတုန်းကတော့ သုံးတဲ့ ဆီကလည်း ပဲဆီ အစစ်မိုလို့ထင်တယ်။ ဘာမှ မပါဘဲ ကြက်သွန်ဖြူ ကြော်နဲ့လေးနဲ့ စားရတာကို တော်တော် ကောင်းတယ်။ တခါတလေ မေမေ က ဝက်အူချောင်း လေးတွေ ညှပ်ထပ်ပြီး ကြော်တယ်။ 
ထမင်းကြော် တွေ ထဲ မှာ နောက်တမျိုးကတော့ တရုတ် ထမင်းကြော် ပုံစံ၊ ကြာညို့ရယ်၊ အသီးအရွက် နည်းနည်းရယ်၊ ကြက်ဉကို ခလောက်ထည့်ထားတာရယ် နဲ ကြော်တာ။ မေမေ က ကြော်ပြီးတာနဲ့ ငရုတ်ကောင်း မှုန့်ဖြူးပြီး အဖုံးအုပ်ထားလိုက်တယ်။ အဲလို ထမင်းကြောယ် ကို စားလို့ အကောင်းဆုံးအချိန် က မေမေ နဲ့ မေမြို့မှာ လိုက်နေတဲ့ အချိန်ပဲ။ မေ မြို့ မနက် အေးအေးမှာ ငရုတ်ကောင်းနဲ့ သင်းပြီး အငွေ့ထောင်းထောင်း ထနေတဲ့ ထမင်းကြော် တစ်ပန်းကန်ရယ်၊ မေမေ ကိုယ်တိုင် နှပ်ပြီး ဖျော်ပေးတဲ့ ကော်ဖီ တခွက်ရယ်နဲ့ ကောင်းလိုက်ပုံများ အခုနေ တွေး အခုနေ စားချင်စိတ် ဖြစ်တယ်။ 
မေမေ က ထမင်းကိုအဲလို အမျိုးမျိုး ကြော်သလို ခေါက်ဆွဲ ကိုလဲ မနက်စာ အတွက် အမျိုးမျိုးလုပ်တယ်။ ကျွန်တော် တို့ မောင်နှမတွေ အကြိုက်ဆုံး ခေါက်ဆွဲ က ပဲငါးပိ ခေါက်ဆွဲ။ ကြက်ဥ ကို ခလောက်ပြီး အရင်ကြော်တယ်။ ပြီးရင် အပြားလေးတွေ ဖြစ်အောင် ညှပ်ပြီး ခရမ်းချဥ်သီးရယ်၊ ပဲငါးပိရယ် နဲ့ အရေ စပ်စပ် ချက်တယ်။ အဲဒီ အ
ည် ကို ခေါက်ဆွဲ သားပေါ် လောင်းထည့်၊ ငရုတ်သီး အကျက်မှုန့် ထည့်ပြီး စားရတာ။ အဲလိုနေ့မျိုးဆို ကျွန်တော် တို့ ညီအစ်ကို မနက်စာ ကို ခေါင်းမဖော်တမ်းစားကြတယ်။ တခါတလေ လဲ ကြက်သွန်ဖြူ ဆီချက် ချက်ထားပြီး ခေါက်ဆွဲသားပေါ် ဆီချက် စမ်း၊ အချိုမှုန့်၊ ပဲငံပြာရေ ထည့်၊ ခလောက်ကြော်ပြီး အပြားလေးတွေ ဖြစ်အောင် ညှပ်ထားတဲ့ ကြက်ဥ ကြော် ထည့်ပြီးစားရတဲ့ ဆီချက် ခေါက်ဆွဲ ကိုလဲ အားလုံး အရမ်းကြိုက်ကြတယ်။ အထူးသဖြင့် ဖေဖေ ပေါ့။ ဖေဖေ က ခေါက်ဆွဲတို့ ကြာဇံတို့လို အမျှင်ပါတဲ့ အစားအစာ တွေ အရမ်းကြိုက်တယ်။ အဲလို အချိန် စားရင် ရှူးရှူးရှဲရှဲ မည်အောင်ကို စားတာ။ 
မေမေ မနက်စာ အတွက် မုန့်တီ သုတ်လဲ ရှိသေးတယ်။ ခိုတောင် မုန့်တီလို ပုံစံ ပေါ့။ ဆီဝါရယ် ၊ အကွင်း ဘယာကျော်ရယ်နဲ့ သုတ်ပေး၊ မေမေကိုယ်တိုင် နယ်ပေးတာ။ အဲလို ရက်မျိုးဆိုလဲ စားလိုက်ကြတာ ဝက်ဝက်ကွဲပဲ။ မေမေ က ငါ့သားတွေက ငါဘာလုပ်ကြွေးကြွေး ကြိုက်ကြတယ် လို့ အမြဲ ပြောတယ်။ 
မေမေ ကျွန်းလှ ပြောင်းပြီးနေရတဲ့ အချိန် ဖေဖေ ရယ်၊ ကျွန်တော်ရယ်၊ အမေကြီးရယ်ပဲ အိမ်မှာကျန်ခဲ့တယ်။ အဲဒီတုန်းက ဖေဖေ က အိမ်နားက မုန့်ဟင်းခါးဆိုင်က ဟင်းရည် ဝယ်တယ်၊ ပြီးတော့ မှ အိမ်က ခေါက်ဆွဲကို ပြုတ်ပြီး ခေါက်ဆွဲ နဲ့ မုန့်ဟင်းခါး ဟင်းရည်နဲ့ စားတာ။ မုန့်ဟင်းခါး ဟင်းရည်ကို ခေါက်ဆွဲ နဲ့ စားရတာလဲ တမျိုးကောင်းတာပဲ။ တခါ က မိုးကုတ် က သူငယ်ချင်း အိမ်မှာ လာအိပ်တယ်။ မနက်ရောက်တော့ သူ့ကို အဲလို မုန့်ဟင်းခါး ကျွေးတော့ ဟန်မဆောင် နိုင်အောင် မျက်နှာပျက် ပြီး အပြင်မှာပဲ သွားစားရအောင်ပါကွာလို့ ပြောတာ မှတ်မိသေးတယ်။ နောက်မှ သူက ငါတို့က တောင်ပေါ်ကလာတာမိလို့ထင်တယ်တဲ့၊ ငါးမကြိုက်ဘူး၊ မုန့်ဟင်းခါးကို စားလို့မရဘူးလို့ ပြောတယ်။ သူ့အမြင်မှာတော့ ခေါက်ဆွဲဖတ်တွေနဲ့ မုန့်ဟင်းခါး က တော်တော် အမြင်ဆိုးနေမှာပေါ့။ 
ကျွန်တော် တို့ အိမ်ရဲ့ မပါမဖြစ် မနက်စာ အမယ်တမျိုးက လဘက်ရည်ပဲ။ မေမေ က မနက် နိုးပြီး မနက်စာ ပြင်တာနဲ့ လဘက်​ြေခာက် အချိုခြောက်ကို နှပ်ထားတယ်။ ကျွန်တော် တို့ နိုးလာပြီး မနက်စာ စားတော့မယ့် အချိန်ကြမှ ခရားတခုထဲ မှာ လဘက်ရည်ကို နို့ဆီ၊ နို့စိမ်းနဲ့ ဖျော်တယ်။ မေမေ့ရဲ့ မနက်စာ လဘက်ရည် က လဘက်ရည် ဆိုင်ကလို အကြာကြီး နှပ်ထားတာမဟုတ်တော့ အဖန် အရသာ ပေါ့ပေမယ့် ငယ်ငယ်ကတည်းကနေ သောက်လာခဲ့ရတာ မနက်စာ စားအပြီး အဲဒီ လဘက်ရည်လေး သောက်လိုက်ရမှ အာသာပြေတယ်။ စင်ကာပူ ရောက်ရောက်ချင်း မနက်လင်းရင် အဲလို လဘက်ရည် သောက်ချင်လို့ ကိုယ့်ဘာကို အချိုခြောက် ဝယ်ပြီး ဖျော်သောက်ခဲ့ရသေးတယ်။ မေမေ ကျွန်းလှပြောင်းတော့ မနက်စာ လဘက်ရည်ကို ဖေဖေ က တာဝန်ယူ ဖျော်တယ်။ ဖေဖေက နှပ်ထားတဲ့ လဘက်ခြောက်တွေကို တစ်ရက်စာ တစ်ခါ မလဲဘဲ သုံးလေးရက် ဆက်တိုက် နှပ်တော့ အရသာ ဘာမှ မရှိဖြစ်ပြီး အနံ့တောင် တမျိုးထွက် နေတယ်။ အဲဒါနဲ့ မေမေ့ဆီ စာရေးတော့ ဖေဖေကြီး ဖျော်တဲ့ ပုပ်အဲ့အဲ့ လဘက်ရည်လို့ ထည့်ရေးလိုက်တာ မေမေ သဘောကျ ပြီး ကြုံတိုင်း အဲဒီစကားလုံးပြောပြီး ရီတယ်။ 
မေမေ ရဲ့ မနက်စာ တွေက အပြင်ပန်း ကြည့်ရင် ဘာမှ မထူးခြားပေမယ့် အဲဒီ မနက်စာ တွေ လုပ်ဖို့ မေမေ က မနက်တိုင်း ၅ နာရီ ထရတယ်။ မနက် စာကို အပြင်ကနေ ဝယ်စားစရာ မလိုအောင် တရက်တမျိုး စီမံပေးတယ်။ ကျွန်တော် တို့ မောင်နှမ ၄ ယောက်လုံး အဲဒီ မနက်စာ တွေ ကို အဝ စား ၊ပြီးမှ ကျောင်းသွားကြတယ်။ ကြီးမှ မနက်စာကို အဝ စားတာက ကျန်းမာရေးနဲ့ တော်တော် ညီညွတ်ပြီး ကျန်းမာ ကြံ့ခိုင်ဖို့ အတွက် အထောက်အကူ ပြုတယ်လို့ သိရတယ်။ 
မေမေ့ မနက်စာ တွေမှာ မေမေ့ရဲ့ မေတ္တာတွေ၊ နွေးထွေးမှု တွေ၊ မနက်စောစော မိသားစု တွေ အတူတူ ဝိုင်းဖွဲ့စားရတဲ့  ရင်နှီးကြည်နူးမှု တွေ ပါတယ်။ မဆန်းပြားပေမယ့် ချစ်ခြင်း မေတ္တာတွေ ထုံလွှမ်းနေတဲ့  မေမေ့ မနက်စာလေးတွေ ကို အမြဲ သတိရလျက်။ 



Wednesday, October 23, 2019

မေ့မေ့ အမှတ် တရ

ဒီနှစ် ဆရာကန်တော့ပွဲ လာလိုက်တာ ငယ်ငယ်တုန်းက memory တွေ တန်းစီပြီး ပြန်ပေါ်လာတယ်။ အထူးသဖြင့် မေ့မေ့ကိုပေါ့။ မနစ်က ခွဲခါသွားတဲ့ မေ့မေ့ကို နေ့တိုင်း သတိရနေတုန်းပဲ။ သူငယ်ချင်း တို့လဲ ကိုယ်ရဲ့ မိဘ တွေကို ရှိနေတုန်းမှာ ဂရုစိုက်ကြပါ။ မေ့မေ့ကို သတိရလို့ မေမေ ဆုံးပြီးခါစ က ရေးထားဖြစ်တာလေး တင်လိုက်တယ်။

မေမေ မရှိတာ ခုဆိုရင် ၈ လရှိပြီ။ မေ့မေ့ အကြောင်းကို တစ်ခုခုရေးပြီး မှတ်တမ်းတင်ထားချင် ပေမယ့် ဆုံးပြီးတဲ့ အချိန် ကနေ ဘာမှရေးလို့ မရခဲ့၊ မေ့မေ့ နောက်ဆုံးအချိန် တွေပြန်င်ြမြင်ပီး ဝမ်းနည်းတဲ့စိတ်၊ သတိရတဲ့ စိတ်က ခုထိ ထိနိးလို့မရသေးဘူး။ မေမေ မဆုံးခင်ထိ ဆေးရုံဆိုတာ တစ်လ တစ်ခါလောက် တက်နေရတာ၊ နောက်ဆုံး အကြိမ် ဆေးရုံကဆင်းတော့ ကားပေါ် ကနေ ကိုယ့်လက်ကို ကိုင်ပြီး သားလေးမေမေ့ဆီ လာခဲ့အုံးနော် လို့ ပြောခဲ့တာ ကိုဂအခုအချိန်ထိ မနေ့တနေ့ကလို ပဲမြင်နေတုန်းပဲ။

ကိုယ်က အိမ်မှာ အငယ်ဆုံးသားဆိုတော့ မေမေ့ကို ကြီးတဲ့ထိ ချွဲနေတုန်း။ မေမေရဲ့ ငါ့သားလေး ညီရဲလေ ဆိုတဲ့ ခေါ်တဲ့ အသံ၊ တခါတလေ ကိုယ့်ခေါင်းကို ပွတ်ပြီး အမလေးငါမွေးခဲ့တဲ့ ငါ့သားလေး က ဒီခန္ဒာကိုယ်ကြီးတောင် ဖြစ်နေပြီလို့ ပြောတဲ့ အသံတွေနားထဲမှာ ကြားနေတုန်းပဲ။

မေမေ့ကို အစောဆုံး သတိရ ပြီးငိုမိတာက်ုယ့်အသက် ၆ နှစ်လောက်ကပဲ၊ မိတ္ထီလာက နေ တနင်္သာရီတိုင်းက ရေဖြူကို ပြောင်းရမယ်ဆိုတော့ မေမေ က မိသားစုတွေ မခေါ်ခင် ရေဖြူကိုအရင် တခေါက် သွားတယ်။ ၂ ပတ်လောက်ကြာတယ်ထ င်တာပဲ၊ အဲဒီတုန်းက မေမေကို လွမ်းပြီး ငိုဖူးတာ မှတိမိသေးတယ်။ ရေဖြူကိုဂရောက်တော့ မေမေ တခါ ဖောင်ကြီး ၆လ သွားတက်ရသေးတယ် ထင်တယ်။ အဲဒီတုန်းကလဲ အရမ်းလွမ်းပြီးငိုဖူးတယ်။ မေမေ ပြောပြဖူးတာကတော့ဂကိုယ်တို့ ငယ်ငယ် က ၂ နှစ် ၃ နှစ်အ ရွယ်ထင်ပါတယ်။ ရန်ကုန်ကို. ခေါ်သွားတော့ ဖေဖေ့ အမျိုးတွေ ရှိတဲ့ရန်ကုနိ အိမ်မှာ မေမေ့ကို မျက်စိအောက်က အပျောက် မခံဘဲ. မေမေ အိမ်သာတက်လဲ တခါးကိုထုပြီးငို၊ ရေချိုးလဲငို လုပ်ဖူးတယ်တဲ့။ ကိုယ်ရော၊ ကိုယ့်အမွှာအကိုရော၊

ရေ ဖြူ၊ လောင်းလုံမှာ နေရတဲ့ အချိန် မေမေရော၊ ဖေဖေ ပါ စိတ်ချမ်းသာတယ်၊ တမိသားစုလုံး ပျော်ကြတယ်။ ကိုယ်တို့ကို ရှင်ပြုတာလဲ လောင်းလုံမှာပဲ လုပ်တယ်။ လောင်းလုံ မှာ မေမေ ရော ကိုယ်တို့ မောင်နှမ ၄ ယောက် လုံးရော ထားဝယ်လိုပဲ ပြောကြတယ်။ ဖေဖေ ကတော့ ထာဝယ်လိုပြောတာ မကြိုက်ဘူး။ မင်းတို့ ဂွိဂွိ ဂွဂွတွေ မပြောနဲ့လို့ အမြဲပြောတယ်ေ လာင်းလုံကို ရောက်ပြီး ၃ ရက် အကြာမှာ မေအေနဲ့အတူနေ အစ်မ ၊ ဒေါ်ကြီး နှလုံးဖောက်ပြီး ဆုံးတယ်။ အဲဒါ ကိုယ့်အတွက် ပထမ ဆုံး အသုဘ အတွေ့အကြုံပဲ။ အဲဒီ တုန်းက အသက် က ၈ နှစ်။ ဒေါ်ကြီး ဆုံးတာ ည သန်းခေါင် လောက်ထင်တယ်။ မေမေ က ကိုယ်တို့ ညီအစ်ကို ကို မနှိုးပါဘူး။ မနက်ရောက် တော့ အိမ်မှာ လူသံတွေဆူနေတယ်။မနက် ၆ နာရီလောက်မှ မေမေ က သားတို့ ဒေါ်ကြီးဆုံးပြီလို့ ပြောပြီးငိုတယ်။ ကြားကြားခြင်း မေမေငိုတာ တွေ့လို့ထင်တယ် ၊ ကိုယ်လဲ လိုက်ငိုမိတယ်။ ဒေါ်ကြီး ဆုံးပြီးနောက် အိမ်မှာ အသက်အကြီးဆုံး မေမေ့ အမေ ပဲ ရှိတော့တယ်။ အဲဒီအရွယ်မှာ အဖွားတို့၊ အမေ၊အဖေ ဆုံးပါးသွားရင် ဆိုတာ မတွေးဖူးဘူး။ ငယ်သေးလို့ ထင်တယ်။ မေမေလောင်းလုံမှာ အကြီးအကျယ် အစာအိမ်နာသေးတယ်။ နှာခေ့ါင်းပိုက် က အစာထည့်ရ။ အစာအိမ် ထဲက အချဉ်တွေ စုပ်ထုပ်ရ နဲ့ ဖြစ်ဖူးတယ်။ အံ့သြဖို့ ကောင်းတာ အင်္ဂလိပ် ဆေး တော်တော် များများ နဲ့ မပျောက်တာ ဘုန်းကြီး တစ်ပါးရဲ့ ရက်ဆားနဲ့ ပျောက်သွားတယ်ေ လာင်းလုံ မှာ နေတုန်း တစ်ခါ မေမေ နဲ့ တူတူ မရင်းကြီးဆိုတဲ့ ရွာကို လိုက်သွားဖူးတယ်၊ လမ်းမှာ လသာသာ နဲ့ နွားလှည်းစီးလိုက် လမ်းလျောက်လိုက် လုပ်ပြီး ည မိုးချုပ် မှ အဲဒီရွာကို ရောက်တယ်။ အဲဒီရွာက အခု ထားဝယ် ရေနက် ဆိပ်ကမ်း လုပ်ထားတဲ့ နေရာ လို့ ကြီးမှ သိတယ်။ မနက်ကြတော့ ပင်လယ် ကမ်းစပ်ကို သွားလည်တော့ လှိုင်းတော်တော် ကြီးတယ် ၊ ကျောက်ဆောင် တွေကို လှိုင်းက တစ်ဝုန်းဝုန်းရိုက်နေတော့ အေနားမကပ်ရဲဘူး၊ အဲဒီတုန်းက ကိုယ့်ဖိနပ် တစ်ဖက် ရေထဲကို ကျသွားတာကို မေမေ က အနားက တုတ်နဲ့ ဆယ်ပေးဖူးတယ်။ အဲဒီတုန်းက အရမ်းစိတ်လှုပ်ရှား ခဲ့ရလို့ထင်တယ်၊ အဲဒီ အဖြစ်အပျက် ကို ကြီးတဲ့ အထိ ပြန်မြင်ျနတယ်။ လောင်းလုံ က အဖြစ်အပျက် တွေ ကြီးတဲ့ အထိ မေမေ နဲ့ ပြန်ပြော ဖြစ်တဲ့ အထဲ မှာ ငါးမုန့်ကြော် စားတဲ့ အကြောင်းလဲပါတယ်။ အဲဒီ က ငါးမုန့်ကြော်က အရမ်းစားကောင်းတော့ ကိုယ်တို့ အရမ်းကြိုက်ကြတယ်။ ကျောင်းပိတ်ရက် ဆို မေမေ့ကို ကြော်ခိုင်းတယ်။ တခါ က မေမေ က ငါးမုန့်ကြော်စားချင်ရင် မုန့်ဖိုးထဲက နေ ဆီဝယ်ပေးရမယ် ပြောလို့ ကိုယ်တို့ မောင်နှမ တွေ ဆီစု ဝယ်ပေးဖူးတယ်။ အဲဒီ မှာ နေတုန်းက မေမေ လစာ ထုတ်ရင် ဖမ်းမိတဲ့ မှောင်ခို ပစ္စည်းတွေ ခွဲတမ်းရတယ်။ အဲဒီ ခေတ် က ပစ္စည်း က ရှားပါးတော့ အဲလို ခွဲတန်းရမှ ဘီစကွတ်၊ ချောကလက်၊ ဝေဖာ တို့ စားရတယ်။ အဲဒီတုန်းက ဝေဖာရရင် အရမ်းပျော်တယ်၊ စတစ်ကာ ပုံလေးတွေပါ ပါလို့၊ အဲဒီ စတစ်ကာ ကပ်ထားတဲ့ သေတ္တာ ခုထိ ပုသိမ်ကြီး အိမ်မှာ ရှိသေးတယ်။ ျမမေ က မြေးတွေရတော့ သူ့မြေးတွေကို အဲဒီ သေတ္တာ ပြပြီး ဒါ ရဲရဲတို့ ငယ်ငယ်တုန်းက သေတ္တာလို့ ပြောတယ်။

လောင်းလုံကနေ မှ ၁၀ နှစ်အရွယ်မှာ မန္တလေးနဲ့ ကပ်ရပ် ပုသိမ်ကြီးကို ပြန်ပြောင်းရတယ်။ မန္တလေးကို ရောက်တော့ ပုသိမ်ကြီးမှာ နေဖို့ အိမ်မရခင် ကိုယ်တို့မိသားစု ဖေဖေ့ အဖေနဲ့ အမေ အိမ် ၈၁ လမိးမှာ ခဏနေရတယ်။ ပုသိမ်ကြီး မှာ အိမ်ငှားရ တော့ တစ်ရက် ပစ္စည်းတွေ အကုန် ရွှေကြတယိ။ ပစ္စည်းတွေ ရွှေပြီး မေမေက အဲဒီ အိမ်မှာပဲစောင့်နေခဲ့မယ်၊ မေမေ နဲ့ ဘယ်သူနေခဲ့မလဲ ပြောတာကို ကိုယ်တို့ညီအစါကို တွေ အားလုံး အဲဒီတုန်းက ဘယ်သူမှ မနေခဲ့ကြဘူး။ အဲဒီအိမ် က သေးပြီး မီးမရသေးလို့လား၊ ပစ္စည်းတွေနဲ့ ရှုပ်ပွနေလို့လား၊ ၈၁ လမ်းအိမ်လောက်မကောင်းလို့လားမသိဘူး။ မေမေ ကတော့ ဘယ်သူမှ မနေလဲ သူတစ်ယောက်တည်းပဲ အဲဒီအိမ်မှာ ပစ္စည်းတွေ ရွှေ့ရင်းတစ်ယောက်တည်းနေခဲ့တယ်။ အပြန် ကားပေါ်မှာ ဘာလို့ များ မေမေနဲ့ မနေခဲ့ရပါလိမ့်၊ မေမေ တစ်ယောက်တည်းဖြစ်ျနေ မှာပဲလို့ တွေးပြီး မျက်ရည် ဝဲနေဖူးတာ မှတ်မိနေတယ်။

ပုသိမ်ကြီး မှာ ငှားနေတဲ့ အိမ်က ကျဉ်းတော့ ကိုယ်တို့ မောင်နှမ လေးယောက် က အခန်းတစ်ခု မှာ ကုတင် တွေ တန်းစီ ပြီး အိပ်ရတယ်။ ဖေဖေ နဲ့ မေမေ က အခန်းရယ်လို့ မရှိဘူး၊ ဘီရို တွေကာထားတဲ့ နေရာမှာ ကုတင် နဲ့ အိပ်တယ်။ မနက်အစောဆို ကိုယ်တို့ တွေ အိပိရာက မထခင် ဖေဖေ နဲ့မေမေဂပြောနေတဲ့ စကားသံတွေကို အိပ်ရာထဲကနေဂနားထောင်ပြီး ဇိမ်နဲ့ မှေးနေဖူးတယိ။ အဲဒီလို ဖေဖေ နဲ့မေမေ မနက် အစော ပြောတဲ့ အသံတွေက နားထောင်လို့ အရမ်းကောင်းတယ်၊ ဘာတွေ ပြောနေမှန်းတော့ မသိပေမယ့် တခါတလေ လူနာတွေ အကြောင်း၊ ဆေး တွေ အကြောင်း ပြောနေကြတာပဲ၊ အဲဒီအချိန် ဆို ဖေဖေ က မေမေ့ကို စောလို့ခေါ်တယ်။ မေမေက ဖေ့ဖေ့ကို ကိုကြီး လို့. ခေါ်တယိ။အဲဒီအချိန် ပဲ မေမေနဲ့ ဖေဖေ မှာ နှစ်ကိုယ်ကြားပြောရတဲ့ အချိန် မိုလို့ထင်တယ်၊ အသံတွေက အရမ်းနူးညံ့တာပဲ။ အဲလို ပြောနေရင်းနဲ့မေမေ့ အမေ ၊ အမေကြီးရဲ့ ဘုရားရှသ်ခိုးသံလဲ ကြားရတယ်။ ပုသိမ်ကြီး အိမ်ရဲ့ မနက်ခင်း တော်တော် များများကို အဲလို နိုးလာတာများတယ်။ မေမေ ကတစ်ခါတစ်လေ ကိုယ်တို့ ညီအစ်ကိုကို လာနိုးတယ်။ သားလေးတွေ ထကြတော့လို့ ပြောသလို ရဲညီနောင် ထကြတော့လို့လဲ ပြောတတ်တယ်။ မေမေ. က အဲလို နှိုးရင်ူနဲ့ ကိုယ်တို့ကို နမ်းတယ်။ အဲဒီ အချိန် မေမေ့ကိုယ်က မီးဖိုချောင် နဲ့၊ ကြက်သွန် ဆီသတ်ထားတဲ့ အနံ့ အမြဲရတယ်။ မေမေ က မနက် ၅ နာရီလောက်ထ၊ တစ်အိမ်လုံးအတွက်. မနက်စာ၊ နေ့လည်စာပါ ပြင်ရတာကိုးေ မမေ လုပ်ပေးတဲ့ မနက်စာ က အရမ်းစားလို့ကောင်းတယ်။ ထူးထူးခြားခြားတော့ မဟုတ်ဘူး။ ပဲပြုတ် ထမင်းဂကျော်ရင်ကျော်၊ တခါတလေ ထမင်းကြမ်းကို ခရမ်းချဉ်သီးနဲ့ ကျော်တယ်၊ အဲလို နေ့မျိုးဆို ခရမ်းချဉ်သီး အဖတ်လေးတွေကို ကိုယ် ဖယ်စားတယ်။ အဲလို ခရမ်းချဉ်သီးထမင်းကြေညက်ကို စင်ကာပူ မှာ တစ်ယောက်ထဲ နေတုန်းက တခါ ကြော်စားကြည့်သေးတယ်။ မေမေ့ လိုတော့ စားမ ကောင်းပါဘူး။ မနက်စာထဲ မှာ ကိုယ်တို့ မောင်နှမ တွေ အရမ်းကြိုက်တဲ့ ခေါက်ဆွဲ တမျိုး ရှိသေးတယိ။

ကြက်ဥ မွှေပြီး ကြော်ထားတာကို ပဲငပိနဲ့ ချက်၊ ခေါက်ဆွဲ သားပေါ်ကို အဲဒီ ဟင်းအနှစ် တွေ ဆမ်း၊ ဆီချက်၊ ပဲငံပြာရည် ထည့်၊ ငရုတ်သီးမှုန့်ထည့်ပြီးစားရတာ။ အရေ ရွှရွှဲနဲ့၊ အဲလို နေ့မျိုးဆို ကိုယ်တို့ ခေါက်ဆွဲကိုဂအများကြီးစားလို့ နင်တို့ အဖေ နဲ့တူတယိ၊ ခေါက်ဆွဲဆို အရမ်းကြိုက်တယ် လို့ မေမေ က ပြောတယ်ပု သိမ်ကြီး မှာတုန်းက ညည ဆိုရင် တစ်ရက်ခြား တစ်ခါလောက်ကို ရှိမယ်၊ ဆေးရုံက အရေးပေါ်လူနာ ရောက်ရင် မေမေ့ကို လာခေါ်တယ်။ မေမေ က ည ၁ နာရီ ၂ နာရီလဲ လာခေါ်တဲ့ ဆေးရုံ အလုပ်သမား စက်ဘီးနောက် က လိုက်သွားတာပါပဲ။ တခါတလေ လဲ ဖေ ဖေက ဆိုင်ကယ်နဲ့ လိုက်ပို့တယ်ေ မမေ ပုသိမ်ကြီး ဆေးရုံမှာ အလုပ်အရမ်းလုပ်တယ်။ မေမေ က လူနာတွေနဲ့ ပတ်သတ်ရင် စိတ်ဆတ်တယ်။ တခါက ဆေးခန်း မှာ လာပြတဲ့ လူတစ်ယောက် က သူ့ကလေး ကိုနားမလည်ဘဲ ဆီးဆေးတွေ တိုက်လာလို့ ရှင်က ဘာလို့ ကလေး ကိုဒါတွေတိုက်ရတာလဲ ဆိုပြီး ပြောပြောဆိုဆို ခေါင်းခေါက်ပစ်လိုက်ဖူးတယ်။ လူနာရှင် က မေမေ့ကို လဲ လေးစား၊ သူ့အမှားလဲ ဖြစ်နေတော့ ဘာမှ မပြောပါဘူး။

အဲလိူနဲ့ ကိုယ်တို့ ၁၀ တန်းလောက်ရောက်တော့ မေမေ နဲ့ ဖေဖေ က ပုသိမ်ကြီးမှာပဲ မြေတစ်ကွက်ဝယ်ပြီး အိမ်ဆောက်တယ်။ အဲဒီ မြေကွက်ဝယ် အိမ်ဆောက်ဖို့ မေမေ နဲ့ ဖေဖေ တော်တော်ကြီး ဆွေးနွေးလိုက်ရသေးတယ်။ ဖေဖေ က တော့ သားသမီးတွေ ကြီးရင် တစ်နေရာစီ ထွက်သွားကြမှာပဲ တွေးသလား မသိဘူး။ အိမ်မဆောက်ချင်ဘူး။ မေမေ ကတော့ဒီမှာပဲ အခြေချချင်တယ်။ နောက်ဆုံးဆောက်ဖြစ်သွားပါတယ်။ ဆောက်တော့လဲ အိမ်ပုံစံ နဲ့ ပတ်သတ်ပြီး မေမေနဲ့ ဖေဖေ စကားများကြသေးတယ်။ ဖေဖေ က ရှေ့တစ်ခန်းကို ဆေးခန်း ဒါမှမဟုတ် ဆိုင်ခန်း ငှားမယ်ဆိုပြီး အုတ် နံရံကာတယ်၊ မေမေက မလုပ်ချင်ဘူး။ ဒါပေမယ့် နောက်ဆုံးမေမေ က သဘောတူလိုက်ပါတယ်။ အဲသည်အိမ်ပြီးတော့ မေမေ မနေရပါဘူး။ ကျွန်းလှဆိုတဲ့ မြို့ကို ပြောင်းရတယ်။ မေမေ က ကျွန်းလှ မှာလဲ တစ်ယောက်တည်း နေတာပါပဲ။ မေမေ နေတဲ့ ကျွန်းလှကိုလိုက်သွားဖူးတယ်။ တစ်ခါ နေရင် တစ်လ လောက်တော့ ကြာတယ်။ အဲဒီ အချိန်က ကိုယ် ၁၀ တန်းဂအောင်ပြီး အားနေတဲ့ အချိန်။ GTI တက်နေတုန်းလဲ လိုက်သွားဖူးတယ်။ မေမေ ပြောင်းရတဲ့ ကျွန်းလှ က မြို့သစ်လို ဖြစ်နေ တော့ ပထမ ဆုံးငှားနေရတဲ့ အိမ်က ထရံကာ သွပ်မိုးအိမ် သေးသေးလေး၊ နောက်ပြောင်းနေရတဲ့ အိမ်မှ နံကပ်တိုက်အိမ်လေး ဖြစ်သွားတယ်။ မေမေ့နားကို လိုက်နေတာ အများဆုံးက မောင်မှမ တွေထဲ မှာ ကိုယ် အများဆုံးပဲ။ အဲဒီအချိန် အမွှာအကိုကလဲ စစ်တက္ကသိုလ် တက်နေပြီ။

အကိုစစ် တက္ကသိုလ်စ တက်တော့ သူက လေတပိဆိုတော့ ရန်ကုန် မှာ ဆေးစစ်သွားရတယ်။ ဆေးစစ်ပြီး ဗိုလ်လောင်းတွေကို ရန်ကုန် ကနေ မန္တလေး ကတဆငိ့ဂရထားနဲ့ ပို့တယ်။ အဲဒီကနေ မှ မေမြို့ စစ်တက္ကသိုလ်ကို ပို့တယ်။ ကိုရဲတို့ မေမြို့ မပို့ခင်ဂမန္တလေး ဘူတာကြီးရောက်တော့ မေမေနဲ့ ဖဗဖသွားတွေ့ကြတယ်။ မေမေ တို့ အိမ်ပြန်ရောက်တော့ ကိုယ်က နေ့လည်ခင်း အိပ်နေတယ်။ မေမေ့ ငိုသံ ကြားတော့ မှ နိုးလာပြီး မေမေဘာဖြသ်လို့ငိုတာလဲ ဖေဖေ နဲ့ ရန်ဖြစ်လို့လား လို့ သွားမေးတယ်။ မေမေ က နောက်ပိုင်း အဲဒီ အကြောင်းကို ရီရီ မောမော နဲ့ ကိုရဲ ပြန်လာရင် ပြန်ပြောလေ့ ရှိတယ်။ ကိုယ်ဆယ်တန်း တုန်းက စစ်အင်ဂျင်နီယာ တက်မယ်လို့ အမြဲပြောတယ်၊ ကိုရဲ ကတော့ ဘာမှ မပြောဘူး၊ သူနဲ့ တွဲတဲ့သူငယ်ချင်းတွေကလဲ တပ်ထဲ က တွေပဲဆိုတော့ သူက တော့ DSA ပဲ မှန်းတယ်တူပါတယိ။ အောင်စာရင်း ထွက်တော့ ကိုယ့်အမှတ် က စက်မှု တက္ကသိူလ် မှီတယ်၊ ကိုရဲ ကတော့ မမှီဘူး။ ကိုရဲက သူ စစ်တက္ကသိူလ် လျောက်ချင်တယ် ပြောတော့ မေမေ က ကိုယ်တို့ ၈ တန်းတုန်းက ဆရာမ တစ်ယောက် ဆီက အဆက်အသွယ်ရတော့ ရန်ကုန် မင်္ဂလာဒုံက ဗိုလ်ရွေး လေ့ကျင့်ပေးတဲ့ သင်တန်းကို သွားကြတယိ။ အစကတော့ ညီအစ်ကို ၂ ယောက်လုံး တက်မလို့ဘဲ။ အဲဒီ သင်တန်း က အပြန် မှာ ကိုယ့်ဖိနပ် တစ်ဖက် ပျောက်သွားတယ်။ အဲဒါကို စိတ်တိုပြီး မတက်တော့ဘူးလို့ ပြောလိုက်တယ်။ ဒါနဲ့ ကိုရဲ တစ်ယောက်ပဲ ရန်ကုနိ ကအမျိုး အိမ်မှာ နေပြီး သင်တန်း တက်ဖို့ ကျန်ခဲ့တယ်။ မေမေ နဲ့ကိုယ်ကတော့ မန္တလေး ကို ပြန်လာကြတယ်။ အဲဒီ တုန်းက ရထားပေါ်မှာ ကြမ်းပိုးတွေ ကိုက်တာခံရသေးတယိ။

ကိုရဲ ဒေါက်တက် ပွဲကိုဂတမိသားစုလုံးသွားကြတယ်။ ပျော်ဖို့ အရမ်းကောင်းတယ်။ ဖေဖေ့ကို ဓာတ်ပုံရိုက်တဲ့ အချိန်ဂအားလုံးဝိုင်းစကြလို့ အားလုံးရီ နေတဲ့ ဓာတ်ပုံ ရှိသေးတယ်။

မေမေ ကျွန်းလှ ကနေ ဇီးပင်ကြီးကို ပြောင်းရတယ်။ ဇီးပင်ကြီး ကိုလဲ လိုက်နေတယ်။ မေမေ ပြောင်းရတဲ့ နေရာတွေကို လိုက်နေတာ မောင်နှမ တွေထဲ ကိုယိအများဆုံးပဲ။ ဇီးပင်ကြီး မှာလဲ မေမေ တစ်ယောက်တည်းပါပဲ။ဖေဖေ့ကို လိုက်မနေလို့ ကိုယ်တို့မောင်နှမ တွေ အပြစ်မြင်ကြတယ်။ မေမေ ကတော့ ဖေဖေ့ကိုဂအတင်းကြီးလိုက်နေဖို့ တိုက်တွန်းတာ မတွေ့ရပါဘူး။ မေမေ က တကယ်တော့ ကျွန်းလှ ပြောငိးတဲ့ အချိန်ကနေ ပင်စင်ယူတဲ့ အချိန်ထိ တစ်ယောက်တည်းနေခဲ့တာပါပဲ။ကိုယ်တို့ မောင်နှမ တွေ က အားတဲ့သူ သွားနေပေး ပေါ့။ မေမေ မေမြို့မှာ ဆေးရုံအုပ်ကြီး ဖြစ်တဲ့အချိန် မေမြို့ဆေးရုံနားမှာပဲ ဆေးရုံအုပ်တွေ အစဉ်အဆက်နေခဲ့တဲ့ ကိုလိုနီခေတ် အိမ်ကြီးမှာ နေရတယ်။ ကိုယ် စင်ကာပူမထွက်ခင် ၂ နှစ်လောက် က အဲဒီအိမ် မှာမေမေ နဲ့တူတူနေခဲ့တယ်။ အဲသည် အိမ် အကြီးကြီးမှာ ဘယ်သူမှ လာမနေနိုင်တဲ့ အချိန် မေမေ တစ်ယောက်တည်း နေတာပဲ။ မေမေ က ကျန်းမာရေး အရမ်းကောင်းတယ်။ ဖျားတာနာတာ မရှိသလောက်ဘဲ။ လောင်းလုံမှာ အစာအိမ် အကြီးအကျယ် တခါ ဖြစ်ဖူးတာကလွဲ ပြီးနောက်ပိုင်း ကြီးကြီးကျယ်ကျယ် ဘာမှ မဖြစ်ဘူး။ မေေ့ကို အဲသည် အချိန် ကျန်းမာရေး နဲ့ပတ်သတ်လို့ ဘယ်သူမှ စိတ်မပူကြဘူး။ ကိုယ် စင်ကာပူထွက် သွားတဲ့အချိန် မေမေ က မေမြို့ မှာ တစ်ယောက်တည်း၊ ဖေဖေ က ပုသိမ်ကြီးမှာ တစ်ယောက်တည်း နေကြတယ်။ ဖေဖေ က သူ့ ပုသိမ်ကြီး အိမ်ကနေ ဘယ်မှ မသွားဘူး။ မေမေ ပင်စင်ယူခါနီးမှ မေမြို့ မှာ ခဏ လိုက်နေတယ်။ မေမေ က အရမ်းသွက်လက်တယ်၊ လမ်းလျောက်တာ၊ အလုပ်လုပ်တာ အရမ်းမြန်တယ်။ မေမေ့ကို သူ့အမေလိုပဲ အသက် ၉၀ ကျော်ထိ နေရမယ် ထင်ထားတာ။

စင်ကာပူ ရောက်ရောက်ချင်း မေမေ နဲ့ မေမြို့ အိမ်ကနေ email အပြန်အလှန်ပို့ခဲ့တာတွေ ရှိတယ်။ မေမေ ကို email ပို့နည်း၊ ဓာတ်ပုံပို့နည်းတွေ သင်ပေးခဲ့တာကို မေမေကြိုးစားပြီးတော့ သင်ယူတယ်။

ကိုယ် စင်ကာပူမှာ master ဘွဲ့ရတော့ မေမေ လာတယ်။ အဲဒီ ကနေ တဆင့်မှ မမမြိုင် ရှိတဲ့ ဂျပန် ကိုဆက်သွားတယ်။ အဲဒီ တုန်း က မေမေ့ကို ကြာကြာနေစေချင်တာ။ ဂျပနိ မသွားခင်တစ်ပတ်၊ ဂျပန်က အပြန် ၁၀ ရက်လောက်ဘဲ စင်ကာပူမှာ နေသွားတယ်။ မေမေ စင်ကာပူ မှာ ရောက်ရောက်ခြင်း luggage ကို ဓာတ်လှေကားနဲ့ တင်သွားတော့. ငါ့သားလေး ကိုရဲ ခင်မျာတော့ မေမေ့အိတ်ကို ပုခုန်းပေါ် ထမ်းပြီး တက်သွားရရှာတယ်. ဆိုပြီး. သတိတရ ပြောတယ်။

မေမေ့ကို အဲဒီတုန်းက နေရာ အများကြီးတောင်မ ပို့လိုက်ရပါဘူး။ မေမေ့ကို ကိုယ် ဦးဂိုအင်ကာ တရားစခန်းဝင်တဲ့ အကြေညင်းပြောတော့ မေမေ သဘောကျနေတယိ၊စိတ်ချမ်းသာ နေတယ် ဆိုတာ သိတယ်။ မေမေ က စာရေး ဝါသနာ ပါတယိ။ သူ့ ဘဝ အကြောင်းရေးထားတာ တွေ ရှိတယ်။ ကိုယ် blog မှာ စာစရေးတော့ အရမ်း သဘောကျတယ်။ ဦးဂိုအင်ကာ တရးစခန်း အကြောင်းရေးထားတာဆို သူ့မိတ် ဆွေတွေကို ပါ ပြုပီး သားလေး ညီရဲ ရေးထားတာလို့ ပြောရတာ အမော။ ခုလို မေမေ့ အကြောင်းတွေ ရေးထာတာ မေမေ သိရင် သဘောကျ နေအုန်းမှာ မြင်ယောင်ျနေတယ်။

မင်္ဂလာ မဆောင်ခင် တစ်ခေါက် ပုသိမ်ကြီး အိမ်ကနေ စင်ကာပူ ပြန်ခါနီးတော့ မေမေ ငိုတယ်။ ငါ့သားလေး က နောပ်တခေါက် ပြန်လာရင် မေမေတို့ အိမ်ကို ပြန်လာတော့မှာ မဟုတ်ဘူးဆိုပြီး ငိုတယ်။ မေမေ့က သားသမီးတွေ နဲ့ ပတ်သတ်ရင် အမြဲ စိတ်ခံစားမှု များတယ်။ အဲဒါလဲ မေမေ့ မှာ စကားပြောစရာ၊ တိုင်ပင်စရာဆိုလို့ ဒီသားသမီးတွေပဲ ရှိလို့ထင်တယ်။ ဖေဖေ နဲ့က နောက်ပိုင်း စကား အပြောအဆို အရမ်းနည်းသွားတယ်။ တသက်လုံးတူတူနေလာတဲ့ မေမေ့ အမေကြတော့လဲ မေမေ့ကို နိုင်ချင်တယ်။ အမေကြီး က မဆုံးခင်အ ထိ အိမ်မှာ ပူညံ့ ပူညံလုပ်တယ်၊ မေမေ့ကို စကားနာထိုးတယ်၊ အဲလို ပုံစံ နေသွားတာ။ အဲဒီ တော့ မေမေ့ပတ်ဝန်းကျင် မှာ ကိုယ်တို့ မောင်နှမ တွေကိုပဲ သူ့ မိတ်ဆွေတွေလို သဘောထား ပုံရတယ်။

မေ မေပင်စင်ယူပြီးတော့ တရားစခန်း တွေ ဆက်တိုက်ဆိုသလို ဝင်တယ်။ ကိုရဲ နဲ့ ကျိုက်ထီးရိုး ကို သွားလိုက်သေးတယ်။ 2012 မှာ ကိုယ်စင်ကာပူ ကနေ အပြီးုပန်လာတယ်။ ရောက်ပြီး သိပ်မကြာဘူး၊ မေမေ ဆေးရုံတက်ရတယ်။ တကိရတာက မေမေ ခါးနာနေတာ မပျောက်လို့ဆိုပြီး မေမေ့ သူငယ်ချင်း ဆရာဝန် တွေက အရိုးဆေးရုံတင်ပေးပြီး လိုအပ်တာ စစ်လိုက်ုကတာ။ အဲဒီ မှာ multiple milloma ဆိုတဲ့ဂရောဂါ၊ မြနိမာလိုဆိုရင် ရိုးတွင်းချင်ဆီ ကင်ဆာ ဖြစ်ပြီဆိုတာ သိလိုက်ရတယ်။

စဖြစ်ခါစ က မေမေ သွားနိုင်လာနိုင်စားနိုင်ပဲ၊ လူကောင်းလိုပဲ၊ ဆေးတွေ သောက်ရတာ ပဲ ရှိတယ်။ ဒါပေမယ့် တဖြေးဖြေး နဲ့ မေမေ့ အခြေအနေ ယိုယွင်းလာတာပါပဲ။

ဖေဖေ ဆုံးတဲ့ အချိန် 2015 အထိ မေမေ့ ကျန်းမာရေး က အရမ်း အဆိုးကြီးမဟုတိသေးဘူး။ ဖေဖေ ဆုံးတဲ့နေ့က ကိုယ်က လဲ ရန်ကုန် ရောက်ျနေတယ်၊ အကိုကြီးကလဲ မေမြို့မှာ။ အိမ်မှာ ဖေဖေ နဲ့ မေမေ ရယ်။ ဖေဖေ့ ညီမရယ် ပဲ ရှိတယ်။ ဖေဗဖ့ကို ဆေးရုံပို့တဲ့အချိန် မေမေ တစ်ခါဖုန်းဆက်တယ်။ ခဏနေ တခါဆက်တယ်။ ဖေဖေကြီးတော့ expire ဖြစ်နိုင်တဲ့ အခြေအနေ ဖြစ်နေပြီဆိုတာ ပြောတယ်။ ခဏနေတော့ ဆုံးသွားပြီဆိုတဲ့ ဖုန်းဝင်လာတာပဲ။ အဲဒီနေ့က ရန်ကုန်ကနေ မောငိးပြန်လာတာ ညနေ စောင်းမှ ပုသိမ်ကြီးအိမ်ရောက်တော့တယ်။ ဖေဖေ့နာရေး မှာ အသုဘ ချမယ့်နေ့ မနက်အစော ဖေ့ဖေ့ကို မိသားစု တွေ ကန်တော့ကြတော့ မေမေ က ကိုကြီးကို ကာယကံ ၊ဝဇီကံ၊ မနောကံ နဲ့ပစ်မှား မိသမျှ ခွင့်လွှတ်ပါ ဆိုပြီး ကန်တော့တယ်၊ အဲဒီ အချိန် မှာ တချက် ရှိုက်လိုက်တာပဲ တွေ့ရတယ်။ မေမေ ကတော့ ငါက အရင်သွားရမှာ နင်တို့ အဖေ က အရင်သွားလိုက်ပြီလို့ပြောတယ်။ အဲဒီနောက်ပိုင်း တဖြေးဖြေး နဲ့ပိုဆိုးလာတာပါပဲ။ ၂၀၁၆ လောက်မှာ မေမေအသည်းအသန် ဖြစ်လို့ဆေးရုံတက်တဲ့အချိန် အခြေအနေ တော်တော်ဆိုးတယ်။ အရမ်းမောပြီး ကယောင်ကတန်း တွေပြောတယ်။ အဲဒီတုန်းက ဒီရောဂါရဲ့နောက်ဆုံးအဆင့်ရောက်ပြီလို့ထင်ခဲ့တယ်။ ဒီရောဂါ က နောက်ဆုံးခန္ဓာကိုယ် မှာ ကယ်စီယံ ဓာတ်တွေ အရမ်းများပြီး သတိမေ့တာ၊ သတိလက်လွတ် ဖြစ်တာတွေ ဖြစ်တတ်ဆယ်လို့ သိထားတာကိုး။ အဲဒါပြီးတော့ မေနေနေုပန်ကောင်းလာတယ်။ မေမေ မောပြီး ကယောက်ကတမ်း ပြောတဲ့ အကြောင်းကို နေကောင်းလာတော့ ပြောပြတဲ့အချိန် အဲဒီအချိန် သေသွားလဲ ဘာမှ သိလိုက်မှာ မဟုတ်ဘူးလို့ပြောတယ်။ မေမေ က သူ့အခြေအနေ ၊ သူ့ အချိန် ကို ကောင်းကောင်းသိပုံပါပဲ။ အဲဒါပြီးတော့ သိပ်မကြာဘူး၊ မေမေ ဆေးရုံဆင်းခါစ မှာ လဲကြပြီးခြေထောက်ကြိုးပြန်တယ်။ မေမေ့ကို အဲဒီ အချိန် ကြည့်ရတာ အသနားဆုံးနဲ့ ဝမ်းအနည်းဆုံးပဲ။ ငါ့မှာ မုဆိုးမ ဖြစ်တဲ့ အပြင် ခြေထောက်က ြက်ုးပြန်တယ်၊ ဆိုးလိုက်တဲ့ ကံလို့ ဆေးရုံပေါ်မှာ မျက်ရည် ကျပြီးပြောတယ်။ အဲဒီ အချိန် ကနေ မေမေဆုံးတဲ့ အထိ လမ်းမလျောက်နိုင်တော့တာပဲ။ တွန်းလှည်းပေါ်ကနေပဲ နေနိုင်တော့တယ်။

မေမေ က ဆေးရုံတက်နေတုန်း သူ့ကို သွားကြည့်ရင်ကို ငါ့သားလေး လုပ်စရာ ရှိရင် သွားလေ လို့ ပြောတတ်တယ်။ တခါ ဆေးရုံ ပေါ်မှာ အသည်း အသန် ဖြစ်နေတုန်း ကို ကိုယ့်ဆီဖုန်းဆက်ပြီး ကိုရဲ. တရုတ် သွားရင် ကုတ်အင်္ကျီ ငှားဖို့ ဖုန်းဆက်ပြောလို့ မေမေ့ကို စိတ်ဆိုးပြီး မေမေကလဲ ဘာလို့ ပြောနေရတာလဲ၊ သူ့ဘာသူ ပြောလိမ့်မပေါ့ လို့ ပြန်ပြောဖူးသေးတယ်။

မေမေ ရဲ့ နောက်ဆုံး. အကြိမ်ဆေးရုံတက်ရတော့ မေမေ နေရတာ တော်ေျတာ်ဂမသက်မသာ ဖြစ်နေပြီ။ ကိုယ် ကတော့ ဒီလောက် မသိသေးဘူး။ နောက်မှ သိရတာ မေမေ က အဲဒီ အကြိမ်ဆေးရုံတက်ပြီးတော့ ဂျပန် က မမ မြိုင်ကိုလဲ လာဖို့ ခေါ်တယ် သိရတယ်။ ခါတိုင်း ဆို မမမြိုင်လာမယ်ဆိုရင်တောင် မလာနဲ့ မေမေ ဘာမှ မဖြစ်ဘူးလို့ ပြောနေကြ။ ကိုယ့်ကိုလဲ ဆေးရုံဆင်းတဲ့ မနက် မှာ ငါ့သားလေး မေမေ့ဆီလာအုန်းနော် လို့ ပြောသွားတယ်။

အဲဒါ ပြီးတော့ ကိုယ်ရန်ကုန် သွားနေတာ တစ်ပတ်လောက်ကြာတယ်။ မေမေ နေမကောင်းဘူး၊ ပုသိမ်ကြီး အိမ်မှာပဲဆိုတာ တော့ သိတယ်။ ဆုံးမယ့်နေ့ မတိုင်ခင် ၂ ရက် က မေမေ ထမင်းမစားနိုင်ဘူးဆိုလို့ ခိုင်ခိုင်ကျော်ကနေ ငါးကြော် ဝယ်သွားတယ်။ မေမေ မစားနိုင်ပါဘူး။ စကားပြောနိုင်တယ်။ တစ်ရက် အလို ကိုယ်မနက်ပိုင်းရောက်သွားတော့ မေမေ က ပြုံးပြုံးရွှင်ရွှင် နဲ့ မေမေ စားနိုငတယ်။ မမမြိုင် ခေါင်းလျောက်ပေးထားတာ ဆံပင်တွေကို နုနေတာပဲ လို့ ပြုံးပြီးပြောတယ်။ အဲဒီ နေ့က မေမေ နဲ့ စကားေုပြာရတာ နောက်ဆုံးအကြိမ်ပဲ။ မေမေ နဲ့ပြောနေကြ အကြောင်းတွေက ဝင့်အိန္ဒြာတို့၊ ပူးပူးတို့ အကြောင်းတွေ များပါတယ်။ မေမေ ကလဲ ကိုယ်မသိသေးတဲ့ ရဲပူတူးတို့၊ သဲပူတူးတို့ အကြောင်းတွေ ပြန်ပြောတယ်။ ဆုံးမယ့်နေ့က ကိုကိုကြီး မနက် ၈နာရီလောက်ဖုန်းဆက်တယ်၊ မေမေ အထြေအနေမကောင်းဘူး၊ pressure ကျနေတယ်၊ ပြန်လဲ တက်မလာဘူးလို့ ပြောတယ်။ ကိုယ် မေမေ့ဆီ ရောက်သွားတော့ မေမေ ညည်းနေတယ်။ မေမေ ညီရဲလာပြီလို့ ပြောပြီး မေမေ့ လက်ကိုဂကိုင်ထားတယ်၊ ကိုကိုကြီးက မေမေ့ကျောကို ပွတ်ပေးနေလိုက်လို့ပြောလို့ ပွတ်ပေးနေတယိ။ pressure တိုင်း၊ oxygen တိုင်းတာ တက်မလာလို့ pressure တိုင်းတာ ပျက်တယ်ထင်ပြီး ဓာတ်ခဲတွေ သွားဝယ်တယ်။ မထူးပါဘူး။ ကိုရဲ ဆီဖုန်းဆက်ပြီး အကျိုးအကြောင်းပြောပြီး လာဖို့ ပြောတယ်။ သိပ်မကြာဘူး၊ မေမေ အသက်ရှူတာတွေ မြန်လာတယ်။ သတိလစ်တယ်ဆိုတာဂမသိသေးဘူး။ မေမေ စကားပြနိမပြောနိုင်အောင် ဝေဒနာ ခံစားနေရတယ် လို့ပဲသိတယ်။ ကိုကိုကြီးကတော့ မညည်း နိုင်တော့လို့ မညည်းတော့တာလို့ ပြောတယ်။

နေ့လည် ရောက်တော့ မေမေ့ကို ဒီအတိုင်းပဲ ထားမှာလားပြောလ်ု့ကိုကိုကြီးက ဒေါက်တာ ပါပါ့ဆီကိုဂဖုန်းဆက်တယ်။ ဒေါကတာဂပါပါရဲ့ဂတပည့် ၂ ယောက်ဂရောက်လာပြီး ဆေးထိုးတာ ၊ သွေးချိန်တာ လုပ်ပေးတယ်။ မေမေ့ကို ဒီတိုင်း ဝေဒနာဂခံစားနေရတာ မကြည့်ရက်လို့ ဆေးရုံတင်မလားဂတိုင်ပင်ကြသေးတယ်။ ကိုကိုကြီးကတော့ဂမင်းတို့ သဘောလို့ပဲ ပြောတယ်။ ပြီးမှဂသိရတာကို မနက်ကတည်းက မေမေ့အသိ ဆရာဝန် တစ်ယောက်လာကြည့်ပြီး ဒီနေ့ မကျော်ဘူးလို့ ပြောသွားပြီးပြီတဲ့။ မေမေ့ကို မကြည့်ရက်လို့ အိမ်နားက လဘက်ရည်ဆိုင် သွားထိုင်နေလိုက်တယ်။ ညနေ ၄ နာရီလောက် ဝေယံမင်း က လဘက်ရည်ဆိုင်လိုက်လာပြီး ရဲရဲ ဖွားဖွားစော ဆုံးသွားပြီလို့ လာပြောတယ်။ မေမေ့ ရဲ့ လက်ဖဝါးလေး ကိုကိုင်ပြီး ကိုယ် ပြင်းပြင်းထန်ထန် ငိုမိတယ်။

မေမေ့ အသုဘ ကျမှပဲ ကိုယ် ရက်လည် တဲ့ နေ့အထိ ပုသိမ်ကြီး အိမ် မှာ နေဖြစ်တယိ။ မေမေ က သူ့ အသုဘ အတွက် ဘယ်လို ဟင်းနဲ့ ဆွမ်းကပ်၊ ဘာအျင်္ကီ ဝတ်ပေး က အစဂသေးစိတ် တွေ စာရေး ခဲ့တယ် ပြောတယ်။

မေ မေ့ဆုံးတော့ဂအသက် ရ၁ နှစ်၊ ဖေဖေ က ၇၂ နှစ်။ မေမေ က သားသမီး ၄ ယောက်လုံးကိုအရမ်းကြင်ကြင်နာနာနဲ့ ခှစ်တတ်တယ်။ နာမည် ခေါ်တာက အစ မီးငယ်လေး၊ ညီရဲလေး၊ ကိုရဲလေး၊ ကိုထူးလေး လို့ ခေါ်တယ်။ မြေး တွေ အပေါ်လဲ ချစ်တာပါပဲ။ မေမေ ကဖေဖေ့ကိုယ်လဲ အမြဲဟာသ လုပ်တယ်။ သားသမီး တွေ မြေးတွေ စုံရင် ဖေဖေ့ကို အမြဲ ရီစရာ လုပ်ပြောတတ်တယ်။

မေမေ ဒီရောဂါ စဖြစ်ကတည်းက ဒီလို ခွဲခါသွားမယ်ဆိုတာ မျှော်လင့် ပြီးသားပါ။ မေမေ ဆုံးတဲ့ဂနေ့က ဝင့်အိနန္ဒြာလေး မွေးနေ့ဖြစ်နေတော့ အဲဒီနေ့ရောက်တိုင်း ကိုယ့်မှာ ခဲံစားချက် က ၂ မျိုးဖြစ်နေတော့မှာ။ ကိုယ်အလုပ်လုပ်တဲ့ နေရာကလဲ ဆေးရုံကြီးဆိုတော့ အဲဒီနားက ဖြတ်သွားတိုင်း မေမေဂတက်တဲ့ အဆောင်ကို ငေးကြည့်မိတုန်းပဲ။ ကိုယ့်အိမ် ကိုဂနောက်တစ်ထပ်စတက် တော့ ဒီ အိမ်ပြီးသွားရင် မေမေ့ဆေးရုံတက်နေတုနိး ဟင်းချက်ဂပို့မယ်လို့ စဉ်းစားထားတာ အခုတော့ ပို့လို့မရတော့ဘူး။ မေမေ့ ရက်လည် မှာ အရမ်းဝမ်းနည်းလွန်းလို့ဂနောက်ဘဝ ကျရင်လဲ မေမေ့သားပဲ လုပ်ချင်တယ် လို့ ဆုတောင်း မိတာ မတရားများ ဖြစ်မလားမသိဘူး။ မေမေရှိတော့မှ မေမေ ရှိနေတဲ့အချိန် တွေတုန်းက မေေ့အနား အမြဲ ရှိမနေတာကို အရမ်းစိတ်မကောင်းဖြစ်ရတယ်။

သမီးငယ် တော်အိန္ဒြေရဲမင်း ၄ နှစ်ပြည့် အမှတ်တရ

သမီးငယ် တော်အိနြေ္ဒရဲမင်း ၄ နှစ်ပြည့် အမှတ်တရ။

သမီးငယ် လေး ပူးပူး ၄ နှစ်ပြည့် မွေးနေ့ သမီးကြီး တုန်းကလိုပဲ အမှတ်တရ စာလေး တစ်ပုဒ် ရေးပေးအုံးမယ်။ သမီး မမ တုန်းကလို သမီး လေးကို ပါးပါးတို့ plan လုပ်ပြီး conceive ဖြစ်ခဲ့တာတော့မဟုတ်ဘူး။ ပါးပါးတို့ မထင်ထားတဲ့ အချိန် မှာ သမီးလေး က မားမား ဗိုက်ထဲရောက်လာတာ။ ဒါပေမယ့် သမီးလေး မားမား ဗိုက်ထဲ စရောက်တဲ့ နေရာ ရော၊ ရက်ကိုရော ပါးပါး မှတိမိ တယ်။ သမီးလေးကို ပါးပါးတို့ စရာတာက ပါးပါးတို့ အလုပ်အတွက် ရန်ကုန် မှာ ငှားထားတဲ့ သင်္ကန်းကျွန်းက တိုက်ခန်း မှာ။ အဲဒီ တိုက်ခန်းက ထူးထူးခြားခြား လို့ ပြော
လောက်အောင် ရန်ကုန် အနေအထားနဲ့ဆို တော်တော် ကြီးတယ်။ ၃၅  ၆၅ ပေ တောင်ရှိတာဆိုတော့ တိုက်ခန်း အကျယ်ကြီးပေါ့။ အဲဒီ တိုက်ခန်းကို ပါးပါး အလုပ်ကိစ္စနဲ့ မကြာမကြာ သွားရတယ် ၊ အဲလို သွားရင် သမီးလေး မားမားရော၊ သမီး မမကြီးရော လိုက်လာတတ်တယ်။ အဲလို သွားတဲ့ တခေါက် မှာ သမီးလေးက ပါးပါးတို့ ဘဝ ထဲရောက်လာတာပဲ။
သမီးလေး လေး ဗိုက်ထဲ မှာ ရှိနေတဲ့ အချိန် ပါးပါးတို့ မှာ သမီးကြီး တစ်ယောက် ရထားပြီး ဖြစ်ပေမယ့် ပါးပါးကတော့ နောက်ကလေးကို ယောက်ကျာ်းလေး ဖြစ်ရင် ကောင်းမှာလို့ မတွေးမိတော့ဘူး။ သမီး မမ ကြီးက အဲဒီတုန်းက ၂ နှစ်ခွဲ ကျော်ကျော် ၊ အရမ်းချစ်စရာ ကောင်းတဲ့ အရွယ်လေးလေ၊ ပါးပါး စိတ်ထဲ မှာ သမီး မမကြီးလို မိန်းကလေး တစ်ယောက် ထပ် ရရင် ကောင်းမှာလို့ပဲ တွေးမိတော့တယ်။
သမီးလေးကိုယ်ဝန်ကို  မန္တလေး ဗဟို အမျိုးသမီးဆေးရုံကြီးက ဒေါက်တာ ကြည်ကြည်ညွှန့် နဲ့ ပြတယ်။ သမီးလေး ကိုယ်ဝန် ၁၀ ပတ်လောက်မှာ မမ တုန်းကလိုပဲ down syndrome test စစ်ဖို့ လုပ်တယ်။ ပါးပါးတို့ စုံစမ်းကြည့်တော့ ရန်ကုန် ပန်းလှိုင် ဆေးရုံမှာ စစ်လို့ရတယ် ဆိုလို့ ရန်ကုန်ကို သွားကြတယ်။ သမီး မမ ကြီး ကြူးကြူးလေးလဲ လိုက်လာတယ်။ စစ်တာကတော့ ထုံးစံ အတိုင်း မားမားကို သွေးစစ်တယ်၊ ultra sound ရိုက်ပြီး သမီးလေးရဲ့ နှာနုရိုးကို တိုင်းတယ်။
နှာနုရိုးကို တိုင်းတာက ultrasound မှာ မြင်ရတဲ့ သမီးလေးကို computer screen ပေါ်ကပဲ mouse နဲ့ ဆွဲပြီးတိုင်းတာဆိုတော့ ပါးပါးစိတ်ထဲမယ် mouse ကိုင်တာ လွဲချော်ရင် result လဲ လွဲ နိုင်တယ်လို့ တွေးမိသေးတယ်။ အဲလို ပန်းလှိုငိမှာ စစ်ပြီး သမီး မမကြီးကိုတောင် ပါးပါး တို့က သူ ရန်ကုနိရောင်တိုင်း သွားချင်တဲ့ Zoo ကို လိုက်ပို့ပေးလိုက်သေးတယ်။ result ကတော့ ၂ ပတ်လောက်ကြာမယ် ပြောတယ်၊ ပါးပါးတို့လဲ မမကြီးတုန်းကလဲ စစ်တာ ချောချော ချူချုဆိုတော့ စိတ်သိပ်မပူပါဘူး။
သမီး ကို down syndrome test စစ်ပြီး result စောင့်နေတဲ့ အချိန် မှာ ပါးပါး စင်ကာပူကို အလုပ်ကိစ္စ နဲ့ ခဏ သွားဖို့ဖြစ်လာတယ်။ အဲဒီအချိန် က သမီး ဖွားဖွား က Logan လေး မွေးလို့ စင်ကာပူ မှာရောက်နေတယ်။ အဲဒါ နဲ့ သမီး မမ ဝင့်အိနြ္ဒာလေး ပါးပါး နဲ့ စင်ကာပူလိုက်လာဖို့ ဖြစ်လာတယ်။ အဲဒီတုန်းက ဝင့်အိနြ္ဒာလေး က ၂ နှစ်ကျော်ကျော် ပဲ ရှိသေးတယ်၊ သမီး မားမားနဲ့ တခါမှ ခွဲဖူးတာမဟုတ်ဘူး၊ လေယဉ်ပေါ် မှာ ဂျီကျ လိုက်ပုံများ၊ လေယဉ် တစီးလုံး သူ့ငိုသံတွေချည်းပဲ၊ သူ က နားအူတယ် ထင်ပါတယ်။ အဲဒါကို မပြောတတ်တော့ စိတ်တွေတို ပါးပါးမျက် နှာကို သူ့လက်သည်းတွေနဲ့ကုပ်နဲ့၊ စင်ကာပူလေဆိပ် လဲရောက်ရော ပါးပါး မျက်နှာမှာ သူ့ လက်သည်းရာတွေ ချည်းပဲ။ စင်ကာပူမှာ ပါးပါးတို့ တစ်ပတ်လောက်ကြာတယ်။ မန္တလေး ပြန်ရောက်ပြီး မကြာဘူး ပန်းလှိုင်ဆေးရုံက သမီးရဲ့ down syndrome test result ရပြီဆိုပြီးဖုန်းဆက်တယ်။ e-mail ပို့ပေးပါ လို့ ပြောလိုက်တော့ email ထဲ ဝင်လာတယ်။ result ကြည့်ကြည့်ချင်း ပါးပါး ကိုယ့်မျက်လုံးကို ကိုယ်မယုံနိုင်ဘူး။ result က ဖြစ်နိုင်ခြေ အချိုးနဲ့ ပြတာ။ ဖြစ်နိုင်ခြေအချိုးက 1:2 ဖြစ်နေတယ်။ 1:2 ဆိုတာ လူ၂ ယောက်မှာ 1 ယောက် ဖြစ်နိုင်တဲ့ အချိုးလေ။ သမီး အမတုန်းက 1:2000 ကျော်ပဲ၊ low risk လို့သတ်မှတ်တယ်။
 ပူထူသွားပြီး သမီး ဦးလေး ဦးထွန်းထွန်း ဆီ ဖုန်းတန်းဆက်တာပဲ။ သမီးဦးလေးကတော့ အရမ်းစိတ်မပူဖို့၊ ဂဏန်းအရ ဖြစ်နိုင်ချေ များပေမယ့် ဖြစ်ချင်မှ ဖြစ်တဲ့ အကြောင်း OG နဲ့ တိုင်ပင်ဖို့ ပြောတယ်။ ပါးပါးလဲ ချက်ချင်း ပဲ Internet ကနေ Down syndrome test အကြောင်း ရှာဖတ်တော့တာပဲ။ ဖတ်ရင်းနဲ့ သိလာရတာက ultrasound နဲ့ blood test result အရ high risk ဖြစ်ပေမယ့် ဖြစ်မယ်လို့ တရားသေ မပြောနိုင်ကြောင်း၊ နောက်ထပ် test တမျိုးဖြစ်တဲ့ သားအိမ် ရေမွှာထဲက အရည်ကို ယူပြီးစစ်တာက မှ Yes No အတိအကျ ထွက်နိုင်ကြောင်း သိလာတယ်။ ညနေ ခင်း OG ဆရာဝန် မကြီး ဆီ result သွားပြတော့လဲ ဆရာမကြီးက နောက်ထပ် test တစ်ခု နဲ့ confirm ထပ်လုပ်ဖို့ အကြံပေးတာပဲ။ လုပ်လို့ရတာက ထိုင်း နဲ့ စင်ကာပူ တစ်ခုခု မှာ လုပ်လို့ရတယ်လို့ ပြောလိုက်တယ်။
ပါးပါးရော သမီး မားမားရော အဲဒီ အချိန် ဖြစ်သွားတဲ့ ဖိအား ခံစားမှူက တစ်သက်မှာ တခါဆိုသလို မှတ်မှတ်ရရပဲ။
ဒါနဲ့ ပါးပါး လဲ စင်ကာပူက KK women and children hospital ရော၊ NUH ရော fetal care department တွေကို website ကနေ ကြည့်ပြီး ဆရာဝန် တွေနဲ့ appointment လှမ်းလုပ်ရတယ်။ အဲဒီ တုန်းက စင်ကာပူသွားရင် Visa လျောကိရတော့ Visa ရဖို့ စောင့်နေရသေးတယ်။ နောက်ဆုံး Visa ရတဲ့ ရက် နဲ့ အဆင်ပြေတဲ့ NUH မှာပဲ စစ်ဖို့ လုပ်လိုက်တယ်။ ဒီကြားထဲ မှာ သမီးလေး အတွက် ဗေဒင်သွားမေးလိုက်တာက တပူပေါ် နှစ်ပူဆင့် ဖြစ်သွားသေးတယ်။ ဗေဒင်ဆရာက ဒီကလေးက ထူးခြားမယ်၊ တစ်ခုခု အပိုပါလာမယ် လို့ ဟောလိုက်တာကိုး။ ပါးပ်ါး စာဖတ် ထားတဲ့ အသိအရ down syndrome ဆိုတာ chromosone တစ်ခု အပိုပါတယ် လို့သိထားတာလေ။ အဲတော့ ဗေဒင်ဆရာက ဘယ်လိုပဲ ဒီကိုယ်ဝန် က ချောချော မွေ့မွေ့ဖြစ်မယ် ပြောပြော၊ အဲဒီ အပိုပါမယ်ဆိုတာ ကို စိတ်ထဲ စွဲနေတော့တာပဲ။
ပါးပါး မားမား စင်ကာပူရောက်ပြီး နောက်တစ်ရက်မှာပဲ NUH ကို သွားစစ်ရတယ်။ စစ်တဲ့အခန်းကို ပါးပါးလဲ ဝင်ကြည့်လို့ရတယ်။ သမီး မားမားရဲ့ သားအိမ် ထဲက ရေမွှာရည်ကို ယူဖို့ ဆရာဝန်ကြီးက ultra sound နဲ့ ကြည့်ကတည်းက ဒီကလေးက အကုန်ကောင်းနေတာပဲ၊ ဘာလို့များဒီလို result ထုတ်ပေးလိုက်တာလဲ လို့ပြောသေးတယ်။ မစစ်ခင် မှာ ဒီ test ကြောင့် ကိုယ်ဝန် ပျက်နိ်ုင်တယ် ဆိုတာ ကို သိပါတယ်ဆိုတဲ့ အကြောင်းသဘောတူ လက်မှတ်ထိုးရသေးတယ်။ ဒီ test ကြောင့် အခန့်မသင့်ရင် ကိုယ်ဝန်ပျက် ကြနိုင်တယ်၊ ကလေး မှာ ကိုယ်လက်အင်္ဂါ တခုခု ချို့ယွင်းနိုင်တယ်ဆိုတာ ပါးပါးက စာဖတ်ထားလို့ သိပြီးသားပါ။ ဒါပေမယ့်အဲလို ဖြစ်တာတွေက အရင်တုန်းက ဖြစ်တာ အခုနောက်ပိုင်း မှာ ဖြစ်နိုင်ခြေ အရမ်းနည်းသွားပြီ ဆိုတာ လဲ ဖတ်ထားရတော့ အရမ်းစိတ်မပူပါဘူး။
သမီး မားမား ရဲ့ ရေမွှာထဲက အရည်ကို ဗိုက်ကို အပ်နဲ့ ထိုးပြီးစုပ်ယူရတယ်။ အဲလို ယူပြီးတော့ result ကို ပုံမှန် ဆိုရင် တစ်ပတ် ကြာမယ်၊ rapid testing လားမသိဘူးသူတိူ့ ခေါ်တာ၊ အမြန် ဆိုရင် ၂ ရက်အတွင်း ရမယ်ဆိုလို့ ပါးပါးတို့လဲ အမြန် ပဲ စစ်မယ်လို့ ပြောလိုက်တယ်။ စစ်ခကတော့ ပိုပေးရတာပေါ့။
NUH က တက္ကသိူလ် ဆေးရုံဖြစ်လို့ သူတို့ဆီ မှာ Down syndrome test စစ်တဲ့ မိဘ တွေရဲ့ stress level ကို သာတေသန လုပ်နေတဲ့ လုပ်ငန်း တစ်ခု ရှိတယိ။ နောင်တချိန်ကြရင် ဒီလို result ကို စောင့်ရတဲ့ အတွက် မိဘ တွေ stress မများအောင် နာရီပိုင်း အတွင်းအဖြေ ထွက်အောင် သူတို့ သုတေသန လုပ်နေတာ ရှိတယ်တဲ့၊ အဲဒီ သုတေသန အတွက် သမီးမားမားရဲ့ ရေမြွှာ အရည်ကို ဆေးရုံကို လှုမလားမေးတော့ ပါးပါးတို့လဲ လှုမယ်လို့ သဘောတူလိုက်တယ်။ ဒီ အလှုက သမီးလေး မားမား ဗိုက်ထဲ မှာကတည်းက လှုဖြစ်တဲ့ အလှုလို့ ပြောလို့ရတာပေါ့။
Result သိရမယ့် ရက်က ပါးပါး နဲ့ မားမား မနက် ကတည်းက ဆေးရုံကို သွားစောင့်နေကြတယ်။ ဆေးရုံရဲ့ reception က လူနာနာမည် တွေ အော်ခေါ်တာကိုပါးပါးတိူ့နားထဲ သမီး မားမား နာမည် ပဲ ခေါ်တယ်လို့ ကြားနေတဲ့အထိ ပါးပါးရော မားမာူပါ အရမ်း စိတ်လှုပ်ရှားပြီး ဖိအားများခဲ့တယ်။
အဲဒီ က nurse တစ်ယောက်က ပါးပါးတို့ကို ကြည့်ပြီး သနားလို့ထင်တယ်၊ စိတ်အေးအေးထားပြီး အိမ်ကပဲ ပြန်စောင့်ပါ၊ result ထွက်ထွက်ချင်း ဖုန်းဆက် ပါမယ် ပြောတာနဲ့  ပါးပါးတို့လဲ ဦးထွန်းထွန်းတို့ အိမ် ကို ပြန်လာစောင့် ခဲ့ကြတယ်။ နောက်ရက် မနက် မှ result က သိတယ်။ အဲဒီ nurse ပဲ ပါးပါးဖုန်းကို ဆက်တယ်။ သူ ပြောတဲ့ စကားလုံးအတိအကျကို ခုထိ ပါးပ်း မှတ်မိနေသေးတယ်။ " we got your result already, your baby is ok " လို့ ပြောတယ်။ ပါးပါးရော မားမားရော ဝမ်းသာ သွားလိုက်တာများ၊  ပထမ ဆုံး သမီး ဦးလေး ဦးထွန်းထွန်ကို ဆက်တယ်၊ ပြီးတာနဲ့ သမီး ဖိုးဖိုး ဖွားဖွားတွေကိုဆက်တယ်။   အဲဒါ ပြီးမှပဲ ပါးပါးရော မားမားပါ ရီရီမောမော ဖြစ်တော့တယ်။ စင်ကာပူက မပြန်ခင် သမီး အတွက်ရော၊ သမီး မမ အတွက်ရော iKea က ပစ္စည်းတွေဝယ်၊ အရုပ်တွေ ဝယ်နဲ့ shopping ထွက်နိုင်တော့တယ်။
သမီး လေး ကိုယ်ဝန် ၇ လလောက်မှာ ပါးပါးရဲ့ အဖေ သမီးရဲ့ ဖိုးဖိုး ချွန် ဆုံးတယ်။သမီးလေးကို ဖိုးဖိုးချွန်က မြင်မသွားလိုက်ရဘူး။ သူ သာ ရှိနေသေးရင် သမီးလေးကို အရမ်းချစ် မှာပဲ။
သမီးလေးကို မြတ်သုခ မှာပဲ မွေးဖို့စီစဉ်လိုက်တယ်။ သမီး မမကြီးတုန်းက လိုပဲ မွေးခန်းထဲ ဝင်လို့ရမလား ပါးပါးက OG ဆရာဝန်မကြီးကိုမေးတယ်။ သူက တော့ အပြင်ဆေးခန်းဆိုတော့ ဆေးရုံအုပ်ကို သွားပြောပါဆိုတာနဲ့ သွားပြောလိုက်တယ်။ ဆေးရုံအုပ် က ခွင့်ပြုလိုက်တယ်။ သမီးလေးကို မွေးမယ့် ရက်ကို ပါးပါးတို့ ဗေဒင် မေးထားသေးတယ်။ ၁၉ ရက်နေ့ မနက် ၆ နာရီ ခွဲ မွေးပါလို့ ဆရာကြီး ဘုတလင် ထွန်းလင်း က ပြောတယ်။ ဒါပေမယ့် သမီး မမ တုန်းကလဲ စောပြီးမွေးသွားတော့ ပါးပါးတို့လဲ သိပ်ပြီး အာရုံမစိုက် မိပါဘူး၊ သမီးလေး ကံအတိုင်းပဲ မွေးချင်တဲ့ ရက် မွေး လာလိမ့်မယ်လို့ပဲ သဘောထားလိုက်တယ်။ သမီးလေးက ဗေဒင် ကဟောတဲ့အတိုင်းပဲ အဲဒီအချိန်ကို ကွက်တိ မွေးလာခဲ့တယ်။ သမီးလေး မွေးမယ့်ရက် မနက် ၆ နာရီလောက်ကတည်းက မားမား က ခွဲစိတ်ကုတင်ပေါ်ရောက်နေပြီ။ ပါးပါးလဲ ခွဲစိတ်ခန်း ဝတ်စုံဝတ်ပြီး လိုက်ဝင်တာပေါ့။ ကလေး ဗိုက်ခွဲမွေးတာကို ပါးပါး မြင်ဖူးတာ သမီးမွေးတဲ့အချိန် က ပါးပါး အတွက် ဒုတိယ အကြိမ်ပဲ။ ပထမ အကြိမ်တုန်းက ပွးပါး အသက် ၁၃ နှစ်လောက်၊ သမီး ဖွားဖွား ပါးပါးရဲ့ မေမေ က သူ့လူနာ တစ်ယောက် ဗိုက်ခွဲမွေးတာကို ခေါ်ပြလို့ တခါ ကြည့်ဖူးတယ်။ သမီးလေးကို မွေးပေးတဲ့ ဆရာဝန် တွေ က တော့ ဒေါက်တာ ကြည်ကြည်ညွန့် ခေါင်းဆောင် တဲ့အဖွဲ့ပေါ့။ သမီးလေး မွေးလာရင် ကလေးကောက်ဖို့ ကလေးဆရာဝန် မကြီးက ဒေါက်တာ ဒေါ်အေးအေးမြင့်၊ ဒါပေမယ့် အဲဒီနေ့ က သူမအားလို့ သူ့လက်ထောက် ဆရာဝန် တစ်ယောက် ကလေး လာကောက်ပေးတယ်။ သမီး မားမားရဲ့ ဗိုက်ကို ခွဲ ပြီး ၁၅ မိနစ်လောက်ပဲ ကြာတယ်။ သမီးလေးရဲ့ ခေါင်း မားမား ဗိုက်ထဲက ထွက်လာတယ်။ အဲလို ထွက်လာကတည်း က သမီးလေး စပြီး အော်ငိုတော့တာပဲ။ ဆရာဝန် မကြီးကတောင် အသံကတော့ အောင်တယ်ဟေ့၊ အဆိုတော် ဖြစ်မယ့် ကလေးလေးပဲလို့ သမီးကို ဗိုက်ထဲက ဆွဲ မထုတ်ခင် ပြောသေးတယ်။ သမီးလေးကို ဗိုက်ထဲက ဆွဲထုတ်ပြီး ကလေးဆရာဝန် လက်ထဲအပ်လိုက်တယ်။ ကလေးဆရာဝန်က သမီးကို သန့်ရှင်းရေး လုပ်ပေး၊ နှာခေါင်းနဲ့ ပါးစပ်တွေထဲကို သန့်ရှင်းရေး လုပ်ပေးတယ်။ အဲဒီ အဖြစ်အပျက် တွေ ကို အစအဆုံး ပါးပါး ဖုန်းနဲ့ video ရိုက်ယူထားလိုက်တယ်။ ခွဲခန်းထဲကနေ video call ခေါ်ပြီး စင်ကာပူက သမီးအန်တီ သီတာအေးကိုတောင် ခေါ်ပြီး ပြလိုက်သေးတယ်။
အားလုံး ချောချော မွေ့မွေ့ပါပဲ။ သမီး လေးရော၊ မားမားရော ဆေးရုံ အခန်းထဲကို ပြန်ရောက်ပြီး သိပ်မကြာဘူး၊ ပါးပါးရဲ့ အကိုကြီး ပါးပါးထူး ရောက်လာပြီး သမီးလေးကို ကြည့်တယ်။
ဆေးရုံမှာ ၅ ရက်လောက် ကြာမယ် ထင်တယ်။ မှတ်မှတ်ရရ ဖြစ်စရာ တစ်ခုက သမီး မွေးတဲ့ အချိန်က ၂၀၁၅ ရွေးကောက်ပွဲ အတွက် ပါးပါး တို့ အဖွဲ့တွေ လှုပ်ရှားနေတဲ့ အချိန်၊ ဆေးရုံစောင့်ရင်း နဲ့ကို ပါးပါး ကားပေါ် အသင့်ပါတဲ့ ရွေးကောက်ပွဲ Sticker တွေကို လာယူတဲ့ သူတွေကို ဝေပေးလိုက်သေးတယ်။  ပါးပါးမိတ်ဆွေ ကိုတင်နွယ်ဦးကဆို သမီးကို ရွေးကောက်ပွဲ ကာလ မွေးတဲ့ သမီးလေးဆိုပြီး ခုထိ ပြောနေတုန်း ပဲ။
သမီးလေး တစ်ရက် သားလောက် မှာ ညစောင့်တဲ့ nurse က နို့ဘူးတွေ ဖျော်တိုက်တယ်။ နောက်ရက် သမီးလေး ငိုနေတဲ့ အချိန် နို့ဘူးဖျော် တဲ့ ဇွန်းသံ ကြားတာနဲ့ အငိုရပ်ပြီး မျက်လုံးလေး ဖွင့်ကြည့်တာကို ပါးပါး မှတ်မိနေတုန်းပဲ။ သမီး မမကြီး ဝင့်အိနြ္ဒာ က မနက် ၁၀ နာရီလောက်ရောက်လာပြီး သမီးလေးကို လာကြည့်တယ်။ အိမ်ပြန်ရောက်တော့လဲ သမီး မမ က သမီး အနားက မခွာတော့ဘူး၊ ပါးပါးတို့ရဲ့ ဘုရားခန်း မှာ မားမားရော ၊ သမီးလေးရော အခန်းထဲ မရွှေ့ခင် ၁၀ ရက်လောက်နေတယ်။ သမီး မမကြီးက အိမ်အောက်ထပ်ကို မဆင်းတော့ဘဲ သမီးလေး အနားမှာပဲ နေနေတယ်။
သမီး အလှည့်ကျတော့ ပါးပါးတို့ အတွေ့အကြုံ ရှိသွားတာရော၊ သမီး ကရော ည မငိုတတ်တော့ ပါးပါးတို့ ညအိပ်ရေး မပျက်လိုက်ဘူး။ ပါးပါး အမေ သမီး ဖွားဖွားကဆို သမီးလေး ကို သူတော်ကောင်း ကလေးလေး နေမှာ၊ မိဘ ကို ငယ်ငယ်ကတည်းက ဒုက္ခမပေးဘူးလို့ ပြောတယ်။
သမီးလေး က မမကြီး နဲ့ ယှဉ်ရင် ကံကောင်းတယ် ဆိုရမယ်။  ငယ်ငယ် ကတည်းက အခု ၄ နှစ်အရွယ်ထိ နေမကောင်းတာ မဖြစ်သလောက်ဘဲ၊ ပြီးတော့ သမီးကို အရမ်းချစ်တဲ့ သမီးလေးရဲ့ ဌေးဌေး လည်း အဲဒီအချိန်ကတည်းကနေ အခုထိ မပြန်တော့ဘဲ သမီးလေး ကို ထိန်းလာတာ။
သမီးလေး ရဲ့ မွေးနေ့ မှာ မမွေးခင်ရယ်၊ မွေးတုန်းက အဖြစ်အပျက်လေးတွေရယ်ကို ပါးပါးက မှတ်တမ်းတင်ထားချင်လို့ ဒီ post ကိုရေးလိုက်တာ၊ သမီးစာစဖတ် တဲ့ အရွယ်ရောက်ရင် ဖတ်လို့ရတာပေါ့။

သမီးလေး ၄ နှစ်ပြည့်မွေးနေ့ကစပြီး  ကိုယ်ချမ်းသာ စိတ်ချမ်းသာ နဲ့ မွေးနေ့တိုင်းကို ဖြတ်သန်းနိုင်ပါစေ။

သမီး ဝင့်အိ​ြ န္ဒာရဲမင်း ၇ နှစ်ပြည့် အမှတ်တရ။

သမီး ဝင့်အိ​ြ န္ဒာရဲမင်း ၇ နှစ်ပြည့် အမှတ်တရ။

မနေ့ က သမီးလေး မွေးနေ့၊ သမီး မွေးနေ့ အမှတ်တရ စာတစ်ပုဒ် လောက် ရေးကြည့်အုံးမယ်။ သမီးလေးကို ကိုယ်ဝန် ရခဲ့တာ ပါးပါးတို့ စင်ကာပူမှာ တုန်းက။ အဲဒါ မပြောခင် သမီး ပါးပါး မားမား ခေါ်တာကို အရင် ပြောပြ အုံးမယ်။ သမီး စကားစ ပြောတတ်ခါစ က ပါးပါးကို ဘားဘား ဆိုပြီစခေါ်တယ်၊ အဲဒီကနေ မှ သမီး အမေ က သမီး ပါးပါးကြီး ပါးပါးကြီးဆိုပြီး စနောက်ရင်းကနေ သမီးလဲ ပါးပါး မားမား စ ခေါ်ဖြစ်သွားတာ၊ တကယ်တော့ ပါးပါး မှ တရုတ် သွေးက တမတမတ် ပဲပါတယ်၊ ကြီးလာတာ့လဲ သမီးလေး ခေါ်တဲ့ ပါးပါး မားမား ကနားဝင်ချို နေ တော့ ခေါ်ပါစေ ဆိုပြီး ဒီတိုင်းထားလိုက်တာပဲ၊ အဲဒီကနေ သမီး ညီမလေး အလှည့်ကျတော့လဲ ဒီတိုင်းပဲ ဖြစ်သွားတာ။ နောက်ပိုင်းတော့လဲ သမီးက အင်္ဂလိပ်လို့ ပြောရင် daddy လို့ သမီးဘာသာ စခေါ်တယ်။
သမီး ကိုယ်ဝန် ရှိတဲ့ အချိန် ပြန်ပြောကြအုံးစို့၊ သမီးလေး ကိုယ်ဝန် မရှိခင် က ကိုယ်ဝန် နဲ့ ပတ်သတ် တဲ့ အင်တာနက် က စာတွေကို ပါးပါး စဖတ်တယ်၊ ဖုန်းထဲမှာလဲ ovaluation calendar ဆိုတာမျိုး application တွေ ထည့်ထားတယ်၊ ဒါကြောင့် သမီးကို conceive ဖြစ်တဲ့ ရက် ၊ အချိန် ကအစ ပါးပါး မှတ်မိနေတာပေါ့၊ စင်ကာပူ မှာနေတုန်းက ပါးပါး ဘာသာရေး တော်တော် လုပ်ဖြစ်တယ်၊ သမီး မားမား အဲဒီ အခေါက် စင်ကာပူမှာ လာနေတယ်၊ ကိုယ်ဝန် ယူမယ်လို့ ဆုံးဖြတ် ပြီးကတည်းက ညတိုင်း ပဌန်း အရှည်ကို ရွတ်တယ်။ ပဌန်း ရွတ်ရင် နတ်တွေ လာနားထောင်တယ်၊ လို့ ယုံကြည်တာကိုး။ ပါးပါး အတွေးထဲ မှာတော့ အဲလို လာနားထောငတဲ့ အထဲက နတ်သတ်ကြွေ တဲ့ နတ်တပါးပါး သမီးဂမားမားဂဗိုက်ထဲ ဝင်စား ပါစေ လို့ဆုတောင်းနေတာပေါ့။ သမီးကိုယ်ဝန် ရတဲ့ ရက် က ပါးပါး နဲ့ မားမား က စင်ကာပူက bird park ကို သွားလည် ကြသေးတယ်။ အဲဒီ တော့ ပါးပါး ဖတ်ဖူးတဲ့ စာအူပ်တွေထဲကလို သမီးလေးများ bird park ထဲကနေ လိုက်လာသလား တွေးဖူးသေးတယ်။ သမီးလေး ကိုယ်ဝန် ရတော့ ပါးပါးက ယေင်္ကျားလေးလို့ထင်နေတာ၊ ဘာလို့လဲဆိုတော့ ဗေဒင် ဆရာ တစ်ယောက် ကလဲ ယောင်္ကျားလေးလို့ ဟောဖူးတယ်၊ ပါးပါး ကိုယ်တိုင်လဲ ယောင်္ကျားလေး လိုချင်နေတာဆိုတော့။
သမီး ကို်ယ်ဝန် စ ရှိပြီဆိုတာကို သမီးမားမား ဆီးစစ် ပြီးဘသိရတာ မနက် အစောကြီး ၅ နာရီလောက်၊ မနက် အစောကြီးကို ပါးပါး မြန်မာ ပြည်ကို ဖုန်းတန်းဆက် ပြီး ပြောတာပဲ၊ သမီး မားမားတို့ မိသားစု မှာ သမီးက ပထမ ဆုံး မြေးဦးလေးဆိုတော့၊ သမီးရဲ့ ဖွားဖွား ဒေါ်ယုဝေ ဆီ အရင်ဆက်တယ်၊ ပြီးတော့ သမီး ရဲ့ ဖိုးဖိုးချွန်ဆီ ဆကိတယ်၊ အဲသည် အချိန် ဖွားဖွားစော က တရား စခန်းဝင်နေတော့ မပြောလိုက်ရဘူး။
သမီး ကိုယ်ဝန် ရပြီဆိုတာ နဲ့ မားမားကို KK women and children hospital ကို သွားပြတယ်၊ အဲဒီ မှာ ပထမ ဆုံး ကလေး မှာ ဖြစ်နိုင်တဲ့ သာလာစီးမီးယား ခေါ်တဲ့ သွေးရောဂါ ဖြစ်နိုင် မဖြစ်နိုင် ပါးပါး နဲ့မားမားကို သွေးစစစ်တယ်။ ပြီးတော့ သမီး မှာ down syndrome ပါမပါ စစ်မလားမေးတော့ ပါးပါးတို့လဲစစ်မယ်လို့ ပြောလိုက်တယ်။ အဲသည် down syndrome test  က သမီး ၁၂ ပတ် မှ စစ်ရတာ။ အဲသည် test စစ်တော့ ပါးပါးရော မားမားရော ချောချော မွေ့မွေ့မှ ဖြစ်ပမလားဆို ပြီး စိတ်တွေ ပူလိုက်ရတာ၊ အဲသည် လိုမျိုး စိတ်ပူတာက သမီး ညီမလေး အလှည့်ကျ မှ ပိုဆိုးတော့တာပဲ၊ အဲသည် အကြောင်းဂပူးပူး birthday ကြမှ ရေးတော့မယ်။ down syndrome test က ပထမ ဆုံး သမီး မားမားကို သွေးစစ်၊ ultrasound ရိုက်တယ်။ အဲသည် ultrasound မှာ သမီးလေးရဲ့ နှလုံးခုံသံကိ​ု ပါးပါးတို့ စကြားဖူးတာပဲ၊ စင်ကာပူက ဆေးရုံတွေကတော့ service ကောင်းတော့ အဲသည့် အသံကို မိဘ တွေ ကြားအောင် speaker အသံကို အကျယ်ကြီးဖွင့်ပေးတယ်။ အဲသည် test မှာ သမီးလေးရဲ့ နှာခေါင်းရိုးကို တိုင်းတာဆိုတော့ ၁၂ ပတ် အရွယ် သမီး လေးရဲ့မျက်နှာကိုလဲ စမြင်ဖူးတာပဲ၊ test result က ဖြစ်နိုင်ခြေ နဲ့ထွက်တာ၊ သမီး ရဲ့ result က ၁:၂၀၀၀ လောက်ရှိတယ်ထင်တယ်၊ လူ ၂၀၀၀ မှာ ၁ ယောက်ဖြစ်နိုင်ခြေ ပေါ့။ သမီး မှာ down syndrom မဖြစ်နိုင်ဘူးဆိုတာသိတော့ မှ ပါးပါးရောမားမားပါ သကါပြင်းချနိုင်တော့တာပဲ။
သမီးမားမားကကိုယ်ဝန် စ ရှိကတည်းက အန်လိုက်တာ၊ ရပ်ကို မရပ်ဘူး၊ ပထမ ၁ လ အတွင်း ဘာမှ စားမဝင်ဘူး။ အဲသည် အချိန် ပါးပါး က အလုပ်သွားနေရတော့ သမီးမားမားကို အိမ်မှာ တစ်ယောက်တည်းထားခဲ့ရတာ စိတ်ကိုမချဘူး။ သမီးမားမား က ဘာအနံ့မှ လဲ မခံနိုင်တော့ဘူး၊ အနံ့တခုခု ရတာနဲ့ တန်းအန်တော့တာပဲ၊ ပါးပါးလဲ အင်တာနက် ပေါ်က စာတွေ ဖတ်ပြီး နည်းမျိုးစံ​ု လုပ်ပေးတာပဲ၊ အန်တာ မူးတာ မော်တာ သက်သာအောင် foot reflexology ကို စာဖတ်ပြီး သမီးမားမားလို ခြေဖဝါးကို နှိပ်ပေးတယ်၊ အဲသည် အချိန် က စပြီး သမီးလေး မွေးပြီးတဲ့အထိကိ​ု တစ်ရက် မှ မပြတ်ဘူး၊ သမီး မားမား ခြေဖဝါးကို နှိပ်ပေးခဲ့ရတာ၊ သမီးမားမားလဲ နောက်ပိုင်း သက်သာလဲ ဇိမ်ခံချင်တယ် ထင်ပါတယ်။ ပါးပါးတို့ အိမ်နားက shopping mall က ဆိုင်မှာ သမီး မားမား တခါ သွား အနှိပ်ခံဖူးသေးတယ်၊ မိနစ် ၃၀ ကိ​ု ၃၅ ဒေါ်လာလား ပေးရတယ်၊ ပြန်လာတော့ပါးပါးနှိပ်တာလောက် မကောင်းဘူးဆိုပြီး ပါးပါးကို ညာခိုင်းတော့တာပဲ၊ အဲလိုနဲ့ ညတိုင်းနီးပါး ခြေဖဝါး နှိပ်ပေးလာတာ သမီးလေး မွေးတော့ ပါးပါး လက်မ မှာ အသားမာတောင် တက်နေတယ်။ သမီး ကိုယ်ဝန် ရတဲ့ အခေါက် မားမားက စင်ကာပူလာတဲ့အချိန် မြန်မာ ပြည် အပြီး ပြန်မယ်ဆိုတာ ဆုံးဖြတ်ပြီးပြီ၊ ဘယ်အချိန် ပြန်မလဲဆိုတာ မဆုံးဖြတ်ရသေးတာ၊ သမီးမားမား က စားမဝင် ၊ နေလို့မကောင်း၊ အိမ်မှာ တစ်ယောက်တည်း ထားခဲ့ရတော့ ပါးပါးလဲ မြန်မာပြည်ကို ကိုယ်ဝန် ၃ လလောက်မှာ အပြီးပြန်တော့မယ်လို့ ဆုံးဖြတ်ချက် ချဖြစ်သွားတယ်၊ ကိုယ်ဝန် က ၃ လကျော်မှ လေယဉ် စီးတာ၊ သွားတာလာတာ အဆင်ပြေတာကိုး။ အစ ကတော့ သမီးကို စင်ကာပူ မှာမွေးမလား စိတ်ကူးမိသေးတယ်၊ နောက်တော့ သမီးမားမား နေလို့မကောင်းဘဲ နဲ့ အိမ်မှာ တစ်ယောက်တည်း ဖြစ်နေတာကို ပါးပါးက မကြည့်ရက်လို့ပဲ။ ဒါနဲ့ သမီး ၃ လလောက်မှာ ပါးပါးတို့ မြန်မာ ပြည်ကို အပြီး ပြန်လာကြတယ်။
မြန်မာပြည် မပြန်ခင် သမီး အတွက် လိုတဲ့ ပစ္စည်း မှန်သမျှ စင်ကာပူကနေ အကုန်ဝယ်ခဲ့တယ်။ အဲသည်တုန်းကတော့ လိုမလို တောင် သေချာမသိပါဘူး။ kiddy palace ရောက်တာနဲ့ သိမ်းကြုံးဝယ်ဖြစ်တာပဲ၊ သမီး အတွက် babay cot လို ဟာမျိုးတောငိ ikea  က ဝယ်ပြီး မြန်မာပြည်အရောက်သယ်တယ်။ နို့ဗူးတွေ၊ နို့ဗူးပေါင်းစက်၊ သမီး လသားအရွယ် ခြေထောက်နဲ့ ကန်ဆော့လို့ရတဲ့ တွဲလောင်းချတဲ့ အရုပ်၊ ပခက် ထဲ အိပ်ရင်းနဲ့ ပခက်ဘေးမှာ ချိတ်ထားတဲ့ မီးလင်း၊ သီချငိးသံထွက်တဲ့ အရုပ်၊ ကပ်ခွာ ပါတဲ့ ကလေး အနှီး၊ တော်တော်စုံတယ်၊ သမီးမွေးလာပြီးတော့ မှ မသုံးဖြစ်တဲ့ ပစ္စည်းတွေကို တော်တော်များတယ်။
အဲဒီတုန်းက စင်ကာပူ မန္တလေး တိုက်ရိုက် လေယဉ် မရှိသေးဘူး၊ ရန်ကုန် မှာ နားတဲ့အချိန် ပါးပါးရော မားမာပါ အစားမှားပြီး အကြီးအကျယ် ဝမ်းလျောသေးတယ်၊ မားမား က သမီးကိုယ်ဝန် လွယ်ထားရတဲ့ အချိန်ဆိုတော့ ပိုစိုးရိမ်ရတာပေါ့၊ ရန်ကုန် က ရှင်ပါကူဆေးခန်းမှာ သမီးမားမားကို သွားပြရသေးတယ်။ ရန်ကုန် ကနေ မန္တလေး တန်းမပြန်ဘဲ အခု ပါးပါးကို ကုမ္ပဏီ မှတိပုံတင် ကိစ္စ ရှိလို့ဆိုပြီး နေပြညိတောိ ဝင်သေးတယ်။ နေပြည်တောိ မှာ တညအိပ်ပြီး အလုပ်ကိစ္စတွေ ပြီးတော့မှ မန္တလေး အိမ်ကို ပြန်ရောက်တယ်။
မန္တလေး ပြန်ရောက်ရောက်ခြင်း သမီး အတွက် OG အရင်ရှာရတာပဲ၊။ ဗဟို အမျိုးသမီးဆေးရုံက ပါမေက္ခ ဒေါက်တာ ဒေါ်ခင်ထားရီ နဲ့ အပ်ဖြစ်တယ်၊ တစ်လ တစ်ခါ ပုံမှန် ပြတယ်။ ကိုယ်ဝန် ရင့်လာတော့ တပတ်တခါ ပေါ့။ ကိုယ်ဝန်က သမီးလေးမှန်းသိတာက သမီး ၅ လ ကိုယ်ဝန်မှာ၊ 3D ultra sound ရိုက်ဖို့ မြို့တော် ဆေးရုံကို သွားရတယ်၊ အဲဒီတုန်းက မြို့တော် မှာပဲ 3D ultrasound ရှိတာ၊ ရိုက်ပြီးပြီးချငိး သမီးလေးမှန်းသိရတယ်၊ သမီးလ​ေးရဲ့ မျက်နှာလေးကို အဲဒီအချိန် စမြင်ဖူးတာပဲ။ ပါးပါးကတော့ ယောကျင်္ားလေးလို့ ထင်ထားပေမယ့် မိန်းကလေးလို့ သိလိုက်ရတော့လဲ ဘယ်လိုမှ မခံစားရပါဘူး။ ဒါပေမယ့် သမီးမားမားကို စပြီး ပြောလိုက်မိတော့ မားမားက မျက်ရည်ကျသေးတယ်၊ မားမား က နဂိုကမှ emotion များတဲ့လူဆိုတော့ ကို်ယ်ဝန် ရှိတဲ့အချိန်ပိုဆိူးတယိ၊ ပါးပါးကတော့ စာဖတ်ထားတော့ အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်တဲ့အချိန် ဟော်မုန်းပြောင်းတာကြောင့် mood swing ဖြစ်တယ်၊ emotion များတတ်တယ်ဆိုတာ သိထားတော့ မားမား ဆူဆူပူပူလုပ်တာ၊ ပြဿနာလုပ်တာတွေကို ပြန်မတုန့်ပြန်ဘဲ နားလည်ပေးပါတယ်။ ညအိပ်ချိန်တွေဆိုရင် သမီးမားမားရဲ့ ဗိုက်နားကပ်ပြီး ပါးပါးက သမီးကို စကားပြောပေးတယ်၊ ဗန်းမော်ဆရာတော်ကြီး ပဌန်းရွတ်တဲ့ အသံကိုလဲ MP3 player ထဲထည့်ပြီး မားမားဗိုက်ပေါ်မှာ တင်ပြီးဖွင့်ပေးတယ်။ တခါတလေ လဲ pregnancy music တွေ internet က download လုပ်ပြီးဖွင့်ပေးတယ်။ အဲလို ဖွင့်ပေးထားတဲ့အချိန် သမီးက ဗိုက်ထဲကနေ တခါတလေ လှုပ်ပြတယ်။ မားမားကတော့ ခြေဖဝါး အနှိပ်ခံ ပြီး ဇိမ်ကျပေါ့။
အဲဒါ နဲ့ သမီးလေး မွေးဖို့ရက် နီးလာတော့ OG ဆရာဝန် မကြီးက ရိုးရိုးမွေးမလား၊ ဗိုက်ခွဲမွေးမလား မေးတယ်။ ပါးပါးတို့လဲ ဗေဒင် မေးထားသေးတယ်။ သမီးကို မွေးမယ့်ရက် လိုချင်တာတပိုင်း၊ ရိုးရိုးမွေးရင် OG တွေ မလာတတိဘူးဆိုတာ သိထားတာရယ်ကြောင့် ခွဲမွေးမယ်လို့ပဲ ပြောလိုက်တယ်။ ခွဲမွေးမယ်ဆိုတော့ ဘယ်မှာ မွေးမလဲ တခါ စဉ်းစားရပြန်ရော၊ OG ဆရာဝန် မကြီးက ဆေးရုံးမှာ အကြီးဆူံးဆိုတော့ သူက ရုံးချိန်တွေဆို အပြင်ဆေးခန်းလိုက်မမွေးနိုင်ဘူး ပြောတယ်၊ ဒါနဲ့ပဲ ဗဟို အမျိုးသမီးဆေးရုံမှာ မွေးမယ်လို့ပဲ ဆုံးဖြတ်လိုက်ကြတယ်။ သမီးကို မွေးဖို့ ရည်ရွယ်ထားတာက မတ်လ ၂၃ သောကြာနေ့၊ ပါးပါးတို့ကို ၂၁ ရက် မနက် ကတည်းက လာပြီး ဆေးရုံတက်ဖို့ ပြောထားတယ်၊ သမီးမားမားက ၂၀ ရက် ညဦးပိုင်းက စပြီး ရေမွှာက ရေ နည်းနည်း စထွက်နေတော့တာပဲ။ အဲဒါနဲ့ ပါးပါးတို့လဲ မနက် ဆေးရုံတက်မှာ ပဲဆိုပြီး ဒီအတိုင်းနေလိုက်တယ်။ မနက်ရောက်တော့ သမီမားမားကိုတောင် မနက်စာ အုန်းထမင်းဂစားခိုင်းလိုက်သေးတယ်။ ဆေးရုံကို မနက် ၉ နာရီလောက်ရောက်တော့ ရေမွှာရေ ထွက်နေတာကို ဘာလို့တန်းမလာတာလဲဆိုပြီး ဆရာဝန် တွေက ပါးပါးတို့ကို ဆူရော၊  အဲဒါနဲ့ ပထမ ဆုံး သမီး နှလုံးခုန်မခုန် စက်နဲ့စမ်းတယ်။ ပထမ အကြိမ် စမ်းတော့ စက်ကပဲ ချို့ယွင်းတာလားမသိဘူး။ နှလုံးခုန်သံ မကြားရတော့ဘူး။ အဲဒီအချိန်မှာသမီး မားမားတော့ ဘယ်လိုနေတယ်မသိဘူး၊ ပါးပါးတော့ဂရင်ထဲမှာ ဆို့ပြီး မျကိရည် ဝဲတက်လာတာပဲ။ သေချာ ပြနိစမ်းတော့မှ နှလုံးခုန်သံ ပုံမှန် ပဲ ဆိုတာ သိရတယ်။ သမီးမားမားကို ချက်ခြင်း ခွဲမွေးဖို့ ပြင်ဆင်တော့တာပဲ။ အစိုးရ ဆေးရုံဆိုတော့ ခွဲခန်းထဲ လိုသမျှ ပစ္စည်း ဝယ်ပေးရတယ်။ ပါးပါးရယ်၊ သမီး ဦးလေး ဦးထွန်းထွန်းရယ်၊ ဆေးဆိုင် ပြေးလိုက်၊ ခွဲခန်းရှေ့ ပြန်လာလ်ုက် အ ခေါက်ခေါက် အခါခါပဲ။ ပါးပါး က ဆရာဝန်မကြီးကို ခွဲခန်းထဲ ဝင်ဖို့ခွင့်တောင်းသေးတယ်၊ အစိုးရ ဆေးရုံဖြစ်တာရော၊ ထုံးစံ မရှိတာရောကြောင့် ဝင်လို့မရခဲ့ဘူး။ သမီးမားမားကို မခွဲခင် မနက်စာ စားထာတဲ့ အစာတွေ ပြန်အန်ထွက်အောင် ပိုက်ထိုးပြီး အန်ခိုင်းတယ်ပြောတယ်။ မားမား ခမျာ တော်တော် ခံရခက်လိုက်သေးတယ်။ ခွဲခန်းထဲဝင် ပြီး နာရီဝက်လောက် ကြာရော၊ နာစ်တစ်ယောက် က မအေးအေးသိန်းရဲ့ အစောင့်ရှိရင် လာခဲ့ပါအုံးလို့ အော်ခေါ်တယ်။ ပါးပါးတို့ လဲ ဘာများဖြစ်သလဲလို့ ထူပူသွားတာပဲ။ အဲလောက်မြန်မယ်လဲ ထင်မထားဘူးလေ။ အဲဒီ မှာ အနှီးဖြူဖြူ လေးနဲ့ ထုပ်ထားတဲ့ သမီးလေးကို စတွေ့ရတာပဲ။ အနှီးဖြူးဖြူလေးနဲ့ ထုပ်ထားတဲ့ သမီးနီတာရဲ လေးက ပါးပါးအတွက်တော့ အချစ် အတုံးအခဲလေးပဲ။ သမီးကို ဖွားဖွား ဒေါ်ယုဝေ ကစချီတယ်၊ သမီးလေး ငိုနေတာကို ဖိုးဖိုး ဦးစောသိန်းက စွာမယ့်ပုံပဲလို့ ပြောပြီး သဘောကျနေတယ်။ ပါးပါး က စစချင်း မချီရဲသေးဘူး။ သမီးဖွားဖွားကပဲ ချီထားတယ်။ ပြီးတော့ အောက်စီဂျင် ပေးရမယ်ဆိုလို့ သမီးလေးကို ကလေး အဆောင်ကို ခေါ်သွားတယ်။ မားမားကတော့ ခွဲခန်းထဲမှာပဲ။ ဆေးရုံမှာ သီးသန့်ခန်း တော့ရတယ်။ ဒါပေမယ့် ဆရာဝန် မကြီးက ခွဲပြီးပြီးချင်း ဆရာဝန် တွေ အမြဲရှိတဲ့ဂလူနာဆောင် မှာပဲထားပါဆိုလို့ မားမားကို ခွဲခန်းထဲက ထွက်လာတော့ လူနာဆောင်ကို ခေါ်သွားရတယ်။ မားမား လူနာဆောင် က ကုတင် ပေါ် ရောက်ပြီး ခဏနေ တော့ သမ​ီးလေးကို အောက်စီဂျင် ပေးတဲ့နေရာကနေ မားမားဆီ ခေါ်လာတယ်။ သမီး မားမားက ခွဲခန်းထဲက ထွက်ထွက်ချင်း မေ့ဆေး မပျယ့်တပျယ် အချိန် သမီးကို ကြည့်ပါအုံးပြောတော့ ကလေး က အသားဖြူရဲ့လားတဲ့၊ အဲလိုတန်းမေးတယ်။ သမီးကို မားမားဗိုက်ပေါ်တင်လိုက်တာနဲ့ သမီးလေးက နို့ကို ရှာပြီးစို့တော့တာပဲ။ အဲဒီအချိန် သမီး ဖွားဖွားစော လဲ ရောက်နေပြီ။ သမီးလေးနို့ရှာစို့တာကို ကြည့်နေတဲ့ လူတွေအားလူံး သဘောကျနေကြတယ်။ အမျိုးသမီးဆေးရုံဆိုတော့ နေရာ သိပ်အဆင်မပြေတာက လွဲရင် ဆရာဝန် တွေ အားလုံးက ဂရုစိုက်ကြပါတယ်။ အဲဒီ လူနာဆောင်က ည​နေ ဆိုတာ နဲ့ခြင်တွေ ခဲနေတာပဲ။ ညအိပ်ချိန်ရောက်တော့ ပါးပါးက အဆောင်ထဲ ဝင်လို့မရတော့ဘူး။ ဖွားဖွား ဒေါ်ယုဝေရယ်၊ ဖွားလေး အန်တီတူးရယ် စောင့်အိပ်ပေးတယ်။ အိပ်တယ်ဆိုပေမယ့် နေရာ မရှိတော့ တညလုံး ထိုင်နေရတာပါပဲ။ ပါးပါးက အပြင်ဘက် ကနေ ခဏ ခဏ လာကြည့်တယ်​။ နောက်ရက် နေ့လည်လောက် ကြမှ မားမားအတွက် ယူထားတဲ့ အခန်းကို ရွှေ့လ်ု့ရတယ်။ အဲဒီအခန်းက အဆောငိရဲ့ ဒုတိယထပ်မှာ၊ ဓာတ်လှေကားမရှိတော့ မားမားကို အလုပ်သမားတွေ ဝိုင်းမ ပြီး တင်ရတယ်။ သမီးမားမားက သားဦးမိုလို့ ထင်တယ်၊ နို့က ချက်ချင်း မထွက်ဘူး။ သမီးလေးက လဲ နို့ဆာလို့ထင်တယ်​၊ ငိုနေတာပဲ။ ပါးပါးက နို့မှုန့်တိုက်ချင်ပေမယ်​့ ဆရာဝန် မကြီးက မတိုက်ခိုင်းဘူး။ နောက်မှ သိရတာ မွေးခါစ ကလေးတွေက တပတ်လောက်အထိ ဘာ အစာမှ မဝင်လဲ ဘာမှ မဖြစ်ဘူးတဲ့။ သမီးအတွက် အသင့်ဝယ်ထားတဲ့ နို့မှုန့်ကို ခိုးတိုက်သေးတယ်။ နို့ဘူးပေါင်းစက် နဲ့ နို့ဗူးကိုပေါင်း၊ ရေနွေးကို ပွက်ပွက်ဆူအောင်တည်၊ ပါးပါးကိုယ်တိုင်လဲ လက်အိပ်စွပ်ပြီးဖျော်တယ်။ ပါးပါး အစ်ကိုကြီးက ပါးပါးကို အဲလိုတွေ လုပ်လို့ဆိုပြီး ရီသေးတယ်။
သမီး မွေးပြီး ၂ ရက်လောက်နေတော့ အသားဝါတယ်ဆိုပြီး မီးပြဖို့ လုပ်ရပြန်ရော။ သမီးလေးရဲ့ မျက်လုံးကိုကာဖို့ မယအဝတ်စ သေးသေးလေးကို မျက်မှန်ပုံစံလေးလုပ်ထားပေးတယ်။ အဲဒါလေး ဝတ်လိုက်တဲ့ပုံက ချစ်စရာ ကောင်းလွန်းလို့ အဲဒီ အဝတ်စ မျက်မှန်လေး ခုထိ သိမ်းထားသေးတယ်။ သမီးက မီးပြ တဲ့နေရာ ရောက်လို့ အထဲကိုချလိုက်တာနဲ့ ငိုတော့တာပဲ။ ပြန်ချီလိုက်ရင် အငိုတိတ်သွားပြန်ရော။ သမီး ခြေဖနောင့်သေး သေး လေးကနေ လဲ သွေး ၂ ခါလောက်ဖောက်ရတယ်။ ဆေးရုံမှာ ၅ ရက်လောက် ကြာတယ်ထင်တာပဲ။
အိမ်ပြန်ရောက်တော့ နေ့ခင်းဆိုရင် သမီးက ပါးခက်လေးထဲမှာအိပ်တယ်။ ညဆိုရင်တော့ မားမားဘေးနားမှာပေါ့။ ပါးပါးတို့အတွက် ပထမဆုံးအတွေ့အကြုံမိုလို့ထင်တယ်။ အနှီးကို သေသေချာချာ မထုတ်တပ်တာလဲပါမှာပေါ့။ သမီးက ညကို ၃ ၄ ခါလောက်နိုးတယ်၊ ပြန်ချီပြီး လမ်းလျောက် သိပ်မှ ပြန်အိပ်ပျော်တယ်။ ပြီးတော့ သမီးက နို့ဘူးကို ပဲ ကြိုက်တယ်။ မားမားနို့ကို သိပ်မစို့ဘူး။ အဲဒါကြောင့် ၈ လလောက်နဲ့ နို့ပြတ်တာပေါ့။ သမီး ၂ နှစ်လောက်အထိ ည ငိုရင် ထချီ၊ နို့ဘူးဖျော်၊ နို့တိုက် က ပါးပါးပဲ လုပ်ခဲ့တာ။ မားမားက ဗိုက်ခွဲထားတော့ အထိုင်အထ မလွယ်ဘူးလေ။ သမီး ၆ လလောက်ထင်တယ်၊ အိပ်ရင်း ကုတင်ပေါ်က ပြုတ်ကျလို့ ပါးပါးတို့ ကုတင်နဲ့ မအိပ်တော့တာ အခုထိပဲ။ သမီး စကားစပြောတော့ နို့ဘူးတောင်းတာကို ထူးထူးဆန်းဆန်း ကြီးကျဲ့ပါ လ်ု့ပြောတယ်။ သမီး ၃ နှစ်ခွဲ နို့မပြတ်ခင်အထိ ည အိပ်ရင်းနဲ့နို့ဘူးတောင်းရင် ကြီးကျဲ့ပါ လို့ပဲ ပြောတယ်။ သမီး မွေးစကနေ ၃ နှစ်ခွဲ အထိ သောက်ခဲ့တဲ့ နို့မှုန့်ဘူးတွေ မနည်းမနောဘဲ။မားမားက စာရင်းမှတ်ထားတော့ ကားတစ်စီးစာဖိုးလောက် ရှိတယ် ပြောတယ်။
သမီးကို ပူကြူးကြူးလေးလို့ ပါးပါးက မွေးကတည်းက စခေါ်တာ။ အဲဒါနဲ့ အိမ်က သူတွေကလဲ သမီးကို ပူကြူး၊ ကြူးကြူး၊ ပူကြူးမလေး  ဆိုပြီး ခေါ်ကြရော။ သမီးစကားစပြောတော့ ကိုယ့်ဘာကို ကြူးကြူးကလေလို့ ပြောတယ်။ နောက်ပိုင်းမှ သမီးကို ပါးပါးက ဝင့်အိ​ြန္ဒာ ၊ အိ​ြန္ဒာ လို့ ပြောင်းခေါ်တယ်။  သမီးကတော့ ခုထိ ကိုယ့်ကိုယ်ကို ကြူးကြူးလို့ သုံးနေတုန်းပဲ။
သမီးလေး က  မိသားစု ရဲ့ မြေးဦးလေးဆိုတော့ အားလုံးရဲ့ အချစ်တောိလေး၊ အချစ်ဦးလေး အဖြစ် ကြီးလာခဲ့တာ။ ပါးပါး ဆို သမီး ညီမလေး ပူးပူး ကိုယ်ဝန်ရတော့ကို စိတ်ထဲစဖြစ်တာက သမီးလေး တော့ သနားပါတယ်ဆိုပြီးဖြစ်မိတာ။ဒါပေမယ့် ပါးပါးရော မားမားရော ညီမလေး ရလာတဲ့အချိန်လဲ သမီးကို ဂရုစိုက်တော့ သမီးလေးလဲ ညီမလေးကို ချစ်တတ်တယ်။ အားလုံးရဲ့ အချစ်တွေကို ရခဲ့တဲ့သမီးလေးက အခြားသူတွေကို ချစ်တတ်တာ ပေါ့။
သမီး အတွက် မွေးနေ့ အမှတ်တရ၊ ကိုယ်ဝန် ရှိတဲ့ အချိနိကနေ မွေးလာတဲ့ အချိန်ထိ သမီး မြန်မာစာ ကောင်းကောင်းဖတ်တတ်တဲ့အချိန် ဖတ်လို့ရအောင်ရေးချထားလိုက်တာ။ ပါးပါး က စာရေးတာဝါသနာ ပါတော့ သမီး မားမားဗိုက်ထဲမှာကတည်းက ချရေးထားတာတွေလဲ ရှိတယ်။
သမီး အခု ၇ နှစ်ပြည့်မွေးနေ့ကစလို့ ကျန်းကျန်းမာမာ ပျော်ပျော်ရွင်ရွှင် နဲ့ ကြီးပြင်းနိုင်ပါစေ။ လူတဖက်သားအပေါ် ကိုယ်ချင်းစာတရား ထားနိုင်ပါစေ။ ကိုယ့်ထက်သာသူ အပေါ်မုဒိတာ ပွားနိုင်ပြီး ကိုယ့်ထက် နိမ့်ကျသူကို ဂရုဏာထားနိုင်ပါစေ။
သမီးကို ချစ်တဲ့ ပါးပါး။

Monday, April 6, 2015

I'd like to add you to my professional network on LinkedIn

 
Ye Min Win would like to stay in touch on LinkedIn.
Ye Min Win
Ye Min Win
--
Myanmar
I'd like to add you to my professional network on LinkedIn.
- Ye Min
Confirm that you know Ye Min
You received an invitation to connect. LinkedIn will use your email address to make suggestions to our members in features like People You May Know. Unsubscribe
Learn why we included this.
If you need assistance or have questions, please contact LinkedIn Customer Service.
© 2015, LinkedIn Corporation. 2029 Stierlin Ct. Mountain View, CA 94043, USA